မိတ်ကပ်ကို အမျိုးသမီးတိုင်း စိတ်ဝင်စားကြပါတယ်။ ဒါပေမယ့်လည်း မိတ်ကပ်လိမ်းရာမှာ လွယ်တယ်လို့ထင်ရပေမယ့် တခါတလေ အခက်အခဲတချို့ တွေ့ရလေ့ရှိပါတယ်။ သင့်အနေနဲ့ Professional တစ်ယောက်လို မိတ်ကပ်လိမ်းချယ်တတ်စေဖို့ နည်းလမ်းကောင်းတချို့ကို မျှဝေပေးချင်ပါတယ်။

သင့်အသားအရေနဲ့ လိုက်ဖက်တဲ့ ဖောင်ဒေးရှင်းသုံးပါ

သင့်အသားအရေအရောင်နဲ့ လိုကဖက်တဲ့ ဖောင်ဒေးရှင်းကိုရွေးချယ်သုံးပေးသင့်ပါတယ်။

Bronzer ကိုအမြဲတမ်း Blend လုပ်ပေးပါ

သင့်ရဲ့ ပါးရိုးပေါ်အောင်လိမ်းပေးတဲ့ Bronzer ကို Brush နဲ့ သေချာလေး Blend လုပ်ပေးသင့်ပါတယ်။

မျက်ခုံးမွှေးကိုသေချာဆွဲပါ

မျက်ခုံးမွှေးမဆွဲခင်မှာ မျက်ခုံးမွှေးကို သေချာလေးပုံဖော်ပြီး အဲဒီပုံစံအတိုင်း သေချာလေးဆွဲပေးပါ။ အရမ်းကြီးသွားတာလည်းမလှသလို သေးသွားရင်လည်း ကြည့်မလှပါဘူးနော်။

သင့်မျက်လုံးကို ပိုပြီးကြီးသယောင်ထင်ရစေအောင်ချယ်သပါ

သင့်မျက်လုံးကို ပိုပြီးကြီးသယောင်ထင်ရေစေဖို့လိုင်နာကို မျက်လုံးအောက်တစ်ခုလုံးမှာမလိမ်းဘဲ မျက်လုံးအောက် ဒေါင့်နားလေးကိုပဲ လိမ်းပေးပါ။

သင့်မျက်လုံးပုံစံနဲ့ လိုက်ဖက်တဲ့ လိုင်နာပုံစံ ဆွဲပေးပါ

Eyeliner ဆိုးတဲ့နေရာမှာ ကိုယ့်မျက်လုံးနဲ့ မလိုက်တဲ့ ပုံစံမျိုးမဟုတ်ဘဲ သင့်မျက်လုံးပုံစံနဲ့ လိုက်ဖက်တဲ့ ပုံစံမျိုးကို ဆွဲပေးသင့်ပါတယ်။

သင့်Eyshadow အတွက် အရောင်မျိုးစုံ ချယ်သလိုက်ပါ

Eyeshadow ချယ်သရာမှာ အရောင်တစ်မျိုးတည်း ချယ်တာမျိုးမဟုတ်ဘဲ အရောင်မျိုးစုံ ချယ်သလိုက်ပါ။

Mascara ကို ပါးပါးပဲ ဆိုးပါ

Professional တစ်ယောက်လို မိတ်ကပ်လိမ်းချယ်နိုင်စေဖို့ နည်းလမ်းလေးတွေ

Mascara ကိုအရမ်းထူထူကြီးမသုံးပါနဲ့။ ခပ်ပါးပါးပဲ ဆိုးပေးသင့်ပါတယ်။

ပါးနီကိုလည်း ခပ်ပါးပါးပဲ လိမ်းပါ

ပါးနီလိမ်းရာမှာ မှန်ကန်တဲ့နေရာမှာလိမ်းပေးသင့်ပြီး ခပ်ပါးပါးပဲလိမ်းပေးသင့်ပါတယ်။

Lip Liner ကိုအထူကြီးမဆွဲပါနဲ့

Lip Liner ကို အရမ်းအထူကြီးမဆွဲသင့်သလို သင့်နှုတ်ခမ်းနီအရောင်နဲ့ အရမ်းကွဲနေတာမျိုး မဆိုးသင့်ပါဘူး။

မျက်ကွင်းညိုတာကို ဖုံးလိုက်ပါ

မျက်ကွင်းညိုတာကို ဖုံးဖို့ Concealer သုံးပေးသင့်ပါတယ်။

Highlight ခပ်ပါးပါးပဲလုပ်ပါ

Highlighter ကိုလည်း အရမ်းအများကြီးသုံးရင် မျက်နှာ ပြောင်ပြောင်ကြီးဖြစ်နေစေပါတယ်။ ဒါ့ကြောင့် လပ်ပါးပါးပဲ ဆိုးပါ။