နေခြည်ဦးရဲ့ အသက် ၂၇ နှစ်ပြည့် မွေးနေ့လေးကတော့ ထူးထူးခြားခြားလေးပါပဲ။ အလှူအတန်းတွေ၊ ပျော်စရာမွေးနေ့ ပါတီအပြင် ချစ်ရတဲ့ ချစ်သူကလည်း ပျော်စရာ မွေးနေ့ Surprise လေး ဖန်တီးပေးခဲ့ပါတယ်။

ချီချီတို့နှစ်ဦးက မွေးနေ့မှာ အင်းလေးကို ရောက်ရှိနေခဲ့တာဖြစ်ပြီး မွေးနေ့မှာတော့ ချစ်သူဖြစ်သူက Surprise လုပ်ခဲ့တာပါ။ “အလိုချင်ဆုံး မွေးနေ့လက်ဆောင်လေးကို  တစ်ပတ်လောက်အလိုမှာ ဝယ်လို့မရဘူးပြောပြီး

စိတ်ညစ်အောင် ထားထားတယ်။ မွေးနေ့မနက်မှာ Surprise ဆိုပြီး အင်းလေးအထိ တိတ်တိတ်လေး သယ်လာပေးတယ်။ ကိတ်မုန့်လည်း ကျွေးတယ် ပန်းစည်းလည်းပေးတယ်။ ကြည်နူးရပါတယ် အဖိုးကြီးရယ်” ဆိုပြီး သူမရဲ့ လူမှုကွန်ယက်အကောင့်မှာ ရေးသားထားခဲ့တာပါ။

အရမ်းကို စိတ်ကူးယဉ်ဆန်တဲ့ ချစ်သူကို ရရှိပိုင်ဆိုင်ထားတဲ့ ချီချီပါပဲ။ နေ့ခြည့်ချစ်သူ လက်ဆောင်ပေးတဲ့ အိတ်ကတော့ Hermes ရဲ့ Birkin Bag Collection ထဲက ဖြစ်ပြီးတော့ ပျှမ်းမျှ သိန်း (၃၀၀) ဝန်းကျင်ရှိနိုင်တဲ့ အိတ်ပါ။ အကြိုက်ဆုံး အိတ်လေးကို မွေးနေ့လက်ဆောင်အဖြစ်ရရှိလိုက်တဲ့ ချီချီကတော့ အရမ်းကို ပျော်နေမှာ သေချာပါတယ်။

သူတို့ချစ်သူနှစ်ဦးက မကြာသေးခင်ကပဲ လမ်းခွဲခဲ့ကြပြီးမှ အခုလို ပြန်လည်အဆင်ပြေပြီး ပျော်ရွှင်နေကြတာပဲ ဖြစ်ပါတယ်။ အခုလို ပြန်လည်ပျော်ရွှင်နေကြတဲ့ စုံတွဲလေးကို ကြည့်ပြီး ချီချီကို ချစ်တဲ့ ချီလီတွေလည်း အားလုံး ဝမ်းသာနေကြမယ်ထင်ပါတယ်။

ချီချီရဲ့ ချစ်သူနဲ့ အတူ ကြည်နူးနေတဲ့ပုံရိပ်လေးတွေကိုလည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Photos- Nay Chi Oo