နွေရာသီမှာ ကမ်းခြေတွေသွားပြီး အပန်ဖြေလေ့ရှိကြပေမယ့် အများစုက အသားအရေ နေလောင်တာတွေ ဖြစ်ကြလို့ စိတ်ညစ်ကြပါတယ်။ အသားအရေ နေလောင်ပြီဆိုရင်တော့ နေလောင်ဒဏ်တွေဖြစ်လာမှာမလွဲပါပဲ။ ဒီလိုအသားအရေဆိုင်ရာ ပြဿနာတွေဟာ နွေရာသီမှာ မဖိတ်ခေါ်ဘဲ ရောက်လာတတ်တဲ့ ဧည့်သည်တွေပါ။

နောက်ထပ် ကြုံတွေ့ရတတ်တာကတော့ နေလောင်ထားလို့ အသားအရေ ညိုညိုလေး ဖြစ်စေတာပါ။ ဒီလိုဖြစ်တာဟာ နွေရာသီ အားလပ်ရက်ကိုအပြည့်အဝ ပျော်ရွှင်မှု မပေးနိုင်ပါဘူး။ သင့်ရဲ့ နွေရာသီအားလပ်ရက်မှာ အလန်းဆုံးနဲ့ အပြည့်အဝ ပျော်ရွှင်နိုင်စေဖို့ နေလောင်ထားတဲ့အသားအရေတွေ နဲ့ နေလောင်ဒဏ်တွေကို ကုသပေးနိုင်မယ့် နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။

ရေအေးအေးနဲ့ရေချိုးပါ

အသားအရေ နေလောင်သွားရင် အသားကို နီလာစေတာတင်မက အသားကိုပါ ရောင်ရမ်းလာစေပါတယ်။ ဒါ့ကြောင့် ရေအေးအေးနဲ့ ရေချိုးတာမျိုးလုပ်ပေးရင် အသားအရေ ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။

ရေခဲကပ်လိုက်ပါ

ရေခဲတုံးအနည်းငယ်ကို တဘက်အသန့်တစ်ထည်ထဲမှာ ထည့်ပေးပြီး နေလောင်ထားတဲ့ နေရာမှာ ခပ်ဖွဖွလေး အုပ်ပေးထားပါ။ (၅) မိနစ်လောက်ထားလိုက်ပါ။ လိုအပ်သလို တစ်နေ့ကို (၂)ကြိမ် (၃) ကြိမ်လုပ်ပေးနိုင်ပါတယ်။

Body Lotion လိမ်းပေးပါ

နေရောင်ခြည် မှာပါတဲ့ UV နဲ့ နာရီအနည်းငယ် ထိတွေ့လိုက်တာနဲ့ အသားအရေ နေလောင်နိုင်ပါတယ်။ ဒါ့ကြောင့် အနည်းဆုံး SPF 30 ပါဝင်တဲ့ Suncreen (သို့) Body Lotion ကို သင့်ခန္ဓာကိုယ် အနှံ့လိမ်းပေးပါ။

လုံလုံခြုံခြုံဝတ်ပါ

အသားအရေ နေမလောင်အောင် အဝတ်အစားကို သေချာလုံလုံခြုံခြူံဝတ်တာမျိုး၊ ထီး၊ ဦးထုပ်ဆောင်းတာမျိုးကို လုပ်ပေးပါ။ ချည်ထည်အဝတ်အစားတွေဝတ်ပေးမယ်ဆိုရင်လည်း နေရောင်ခြည်ကြောင့် အသားအရေ ဆက်ပြီးပျက်စီးမှာကို ကာကွယ်ပေးပါတယ်။

ရေသောက်ပါ

ရေဓာတ်ခမ်းခြောက်တာဟာ အသားအရေကို ပိုပြီးပျက်စီးစေပါတယ်။ နေလောင်ထားရင် အသားအရေ ပိုပြီးခြောက်စေပါတယ်။ ဒါ့ကြောင့် ရေဓာတ်ဖြည့်တင်းဖို့ ရေများများသောက်လိုက်ပါ။

Vaseline Aloe Soothe Body Lotion

အသားအရေ ခြောက်သွေ့ခြင်းနဲ့ နေလောင်ထားတဲ့ အသားအရေအတွက် Vaseline Aloe Soothe Body Lotion ကိုအသုံးပြုဖို့ အကြံပြုချင်ပါတယ်။ သန့်စင်တဲ့ သဘာဝရှားစောင်းလက်ပတ်အဆီအနှစ်တွေနဲ့ Stratys 3TM တို့ ပေါင်းစပ်ပါဝင်တဲ့အတွက် အသားအရေကို အတွင်းပိုင်းအထိ (၃) ဆပိုမို ကျန်းမာစိုပြည်ဝင်ပစေနိုင်ပါတယ်။ အရေပြားအတွင်းစိမ့်ဝင်မှုမြန်ပြီး စေးကပ်ခြင်းမရှိပါဘူး။ ခြောက်သွေ့တဲ့ အသားအရေတွေနဲ့ နေလောင်ဒဏ်ခံထားရတဲ့ အသားအရေတွေအတွက် အထူးသင့်လျော်ပါတယ်။