မင်္ဂလာပါ ပျိုမေလေးတို့ရေ…. ကျောင်းသွားခါနီ၊ ရုံးသွားခါနီး အိပ်ရာထနောက်ကျလို့ မျက်နှာပြောင်နဲ့ အပြင်သွားရပေါင်း များနေပြီလား။

အလှပြင်ချိန်မရလောက်အောင် အလုပ်များလွန်းတဲ့ပျိုမေလေးတွေအတွက် အချိန်တိုအတွင်း အလှပြင်နိုင်မယ့် ဖြတ်လမ်းနည်းလေးတွေကို ဝေမျှပေးချင်ပါတယ်။

မိနစ်ပိုင်းအတွင်းမှာ ကိုရီးယားမလေးအသွင် ပြောင်းလဲပေးမယ့် လျှို့ဝှက်နည်းလမ်းတွေဖြစ်တဲ့အတွက်ကြောင့် အရင်ကတည်းက မသိလိုက်ရလေခြင်းဆိုပြီး နောင်တမရရလေအောင် အခုပဲ လေ့လာကြည့်လိုက်ရအောင်။

အိုင်းလိုင်နာခဲတံကို ဂျယ်လိုင်နာအဖြစ် အသုံးပြုချင်တယ်ဆိုရင်

ထိုလိုင်နာခဲတံလေးကို မီးအပူပေးလိုက်ပါ။ ဒါဆိုရင်တော့ ၁၅ စက္ကန့်အတွင်းမှာ သင့် မျက်ဝန်းလေးက ဂျယ်လိုင်နာနဲ့ ပိုမိုလှပမှာပဲဖြစ်ပါတယ်။

အိုင်းလိုင်နာ အဖြူရောင်ကို ဘယ်အချိန်မှာ အသုံးပြုရမလဲ

ကိုယ်ဆွဲထားတဲ့ လိုင်နာအရောင်ကို ပိုမိုပေါ်လွင်ချင်တယ်ဆိုရင် အိုင်းလိုင်နာ အဖြူရောင်ခဲတံကို အရင်ခံဆိုးပေးလိုက်ပါ။

Winged လိုင်နာလေး ထုတ်ချင်တယ်ဆိုရင်တော့

သင့် မီးဖိုချောင်ထဲက ဇွန်းအရှည်တစ်ချောင်းရဲ့ အကူအညီကို ရယူနိုင်ပါတယ်။ ပုံမှာပြထားတဲ့အတိုင်း အဆင့် တစ်၊ နှစ်၊ သုံးအတိုင်း အစီအစဉ်တကျ ဆွဲပေးလိုက်ပါ။

Smokey မျက်လုံးလေးလို အသက်ဝင်တောက်ပဖို့အတွက်

မျက်ခွံရဲ့ ထောင့်စွန်းတစ်ဖက်တစ်ချက်ဆီမှာ ကြက်ခြေခတ်နှစ်ခုဆွဲပေးပြီး Blend လုပ်လိုက်ပါ။ Smokey မျက်လုံးလေးဖြစ်သွားပါပြီ။

မာစကာရာကော့တဲ့အခါ မျက်ခွံတစ်ဝိုက် မပေကျံသွားဖို့အတွက်

ဇွန်းအရှည်တစ်ချောင်းကို ပုံမှန်ပြထားတဲ့အတိုင်း ကြားခံအကာအဖြစ် အသုံးပြုပေးလိုက်ပါ။

မျက်တောင်မွှေးလေး အချိန်အကြာကြီး ကော့ညွှတ်လှပချင်တယ်ဆိုရင်

မျက်တောင်ကော့ညွှတ်တဲ့စက်ကို ဆံပင်လေမှုတ်စက်နဲ့ အပူပေးပြီးမှ မျက်တောင်ကော့ပေးရပါမယ်။ ပူနေတဲ့မျက်တောင်ကော့စက်ကို အသုံးပြုတာဖြစ်တဲ့အတွက်ကြောင့် သင့် မျက်စိမထိခိုက်မိဖို့အတွက် အထူးဂရုပြုသင့်ပါတယ်။

သင့်ရဲ့ မျက်တောင်မွှေးလေး ပိုမိုထူထဲချင်တယ်ဆိုရင်

မိတ်ကပ်ပေါင်ဒါကို မာစကာရာလိမ်းထားတဲ့မျက်တောင်မွှေးပေါ် ပုတ်ပေးလိုက်ပါ။ မျက်တောင်မွှေးလေးတွေက တစ်နေကုန်လုံးထူထဲလှပနေမှာပဲဖြစ်ပါတယ်။

ပါးနီအရောင်နှင့် နှုတ်ခမ်းနီအရောင်ကို လိုက်ဖက်မှုရှိအောင် ရွှေးချယ်ပါ

သင့်အနေနဲ့ သဘာဝဆန်တဲ့မိတ်ကပ် Look လေးကို ပိုင်ဆိုင်ချင်တယ်ဆိုရင် လိုက်ဖက်မှုရှိတဲ့မိတ်ကပ်အရောင်တွေကို တွဲစပ်ပေးဖို့ လိုအပ်ပါတယ်။ နှုတ်ခမ်းနီအရောင်နဲ့ ပါးနီအရောင်က ဆန့်ကျင်ဘက်လို တစ်ရောင်စီကွဲထွက်နေမယ်ဆိုရင်တော့ သင့်ကို အရွယ်နဲ့မလိုက်အောင် ပိုမိုအိုစာစေတဲ့ပုံပေါက်စေမှာပါ။ ဒါ့ကြောင့် ပါးနီအရောင်နဲ့ နှုတ်ခမ်းနီအရောင်ကို တစ်ရောင်တည်းဖြစ်အောင် ပြင်ဆင်ခြယ်သပေးလိုက်ပါ။

Source: cosmopolitan.com

By MyStyle Myanmar