လူသားတိုင်းဟာ လှပတဲ့ဆံ​ကေသာ​တွေနဲ့ ​မွေးဖွားလာရတာ မဟုတ်​ပါဘူး။ ဒါ​ပေမဲ့လည်း ကိုယ်​ပိုင်​ဟန်​နဲ့ ဆံ​ကေသာထိန်းသိမ်းရာမှာ မိန်းက​လေးတို့အတွက်​ ဆံပင်​​ကောင်း​သော​နေ့က​လေးများ ​ပေါ်​ပေါက်​လာရတာ​ပေါ့။ ​နေ​ရောင်​ခြည်​ဒဏ်​၊ အညစ်​အ​ကြေး နဲ့ ဖုန်​မှုန့်​​တွေ ​ဗောက်​​တွေက အလှအပ မက်​​မောသူတို့အတွက်​ ​ခြောက်​ခြားမှုကြီး တစ်​ရပ်​ဖြစ်​လာ​စေတယ်​။

အဲ့လိုကိစ္စ​တွေမဖြစ်​ရဘဲ ပြီးပြည့်​စုံတဲ့ ဆံ​ကေသာ​တွေ ပိုင်​ဆိုင်​ရ​စေဖို့ နည်းလမ်း​ကောင်း​တွေ ​ဝေမျှပါရ​စေ​နော်​။

စား​သောက်​​နေထိုင်​မှုစနစ်

Source: purelyinspired.com

ဆံနွယ်​​လေး​တွေကို နက်​​မှောင်​သန်​စွမ်း​စေချင်​ရင်​​တော့ ကျန်းမာ​ရေးနဲ့ ညီညွတ်​ တဲ့ စား​သောက်​မှုပုံစံ​တွေ လိုတာ​ပေါ့​နော်​။ ​ခြောက်​​သွေ့လွယ်​တဲ့ ဆံ​ကေသာပိုင်​ရှင်​​တွေက​တော့ လတ်​ဆတ်​တဲ့ အသီးအရွက်​၊ ဆန်​လုံးညို၊ ငှက်​​ပျောသီး၊ ​မြေပဲ နဲ့ Vitamin E ပါဝင်​တဲ့ ​ဆေး​တွေကို စားသုံး​ပေးသင့်​တယ်​​နော်​။ အဆီပြန်​တတ်​တဲ့ ဆံနွယ်​ရှင်​​တွေက​တော့ အစိမ်း​ရောင်​ အသီးအရွက်​၊ ဒိန်​ချဉ်​၊ အသုပ်​ နဲ့ လတ်​ဆတ်​တဲ့ သစ်​သီးသစ်​ဖု​တွေ သုံး​ဆောင်​သင့်​ပါတယ်​။

Source: FashionBuzzer.com

နောက်​တစ်​ချက်​​အ​နေနဲ့က​တော့ ဆံ​နွယ်​ ​ပျော့​ပျောင်းနူးညံ့​စေဖို့ ကူညီ​ပေးမယ့်​ သူရဲ​ကောင်း ​လေး​တွေ နဲ့ မိတ်​ဆက်​​ပေးပါမယ်​​နော်​။

ကြက်​ဥက​တော့ အ​ကောင်းမွန်​ဆုံး Conditioner ​လေးပါ​နော်​။ ကြက်​ဥအနှစ်​မှာဆိုရင်​ဖြင့်​ ဦး​ရေပြားကို အစိုဓာတ်​​ပေးစွမ်းနိုင်​တဲ့ ပရိုတင်းဓာတ်​​တွေပါဝင်​ပါတယ်​။ ကြက်​ဥအကာက​တော့ ဦး​ရေပြားက အဆီ​တွေကို ဖယ်​ရှား​ပေးပါတယ်​ရှင်​။

လီမွန်​ ​ဖျော်​ရည်​ နဲ့ သံလွင်​ဆီ

Source: StylePresso

အကယ်​၍ ရာသီဥတု ကြမ်းတမ်းတဲ့ ​ဒေသ​တွေမှာဆိုရင်​​တော့ ​ခေါင်း ယားယံတာ​တွေ ဖြစ်​​စေနိုင်​ပါတယ်​။ ဒါကို ကာကွယ်​ ဖို့အတွက်​ လီမွန်​ ​ဖျော်​ရည်​ ၂ ဇွန်းစာနှင့်​ သံလွင်​ဆီ ကို​ရော​မွှေ​ပြီး ​ရေနဲ့ပါ ထပ်​​ဖျော်​​ပေးလိုက်​ပါ။ ပြီးရင်​​တော့ ဦး​ရေပြား​ပေါ်မှာ မိနစ်​ ၂၀ ခန့်​ ထားပြီး ရိုးရိုး ​ရေနဲ့​ဆေး​ပေးလိုက်​ပါ​နော်

ပျားရည်​ နဲ့ သံလွင်​ဆီ

Source: greenchildmagazine.com

နေ​လောင်​ဒဏ်​​ကြောင့်​ ဆံ​ကေသာ ပျက်​စီး​နေရင်​​တော့ ပျားရည်​ ကို ခွက်​တစ်​ဝက်​ခန့်​ထည့်​ပြီး သံလွင်​ဆီ ၂ဇွန်း ထည့်​ပြီး အ​ပေါ်ကလိုပဲ မိနစ်​ ၂၀ ခန့်​ထား​ပေး​နော်​။

ရှား​စောင်းလက်​ပတ်

ဆံပင်​ပါးပြီး ​ပြောင်​လာခြင်း​တွေရဲ့ ခြိမ်း​ခြောက်​မှု​တွေအတွက်​ ရှား​စောင်းလက်​ပတ်​က အ​ကောင်းဆုံး လက်​တွဲ​ဖော်​ ပါပဲ​ရှင်​…..ရှား​စောင်းလက်​ပတ်​ gel ယူပြီး Lemon ​ဖျော်​ရည်​ နဲ့​ရော ပြီးရင်​ အုန်း​ဆီ နှစ်​ဇွန်းစာနဲ့ ​သေချာ​မွှေပြီး​တော့ ဦး​ရေပြား​ပေါ်မှာ မိနစ်​ ၂၀ ခန့်​ နှိပ်​နယ်​​ပေးပြီး ရိုးရိုး​ရေနဲ့ ​လျှော်​​ပေးလို့ရပါတယ်​။

ပရိသတ်​ကြီးတို့အတွက်​ ​ပြောပြခဲ့တဲ့ သဘာဝနည်းလမ်း​ကောင်းများကို အသုံးပြုပြီး နက်​​မှောင်​သန်​စွမ်းပြီး ကျန်းမာတဲ့ ဆံ​ကေသာအလှပိုင်​ရှင်​​လေး​တွေ ဖြစ်​လာကြမှာပါ​နော်​။ (ဓာတုပစ္စည်း​တွေ လုံးဝမပါဘူး​နော်​)