Mytel မှနေပြီး တရားဝင်မိတ်ဆက်ပွဲအခမ်းအနားနဲ့အတူ Mite Tal SIM Cards များကို သုံးစွဲသူများထံသို့ မိတ်ဆက်ပေးသွားခဲ့ပါတယ်။

Brand Ambassador များဖြစ်ကြတဲ့ သရုပ်ဆောင်နေတိုးနဲ့ Nguyen My တို့ဟာ အကောင်းမွန်ဆုံးကွန်ရက်ကို ပထမဆုံးခံစားခွင့်ရတဲ့ ကံကောင်းသူတွေပါ။ စတင်ပြီး သုံးစွဲမယ့်သူတွေအနေနဲ့ အံ့အားသင့်ဖွယ်လက်ဆောင်များဖြစ်တဲ့ Top Up ဘယ်လောက်ဖြည့်ဖြည့် ထထမဆုံးသုံးလမှာ အင်တာနက်သုံးစွဲခွင့် 1,500 MB နှင့် 150 မိနစ်စာ ဖုန်းပြောခွင့်အပြင် Double Benefits Plan လို့ခေါ်တဲ့ ၂ ဆပွားအစီအစဉ်မှာတော့ ၄ ထောင်ထည့်ရင် အင်တာနက် 5GB နဲ့ ၂၅၀ မိနစ်စာ ဖုန်းပြောခွင့်ကို ခံစားရမှာဖြစ်ပါတယ်။

Mite Tal ရဲ့ ပရိုမိုးရှင်းကာလကတော့ ဇွန်လ ၉  ရက်နေ့မှစပြီး စက်တင်ဘာ ၈ ရက်နေ့ထိ ဝယ်ယူသုံးစွဲသူတိုင်းကို ပေးအပ်သွားမှာဖြစ်ပါတယ်။ Mytel ရဲ့ Brand ကိုယ်စားလှယ်တွေဖြစ်တဲ့ ကြယ်ပွင့်များကနေပြီးတော့လည်း သူတို့ရဲ့အတွေ့အကြုံလေးတွေကို အခုလိုပဲ ပြန်လည်ဝေမျှပေးခဲ့ပါသေးတယ်။

ပထမဦဆုံးအနေနဲ့ “Mytel မှာ ကျွန်တော်အကြိုက်ဆုံးအချက်က VOLTE နည်းပညာပါဝင်တာပါပဲ။ ကျွန်တော်စမ်းကြည့်ပြီးပါပြီ။ တော်တော်လေးကိုမိုက်တာပါ။ YouTube ကြည့်နေရင်းနဲ့ သူငယ်ချင်းတစ်ယောက်ကိုဖုန်းခေါ်လိုက်တာ တစ်ဖက်လူအသံက အသံသွင်းထားသလိုပဲ ကြည်လင်ပြတ်သားတဲ့အပြင် ကြည့်လက်စဗီဒီယိုဟာလည်း တစ်ချက်မှမရပ်သွားတာကို တွေ့ရပါတယ်” လို့  အကယ်ဒမီနေတိုးမှ ပြောကြားခဲ့ပါတယ်။

ကိုယ်စားလှယ်အနေနဲ့ အခွင့်အရေးကောင်းကို ပေးစွမ်းခဲ့တဲ့ Mytel ကို ကျေးဇူးတင်ရှိပြီး ဂုဏ်ယူဝမ်းမြောက်မိပါတယ်။ Mytel ဟာ ရိုးရိုးဆက်သွယ်ရေးTelecom မဟုတ်ဘဲ နှစ်နိုင်ငံချိတ်ဆက်ထားတာမျိုးပါ။ ကျေးလက်ဒေသတွေကအစ မြို့ပြတွေအပြင် နိုင်ငံတကာအဆင့်မှီ ရောက်တဲ့နေရာမှာ ဆက်သွယ်နိုင်မှာပါ။ Mytel ရဲ့ 4G ကွန်ရက်နဲ့ဆိုရင် ကျွန်တော်တို့လိုအနုပညာရှင်တွေအတွက် ဝေးလံတဲ့နယ်ဖက်ဒေသများမှ ပရိသတ်တွေနဲ့ပါ ပိုမိုလွယ်ကူစွာချိတ်ဆက်ဖို့ အခွင့်အရေးရလာမယ်လို့ မျှော်လင့်လျက်ရှိပါတယ် လို့ ဆက်လက်ဖြေကြားခဲ့ပါတယ်။

ထို့နောက်မှာ ဗီယက်နမ်ကြယ်ပွင့်ဖြစ်တဲ့ Nguyen My မှနေပြီး “ကျွန်မဒီမှာရောက်နေတုန်း အဆင်ပြေကြောင်း၊ မြန်မာနိုင်ငံဟာ ဘယ်လောက်လှကြောင်းကို ဗီယက်နမ်ကမိသားစုနဲ့ Video Call ခေါ်တဲ့အခါမှာ တစ်နာရီကျော်လောက်ပြောတာတောင် Mytel ရဲ့အင်တာနက်လိုင်းက တစ်ချက်လေးမှမကျသွားအောင်ကောင်းမွန်ပါတယ်။ ကျွန်မတို့လိုပဲ အခြားနိုင်ငံရပ်ခြားမှာ ရောက်နေသူတွေအနေနဲ့ ပိုပြီးလွယ်လွယ်ကူကူဆက်သွယ်နိုင်တော့မှာပါ။” ဆိုပြီး သူမရဲ့ ခံစားချက်တို့ကို ပရိတ်သတ်ကြီးသိစေဖို့ ပြန်လည်ဝေမျှပေးသွားခဲ့ပါတယ်။

အထူးအစီအစဉ်အနေနဲ့သုံးစွဲမယ့် Customer တွေအတွက် အပြန်အလှန်အကျိုးသက်ရောက်မှုရှိစေဖို့  Mytel မှနေပြီး Shake App လို့အမည်ရတဲ့ Application လေးကိုဖန်တီးပေးထားပါတယ်။ လုပ်ရမှာတွေကလည်း ရိုးရိုးရှင်းရှင်းလေးတွေဖြစ်လို့ လူတိုင်းသဘောတွေ့ကြမှာ အမှန်ပါပဲ။ သုံးစွဲသူတွေလုပ်ဖို့လိုအပ်တာကတော့ App လေးထဲဝင်ပြီး ဖုန်းကို Shake ပေး၊ လှုပ်ပေးလိုက်ရုံနဲ့ Iphone X ၊ ပညာသင်ဆု Package တွေ၊ အင်တာနက်သုံးစွဲနိုင်မယ့် GB Data ထောင်ပေါင်းများစွာတို့အပြင် အခမဲ့ဖုန်းခေါ်ဆိုနိုင်မှုမိနစ်တို့လို ဆုပေါင်းမြောက်မြားစွာကို ကံစမ်းနိုင်မှာပဲဖြစ်ပါတယ်။ သုံးစွဲသူများအနေနဲ့ ဒီနေ့ကစပြီး သြဂုတ်လ ၈ ရက်နေ့မတိုင်ခင်အထိ တစ်နေ့ကို ၅ ကြိမ်လှုပ်ပြီး ကံစမ်းခွင့်ရှိလို့ အခုပဲ မြန်မြန်လေးပြေးပြီး Mytel Sim Cards တွေကို ဝယ်လိုက်ရအောင်။