ခုသလော လူမှုကွန်ရက်စာမျက်နှာပေါ်မှာ အတိတ်က ဆက်ဆံရေးနဲ့ပတ်သက်လို့ တိုက်ခိုက်ခံနေရတဲ့ မေဦးတို့ စုံတွဲဟာ နှောင့်ယှက်တိုက်ခိုက်နေသူတွေကို ပြန်ပြီး တုံ့ပြန်လိုက်ပါတယ်။

မေဦး တို့နှစ်ယောက်ရဲ့ Relationship ကလွယ်ကူစွာတည်ဆောက်ထားတာမပာုတ်သလို ကိုယ်တွေကြောင့်လဲ သူတပါးကိုထိခိုက်အောင်တခါမှ မလုပ်ပါ နှေင့်ယှက်ခိုက်တဲ့သူတွေကိုလည်းစိတ်မဆိုးသလို မေတ္တာပို့ပေးပါတယ်
ကျေးဇူးလည်းတင်ပါတယ် ဘာဖြစ်လို့လဲဆိုတော့ မေဦးတို့ရဲ့ချစ်ခြင်းမေတ္တာနဲ့ နားလည်မှုကပိုပြီးခိုင်မာလာလို့ပါ လို့ ဒီကနေ့ မေဦးရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားပါတယ်။

Cele Cele Small ဖေ့ဘုတ်ပေ့ခ်ျကနေ မေဦးရဲ့ အတိတ်က ဇာတ်လမ်းအကြောင်းကို ရေးသားခဲ့ပြီး မကြာခင်မှာပဲ မေဦးချစ်သူ ဟန်လင်းရဲ့ အကြောင်းကို ထပ်ပြီးတင်ခဲ့တာပါ။

အဲဒီပေ့ခ်ျကနေ မေဦးရဲ့ အရင်ရည်းစားနဲ့ ရိုက်ထားတဲ့ ဓာတ်ပုံတွေကို တင်ခဲ့ပြီး ချစ်သူဖြစ်သူ ဟန်လင်းက တောင်းပန်ခဲ့တာကြောင့် ပုံတွေကို ဖျက်ပေးခဲ့ပေမယ့် နောက်တစ်ရက်မှာပဲ ဟန်လင်းရဲ့ ဓာတ်ပုံကို ထပ်တင်ခဲ့တာပါ။

ဘာအနှောင့်အယှက်တွေပဲရှိရှိ မေဦးတို့ကတော့ အချစ်မပျက်ပါဘူးတဲ့။ လိင်တူချစ်သူဆိုပြီး ပွင့်ပွင့်လင်းလင်းချပြခဲ့တဲ့ သူတို့ ချစ်သူစုံတွဲဟာ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ လူတွေစိတ်ဝင်စားမှု ရရှိနေတဲ့ စုံတွဲတစ်တွဲဖြစ်ပါတယ်။