လက်သည်းပုံဖော်တဲ့အခါမှာ အမြဲတမ်းဆိုင်မှာပဲ ပုံသွားဖော်နေမယ်ဆိုရင်တော့ ပိုက်ဆံတွေအမြဲတမ်းထွက်နေမှာပေါ့။ တစ်ခါတစ်လေတော့ ဆိုင်သွားပြီးပုံမဖော်ဘဲ အိမ်မှာကိုယ့်ဘာသာကိုယ် ပုံဖော်ကြည့်ပါလို့ အကြံပြုပါတယ်။ ဒါကြောင့် အလှအပကိုစိတ်ဝင်စားတဲ့ပျိုမေတို့အတွက် ငွေအကုန်အကျသက်သာအောင် ကိုယ်တိုင်ပုံဖော်လို့ရမယ့် လက်သည်းပုံဖော်နည်းလေးကို မျှဝေပေးလိုက်ပါတယ်။ လုပ်ရတာလည်းအရမ်းလွယ်ကူတဲ့အတွက် အဆင်ပြေစေမှာပါ။

ပထမဆုံးအနေနဲ့ လက်သည်းကို Base Coat အရင်ဆိုးပေးပါ။ ပြီးရင်တော့ အသားရောင်ဘက်သွားတဲ့ လက်သည်းနီကိုဆိုးပေးပါ။

Source: www.youtube.com

လက်သည်းနီအ၀ါရောင်ကိုယူပြီး လက်ညှိုးမှာစုတ်တံလေးနဲ့ လခြမ်းပုံလေးဆွဲပေးပါ။ ဒီလိုလေးဆွဲပေးရတာကတော့ အရမ်းလွယ်ပါတယ်။

Source: www.youtube.com

ပန်းရောင်လက်သည်းနီကိုတော့ လက်ခလယ်မှာ စုတ်တံနဲ့ ခုနကလိုပဲ လခြမ်းပုံလေးဆွဲပေးရပါမယ်။ သေးသေးလေးပဲဆွဲရတာဖြစ်တဲ့အတွက် အဆင်ပြေမှာသေချာပါတယ်။

Source: www.youtube.com

မိုးပြာရောင် (သို့) အပြာနုဘက်သွားတဲ့ လက်သည်းနီလေးကိုတော့ စုတ်တံနဲ့ယူပြီး လက်သန်းကြွယ်မှာ လခြမ်းပုံလေးဆွဲပေးရပါမယ်။

Source: www.youtube.com

လက်သန်းမှာတော့ လိမ္မော်ရောင်ဘက်သွားတဲ့အရောင်လေးကိုယူပြီးစုတ်တံနဲ့လခြမ်းပုံဆွဲပေးရပါမယ်။ လက်မမှာတော့ ဒီအရောင်လေးရောင်ထဲက သင်နှစ်သက်ရာတစ်ရောင်ကိုရွေးပြီး ခုနကလိုပဲ လခြမ်းပုံလေးဆွဲပေးလိုက်ရုံပါပဲ။

Source: www.youtube.com

ဒါဆိုရင်တော့ လက်ငါးချောင်းလုံးပြီးသွားပြီဖြစ်တဲ့အတွက် အပေါ်ကနေ Top Coat လေးထပ်ဆိုးပေးရပါမယ်။ နောက်ဆုံးမှာတော့ သင်ကိုယ်တိုင်ပုံဖော်ထားတဲ့ လက်သည်းဒီဇိုင်းလေးက ဘယ်လောက်တောင်ချစ်စရာကောင်းနေလဲဆိုတာကို တွေ့ရမှာပါ။

Source: www.youtube.com

Source: www.youtube.com