အားလုံးပဲမင်္ဂလာပါနော်။ သူစိမ်းအိမ်ရဲ့ မင်းသားချောလေး ရှိန်းကို အားလုံးပဲ ရင်းနှီးကြမယ်ထင်ပါတယ်။

ရှိန်းကို မော်ဒယ်လုပ်နေကတည်းက သတိထားမိပေမယ့် အခု သူစိမ်းအိမ် ဇာတ်ကားမှာ ပရိသတ်တွေ ပိုပိုပြီး သတိထားလာမိတာ၊ ရှိန်းကို ချစ်တဲ့ ဖန်လေးတွေ ပိုပိုပြီးတိုးလာမိတော့ မင်မင်လည်း သူ့ရဲ့ Page ထဲကိုရော အကောင့်ထဲကိုရောဝင်ပြီး ဖက်ရှင်အမိုက်စားလေးတွေကို စုစည်းပေးထားပါတယ်။

သူစိမ်းအိမ်ဇာတ်ကားနဲ့ ပွဲဦးထွက်လာပေမယ့် အဲဒီဇာတ်ကားမှာပဲ သူ့ကို ပရိသတ်တွေက သိပ်သိပ်ချစ်သွားကြတာ သေချာပါတယ်နော်။

လူငယ်ပီပီ ဖက်ရှင်ကျကျဝတ်တတ်တဲ့ ရှိန်းက ပြုံးလိုက်ရင်လည်း ချစ်စရာကောင်းတယ်ဆိုတာ ပြောစရာလိုမယ်မထင်ပါဘူး။

ဒီလိုချစ်စရာအပြုံးလေးတွေနဲ့ ဖမ်းစားထားတဲ့ ရှိန်းရဲ့ ဖက်ရှင်လေးတွေကို မျှဝေပေးလိုက်ပါတယ်နော်။

Photo: Sheintin Htoo – ရှိန်းတင်ထူး

By: MyStyle Myanmar