အားလုံးပဲမင်္ဂလာပါနော်။ လက်ရှိ ရေပန်းစားနေတဲ့ ရုပ်ရှင်ဇာတ်ကားတစ်ခုဖြစ်တဲ့ မီရုပ်ရှင်ဇာတ်ကားက ၁၉၅၀ ဝန်းကျင်က ဇာတ်လမ်းလေးတစ်ပုဒ်ဆိုတော့ ဒီဇာတ်ကားထဲမှာ ၁၉၅၀ ဝန်းကျင်က ဝတ်ဆင်ခဲ့တဲ့ ဖက်ရှင်အငွေ့အသက်တွေ လွှမ်းခြုံလို့ထားပါတယ်။

ဆရာမ ကြည်အေးရဲ့ နာမည်ကျော် ဝတ္ထုကို ဒါရိုက်တာ ဏကြီးက ဇာတ်ညွှန်းပြန်ရေးပြီး အကယ်ဒမီ ပိုင်ဖြိုးသုက မီအဖြစ် ပါဝင်ထားပါတယ်။

ဒီဇာတ်ကားကိုသွားကြည့်မယ်ဆိုရင် မီရဲ့ ပျော့ပျောင်းတဲ့ သရုပ်ဆောင်မှုတွေ နွှဲ့နှောင်းတဲ့ အမူအယာတွေနဲ့အတူ ဖက်ရှင်ကိုလည်း သတိထားမိကြမှာပါ။

ဖက်ရှင်ကိုချစ်ကြတဲ့ စာဖတ်သူတို့လည်း မီရဲ့ ဖက်ရှင်ကို သဘောကျကြမယ်ထင်ပါတယ်နော်။

မီ တစ်ဖြစ်လည်း ပိုင်ဖြိုးသုရဲ့ မီရုပ်ရှင်ကားထဲက ဖက်ရှင်တချို့ကို မျှဝေပေးလိုက်ပါတယ်။

Photo: Sources

By: MyStyle Myanmar