မင်္ဂလာပါ MyStyle Myanmar ပရိတ်သတ်တို့ရေ။ ဆံပင်ကောက်ထားတဲ့ မိန်းကလေးတွေက နန်းဆန်သလို အရမ်းလှပါတယ်။ ဆံသားလေးက ကျန်းမာပြီး ကောက်သားလေးလှတာက ကြည့်ရတာလှလွန်းပါတယ်။ ဆံပင်ကောက်ထားတဲ့မိန်းကလေးတွေမှာ လှပေမယ့် အကုန်အကျလည်း များပါတယ်။

ဆံပင်ကောက်ထားလို့ အကောက်ထိန်းဖို့ Curl Cream တွေဝယ်ရတယ်။ ကောက်ထားရုံနဲ့ မပြီးပါဘူး။ ဆံပင်အကောက်ထိန်းဆေးတွေမှာ အယ်လ်ကိုဟောနဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ကိုယ့်အိမ်မှာပဲ သဘာဝပစ္စည်းတွေနဲ့ အကောက်ထိန်းနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ အကုန်အကျသက်သာတဲ့အပြင် ဆံပင်ပျက်စီးသက်သာစေပါတယ်။

ပါဝင်ပစ္စည်းတွေကတော့

Source: Blackdoctor

  1. ရှားစောင်းလတ်ပတ် ၂ ဇွန်း
  2. အုန်းဆီ ၂ ဇွန်း
  3. Shea Butter ၂ ဇွန်း
  • ရှားစောင်းလတ်ပတ်က ဆံသားကို အစိုဓာတ်ပေးပါတယ်။ ဆံသားပျက်စီးတာကိုလည်း ပြန်ထိန်းသိမ်းပေးပါတယ်။
  • အုန်းဆီက ခြောက်သွေ့တဲ့ဆံပင်ကို ပြန်ကောင်းမွန်စေပါတယ်။ အဆိပ်ထုတ်ပေးပါတယ်။
  • Shea Butter ကတော့ ဆံသားတောက်ပစေပါတယ်။

Source: Naturally Curly

အသုံးပြုနည်း

  1. ခွက်တစ်ခွက်ထဲမှာ ပါဝင်ပစ္စည်းတွေကို ရောလိုက်ပါ။
  2. ခေါင်းလျော်ပြီးတဲ့ဆံပင်ကို ဆံသားအလယ်လောက်ကစပြီး အဆုံးထိလိမ်းပါ။
  3. လိမ်းနေတဲ့အချိန်မှာ အကောက်လေးတွေပေါ်နေအောင် ဆံပင်ကို လိမ်ပေးပါ။
  4. ပြီးတာနဲ့ Hair Dryer ဒါမှမဟုတ် ရိုးရိုးအခြောက်ခံပါ။

ဒီ DIY Cream ကို ခေါင်းလျှော်ပြီးတဲ့အချိန်တိုင်း အသုံးပြုနိုင်ပါတယ်။

By MyStyle Myanmar