မင်္ဂလာပါနော်။ မကြာခင်မှာ နှစ်သစ်ကူး အတာသင်္ကြန်ရောက်တော့မှာဆိုတော့ သင်္ကြန်သီချင်းသံတွေလည်း ကြားနေရပါပြီ။

နွေရာသီပူပူမှာ ကျရောက်တဲ့ အတာသင်္ကြန်မှာ အပူဒဏ်ကို အံတုရင်း ရေအေးအေးပက်ဖြန်းလို့ အရွယ်မရွေး အလွှာမရွေး ရေကစားကြတဲ့ ပွဲတော်တစ်ခုဖြစ်ပါတယ်။

နွေရာသီလည်းဖြစ်တော့ အသားအရေ အရမ်းမပျက်စီးအောင် ပြုလုပ်ရမယ့် နည်းလမ်းတွေကို မျှဝေပေးသွားပါမယ်။

၁။ Sun Cream လိမ်းပါ

ရေမကစားခင် အပြင်မထွက်ခင်မှာ သင့်ခန္ဓာကိုယ်အနှံ့ကို နေလောင်ဒဏ်ကာကွယ်ပေးမယ့် Sun Cream လိမ်းပေးဖို့ သတိရပါ။ SPF 50 အထိပါတာကို သုံးပါ။ ရေကစားတဲ့အခါမှာလည်း ယူသွားပါ။

၂။ SPF ပါတဲ့ Moisturizer သုံးပါ

သင့်မျက်နှာကို SPF ပါတဲ့ Moisturizerလိမ်းပေးပါ။ ဒါမှနေရောင်ခြည်ထိတွေ့မှုကြောင့် နေလောင်ကွက်တွေ၊ အမည်းစက်တွေကို ကာကွယ်ပေးနိုင်မှာပါ။

၃။ အပြင်ကပြန်လာရင် မျက်နှာသေချာသစ်ပါ

သင့်မျက်နှာမှာ ကပ်ညှိလာတဲ့ အညစ်အကြေးတွေကို မိတ်ကပ်ဖျက်တာနဲ့ သေချာဖျက်ပေးလိုက်ပြီး မျက်နှာသေချာသစ်ပေးပါ။ ပြီးရင် Moisturizer လိမ်းပေးလိုက်ပါ။

၎။ ရေစိုခံ မိတ်ကပ်သုံးပါ

အတာသင်္ကြန်မှာ အပျော်လည်းမပျက် အသားအရေလည်း မပျက်စီးအောင် ဘယ်လိုရေကစားမလဲ

သင်္ကြန်မှာရေကစားတာဆိုပေမယ့် မိတ်ကပ်လေးနဲ့ လှလှလေး ကစားလေ့ရှိကြပါတယ်။ ရေစိုတဲ့အခါ မိတ်ကပ်အလွယ်တကူ ပျက်မသွားအောင် ရေစိုခံမိတ်ကပ် နှုတ်ခမ်းနီတွေ သုံးပေးပါ။ ဆံပင် ကျွတ်ခြင်း နဲ့ အပျက်အစီးနည်းအောင် ကျစ်ဆံမြီးကျစ်တာမျိုး၊ ဆံပင်ကို သေချာစည်းပေးထားတာမျိုး လုပ်ပေးသင့်ပါတယ်။

၅။ အကာကွယ်ဝတ်ပါ

အင်္ကျီလက်ရှည်၊ ဦးထုပ် ၊ မျက်မှန် စတာတွေ မပါမဖြစ် ပါအောင် ယူသွား ဝတ်သွားပါ။ ဘယ်လောက်ပဲ အသားအရေကို SPF နဲ့ ကာကွယ်ထားထား အင်္ကျီလက်ရှည်ဝတ်ဖို့လိုပါတယ်။ မျက်မှန်လည်းတပ်ပေးသင့်ပါတယ်။

၆။ ရေဓာတ်ဖြည့်တင်းပါ

အသားအရ မပျက်စီးအောင် ရေဓာတ်ဖြည့်တင်းပါ။ ရေများများသောက်ပါ။ ရေဓာတ်ကြွယ်ဝတဲ့ အစားအစာတွေ အသီးအနှံတွေ စားပေးပ။

၇။ သင်္ကြန်ပြီးသွားရင်

မျက်နှာကို ပေါင်းပြန်တင်ပါ။ ဂျေးပြန်ချွတ်ပါ။ Moisturizer သေချာပြန်လိမ်းပါ။ ခန္ဓာကိုယ်တစ်ခုလုံးကို Body Lotion မှန်မှန်လိမ်းပါ။