ခရီးတွေထွက်ကြတဲ့ ရာသီကိုမကြာခင် လာတော့ပါမယ်။ နေ့ချင်းပြန်ခရီးတိုလေးတွေ သွားမှာပဲဖြစ်ဖြစ်၊ ညအိပ်ညနေခရီးရှည်သွားတာပဲဖြစ်ဖြစ် ခရီးတခုခုသွားတော့မယ်ဆိုရင် မိန်းကလေးတွေရဲ့ လိုအပ်တဲ့ပစ္စည်းတွေဟာ အလွန်များတာမို့ ဟိုဟာလေးလည်း ယူသွားချင်၊ ဒီဟာလေးလည်းမချန်ခဲ့ချင်နဲ့ Packing လုပ်ပြီဆို Travel List လေးသေချာလုပ်ပြီးထည့်တာတောင် စိတ်တိုင်းမကျပဲ ခရီးကိုရောက်မှ လိုအပ်တဲ့အရာက မေ့ကျန်ခဲ့တာမျိုး ဖြစ်တတ်ပါတယ်။

မတ်၊ ဧပြီ ၊ မေလတွေမှာဆို ကမ်းခြေတွေ သွားတာပဲဖြစ်ဖြစ်၊ တောင်ပေါ်ခရီးတွေသွားတာပဲဖြစ်ဖြစ် မိန်းကလေးတိုင်းက ဓာတ်ပုံလှလှလေးတွေတော့ ရိုက်ကြမှာဆိုတော့ ထည့်သွားတဲ့ အဝတ်အစားတွေက ဖက်ရှင်ကျဖို့နဲ့ ပေါ့ပါးဖို့လိုပါတယ်။ ပျိုမေတို့ အလန်းစားပုံလေးတွေကို ဓာတ်ဖမ်းနိုင်ဖို့ယူသွားသင့်တဲ့ အလှအပအသုံးဆောင် လေးကို ပြောပြပေးပါမယ်။

နွေရာသီ အပန်းဖြေခရီးမှာ စတိုင်ကျကျနဲ့လန်းနိုင်ဖို့ မပါမဖြစ်ကတော့ ကောက်ရိုးနဲ့ယက်ထားတဲ့ ဦးထုတ်တွေပါပဲ။ နွေနေပူပူကို ကာကွယ်ပြီးသားဖြစ်သလို စတိုင်လည်းကျစေမှာမို့ မရှိမဖြစ်ပါပဲ။ နေကာမျက်မှန်ပုံစံမျိုးစုံရှိတဲ့အထဲမှာမှ 80’s Style Cat-Eye နေကာမျက်မှန်တွေမှာ Vintage အငွေ့အသက်တွေ တွေ့ရတာမို့ နွေရာသီ ကမ်းခြေတွေ ဘာတွေသွားရင်တော့ အလိုက်ဖက်ဆုံးပါပဲ။ Cat-Eye တလက်နဲ့ ဆိုရင်တော့ ဓာတ်ပုံထဲမှာလည်း စတိုင်ကျကျနဲ့ လန်းနိုင်မှာအသေအချာပါပဲ။ Scarfကတော့ နေပူတဲ့ နေရာပဲ သွားသွား၊ အေးတဲ့ ဒေသတွေပဲ သွားသွားမရှိမဖြစ်ဆောင်သွားသင့်ပါတယ်။

ပေါ့ပါးပြီး သက်တောင့်သက်သာရှိလှတဲ့ Slipper ဖိနပ်လးတစ်ရံတော့ အပိုယူသွားစေချင်ပါတယ်။ နွေရာသီမှာ သက်တောင့်သက်သာရှိတဲ့အပြင် လှပစတိုင်ကျစေပြီး ဒီဇိုင်းမျိုးစုံလည်းရှိတာမို့ ကိုယ်နှစ်သက်ရာကို စိတ်ကြိုက်ရွေးချယ်နိုင်ပါတယ်။ ဘယ်တော့မှ ရိုးပြီးပျောက်ကွယ်မသွားမယ့်ထဲမှာ Cap ဦးထုတ်လေးတွေ အပါအဝင်ပါပဲ။ မိန်းကလေးဆန်တဲ့ ဖက်ရှင်ထက် ဖက်ရှင်ကို နှစ်သက်သူ ပျိုမေတို့အတွက် လျှာပါတဲ့ ဦးထုတ်လေးတလုံးက ခရီးသွားဖက်ရှင်အတွက် မရှိမဖြစ်ပါပဲ။

အပန်းဖြေခရီးမှာ အသုံးဝင်စေမယ့် ဖက်ရှင်နဲ့ပတ်သက်တဲ့ မပါမဖြစ် ပစ္စည်းလေးတွေကို အသေအချာလေးယူသွားကြနော်။

Source: Travel Fashion Girl