မိန်းကလေးတစ်ယောက်က ဘာမှမလိမ်းခြယ်ထားရင်တောင် နှုတ်ခမ်းလေးကဖူးပြီး အနီရောင်လေးသန်းနေမယ်ဆို ကြည့်လို့အတော်ကောင်းပါတယ်။ နှုတ်ခမ်းနီဖျော့တာလေးတွေလည်းဆိုးရအဆင်ပြေတာပေါ့။

မဲညစ်နေတဲ့နှုတ်ခမ်းသားလေးတွေကို နှင်းဆီဖူးရောင်ပြောင်းဖို့က ထင်ထားတာထက်ပိုလွယ်ပါတယ်။ စာထဲမှာပါတဲ့အတိုင်းပုံမှန်လေးလုပ်ပေးရင်ပဲရပါပြီ။

၁။ ဘယ်ရီသီး

Source: Pinterest

ဘယ်ရီသီး (သို့) စတော်ဘယ်ရီသီးကို ပျားရည်၊ လျှားဇောင်းလတ်ပတ်ဂျယ်လ်တို့နဲ့ရောပြီး ဆယ်မိနစ်လောက်နှုတ်ခမ်းပေါ်တင်ပေးလိုက်ပါ။ ပြီးရင်တော့ရေဆေးချလို့ရပါပြီ။ နေ့တိုင်းပုံမှန်ပြုလုပ်ပေးဖို့တော့ လိုပါမယ်။

၂။ သွားတိုက်တံ

Source: Pinterest

သွားတိုက်တံလေးနဲ့ နှုတ်ခမ်းကို (၁၀) မိနစ်လောက်နေ့တိုင်းပုံမှန်ပွတ်ပေးခြင်းဖြင့်လည်း ဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။

၃။ မက်မွန်ဆီ

Source: Pintrest

မက်မွန်သီးဆီနဲ့ သံပရာရည်ကိုရောပြီး နှုတ်ခမ်းပေါ်လိမ်းပြီး ညအိပ်ရာဝင်လိုက်ပါ။ မနက်မိုးလင်းမှရေဆေးချပေးပါ။ မဲနေတဲ့နှုတ်ခမ်းသားလေးအရောင်လျော့သွားတာကို တွေ့ရပါလိမ့်မယ်။

၎။ မိတ်ကပ်ဖျက်ပေးပါ

Source: Pinterest

မိတ်ကပ်ဖျက်တဲ့အခါ နှုတ်ခမ်းနီတွေပါ ဖျက်ဖို့မမေ့ပါနဲ့။ နှုတ်ခမ်းနီတွေက မျက်နှာသစ်ရုံလောက်နဲ့မလုံလောက်တာမို့ သေချာဖျက်ပေးပါ။

၅။ သကြား

Source: Pinterest

သကြားနဲ့ သံလွင်ဆီကိုရောပြီး နှုတ်ခမ်းမှာ (၁၅) မိနစ်လောက် နေ့စဉ်ပုံမှန်ပွတ်ပေးပါ။

၆။ သံပရာရည်

Source: Women’s Health

အားလုံးသိကြတဲ့အတိုင်းပဲ အက်ဆစ်ဓာတ်ပါဝင်တဲ့ သံပရာရည်က နှုတ်ခမ်းပေါ်ကဆဲလ်သေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့်ညအိပ်ယာမဝင်မှာ နှုတ်ခမ်းကို သံပရာရည်လေးဆွတ်ပြီးမှအိပ်ပါ။ မနက်မိုးလင်းမျက်နှာသစ်မှ တစ်ခါတည်းရေဆေးချလိုက်ပါ။

Featured image source: Rhulsean in Beauty