ပျိုမေတို့ အားလုံးပဲမင်္ဂလာပါနော်။ ပျိုမေတို့ထဲမှာ မျက်ရစ်သိပ်မပေါ်တဲ့သူတွေ၊ မျက်လုံးမှေးမှေးလေးနဲ့ ချစ်စရာကောင်းသူတွေရှိကြလားရှင့်။

သူတို့လေးတွေအတွက် ဒီတခါမှာတော့ အရမ်းလည်းချစ်စရာကောင်းပြီး သဘာဝကျတဲ့ မိတ်ကပ်ပြင်ဆင်မှုကို မျှဝေပေးချင်ပါတယ်။

အရင်ဆုံးမျက်နှာကို Moisturizer, Primer, Foundation စတာတွေကို လိမ်းလိုက်ပါ။ တစ်ခုချင်းစီကို တစ်ခါခြင်းလိမ်းပြီး သေချာ Blend လုပ်ပေးရပါမယ်။

မျက်တွင်းညိုနေတာတွေနဲ့ သင့်မျက်နှာပေါ်က အမည်းစက်တွေကို Concealer နဲ့ သေချာဖုံးလိုက်ပါ။

မျက်ရစ်မရှိတာမို့ Eyelid Tape အခုလိုမျိုး တပ်ပေးလိုက်ပါ။ ပြီးရင်အပေါ်ကနေ Concealer နည်းနည်းလိမ်းပေးပြီး အညိုဖျော့ရောင် Eyeshadow လေးကို ခပ်ပါးပါးလေး ဆိုးပေးလိုက်ပါ။

ပြီးရင်တော့ မျက်ရစ်အလည်ကနေ Eyeliner ဆွဲပေးလိုက်ပါမယ်။

မျက်တောင်အတုတပ်ပြီး မျက်တောင်ကော့ပေးလိုက်ပါ။

ပြီးရင်တော့ မျက်ခုံးမွှေး ဆွဲပေးလိုက်ပါ။ မျက်လုံးအောက်နားမှာ အရောင်နည်းနည်းလင်းတဲ့ Eyeshadow ကို ခပ်ပါးပါးလေး ဆိုးပေးလိုက်ပါ။

နှာတံဖော်လိုက်ပါ။ ပြီးရင်တော့ သဘာဝကျတဲ့ ပါးနီလေးနဲ့ ရယ် Bronzer လေးနဲ့ ပါးရိုးချလိုက်ပါ။

နှုတ်ခမ်းနီ ပန်းရောင်အဆီလေး ဆိုးပေးလိုက်ပါ။

ရပါပြီနော်။

Source: guang.taobao.com