Street dancing ဆိုတဲ့ အကပညာဟာ တခမ်းတနားမဟုတ်ပေမယ့်လည်း အက၀ါသနာပါသူများကို စတူဒီယိုတွေထဲမှာ စည်းစနစ်ကျကျ ကရလေ့ရှိတဲ့ ဘောင်တစ်ခုကို ကျော်လွန်ပြီး ကိုယ့်ရဲ့စတိုင်နဲ့ကိုယ် ပေါ့ပါးလွတ်လပ်စွာ ပုံဖော်ကနိုင်မယ့် အခွင့်အရေးတစ်ခုပါ။ ၁၉၇၀ ခုနှစ်ကတည်းက USA မှ စတင်ပေါက်ဖွားလာတဲ့ Street Dance ဟာဆိုရင် တေးဂီတသံစဉ် စီးဆင်းရာနောက်ကိုလိုက်ပြီး ခန္ဓာကိုယ်မှ အလိုလိုတုံ့ပြန်လာကာ ထူးခြားဆန်းပြားတဲ့ ကကွက်တွေပေါ်ပေါက်လာရတာပါ။ ဒါပေမယ့်လည်း သူ့နေရာနဲ့သူ စည်းစနစ်ဆိုတာတော့ ရှိတတ်ကြလို့ လေ့လာသင်ယူစရာတွေကတော့ ရှိစမြဲပါပဲ။

Breakdance, Popping, Krump စသဖြင့် စတိုင်အမျိုးမျိုး ကွဲပြားတဲ့ Street dancing ကို ယနေ့ခေတ်လူငယ်များက စိတ်ပါဝင်စားမှုတွေ ပြလာကြပါပြီ။ နိုင်ငံတကာမှာသာမက မြန်မာနိုင်ငံမှာလည်း Street dace အကအဖွဲ့တွေ တဖြည်းဖြည်းနဲ့ ပေါ်ပေါက်လာတာကို သတိထားမိကြမှာပါ။ နေရာဒေသမရွေး ကိုယ်ဝါသနာပါရာကို လွတ်လွတ်လပ်လပ် ဖော်ထုတ်နေကြတဲ့ အကအဖွဲ့တွေ အများကြီးထဲကမှ ဒီနေ့ Admin ဖော်ပြပေးချင်တာကတော့ Massive Souls အကအဖွဲ့အကြောင်းပါပဲ။

စစချင်းအချိန်တုန်းက ကန့်ကွက်သူတွေများလှပေမယ့်လည်း Street Dance ကို အလွန်ရှုးသွပ်လှတာကြောင့် လက်မလွှတ်ခဲ့ပါဘူး။ YouTube မှ ဗွီဒီယိုများကို ကြည့်ရှုလေ့လာရင်းမှတဆင့် ပြန်လည်ကြိုးစားလေ့ကျင့်ခဲ့ရတာပါ။ ထိုမှတဆင့် Massive Souls အကအဖွဲ့အမည်နဲ့ Non-Profit Organization အဖွဲ့ဖြစ်လာခဲ့ပါတယ်။ Street Dance မျိုးစုံ ပေါင်းစပ်ပါဝင်ပေမယ့် ပြည်တွင်း၊ ပြည်ပမှာ ကျင်းပတဲ့ အကပြိုင်ပွဲတွေမှာ အဖွဲ့သားများအတူတကွလက်တွဲ၍ ယှဉ်ပြိုင်ဖို့ကတော့ အဖွဲ့သားများရဲ့ ထပ်တူညီတဲ့ အိမ်မက်တစ်ခုပါပဲ။

လက်ရှိအချိန်မှာလည်း Street Dance အကပြိုင်ပွဲတွေမှာ ၀င်ရောင်ယှဉ်ပြိုင်ခဲ့ပြီး ဆုများကိုလည်း ဆွတ်ခူးရရှိထားလျက်ရှိလို့ တဖြည်းဖြည်းနဲ့ အောင်မြင်ကျော်ကြားလာတဲ့ အဖွဲ့ဆိုလည်းမမှားပါဘူး။ အနိုင်အရှုံးဆိုတာထက် Myanmar Street Dance လောက တစ်စနဲ့တစ်စ တိုးတက်လာစေဖို့အတွက် သိထားသမျှ Knowledge တွေအားလုံးကို နောင်တစ်ချိန်မှာ ထွန်းပေါက်လာအုံးမယ့် တက်သစ်စ၀ါသနာရှင်လေးတွေဆီ တဆင့်ပြန်လည် Sharing ပေးနိုင်အောင် အဓိကဦးတည်ပြီး ဖွဲ့စည်းထားတဲ့ အဖွဲ့တစ်ခုလို့လည်း ဆိုနိုင်ပါတယ်။

ဒါကြောင့် Massive Souls လို့ အမည်တွင်တဲ့ Street Dance အဖွဲ့နဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားလို့ အသေးစိတ်သိချင်တယ်ဆိုရင် Massive Souls အဖွဲ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာကို သွားရောက်လေ့လာနိုင်သလို အဖွဲ့အကြောင်းအကျဉ်းချုံးလေးကို ဗွီဒီယိုလေးနဲ့တကွ ကြည့်ရှုဖို့အတွက် ထည့်သွင်းပေးလိုက်ရပါတယ်။