အားလုံးပဲမင်္ဂလာပါနော်။ ဒီတခါမှာတော့ မိန်းကလေးတိုင်း သဘောကျနှစ်သက်မယ့် မိတ်ကပ်လိမ်းနည်းလေးတွေထဲက ပန်းနုရောင်သမ်းပြီး ချစ်ရာကောင်းတဲ့ မိတ်ကပ်လိမ်းနည်းကို မျှဝေပေးသွားမှာပါ။

အရင်ဆုံးမျက်နှာကို Moisturizer, Primer, Foundation စတာတွေကို လိမ်းလိုက်ပါ။ တစ်ခုချင်းဆီကို တစ်ခါချင်းလိမ်းပြီး သေချာ Blend လုပ်ပေးရပါမယ်။

မျက်တွင်းညိုနေတာတွေနဲ့ သင့်မျက်နှာပေါ်က အမည်းစက်တွေကို Concealer နဲ့ သေချာဖုံးလိုက်ပါ။ ပြီးရင်တော့ မျက်ခုံးမွှေးဆွဲလိုက်ပါ။

Eyeshadow စလိမ်းပါမယ်။ အရင်ဆုံး ရွှေရောင်နုနုလေးကို မျက်ခွံအပေါ်နဲ့ အောက်နားမှာ ဆိုးပေးလိုက်ပါ။

ပြီးရင်တော့ Eyeliner လေးဆိုးပေးလိုက်ပါ။ မျက်တောင်အတုတပ်ပေးလိုက်ပါ။

ပါးနီကို အခုပုံမှာပြထားသလို နှင်းဆီရောင်လေးဆိုးပေးလိုက်ပါ။

နှုတ်ခမ်းနီကို အတွင်းပိုင်းရဲရဲလေးဆိုးပြီး အပြင်ကနေ Lip Gloss အဆီလေး ခပ်ပါးပါးဆိုးပေးလိုက်ပါ။

အရမ်းလှတဲ့မိတ်ကပ် ပြင်ဆင်မှုလေး ရသွားပါပြီနော်။

Photo Source: www.fashionguilt.blogspot.com