ဖောင်ဒေးရှင်း

ဖောင်ဒေးရှင်းများများလိမ်းတာဟာ ကိုယ့်ရဲ့အသက်ကို ပိုပြီးရင့်သွားစေပါတယ်။ တချို့ဖောင်ဒေးရှင်းတွေဆို ကိုယ်နဲ့အဆင်မပြေဖြစ်လို့ အသားအရေကို အတွန့်အတွန့်လိုက်ဖြစ်စေပါတယ်။

အရည်အသွေးကောင်းတဲ့ ဖောင်ဒေးရှင်းကိုရွေးချယ်ပြီးခပ်ပါးပါးလေးပဲလိမ်းပေးသင့်ပါတယ်။ အကောင်းဆုံးတာကတော့ ဖောင်ဒေးရှင်မလိမ်းရင်ပိုကောင်းပါတယ်။

ပါးနီလိမ်းခြင်း

Brush ကိုသုံးပြီး ပါးနီအများကြီးလိမ်းတာဟာ သင့်ကိုရုပ်ရင့်သွားစေပါတယ်။ ပါးနီထူထူလိမ်းတာ အရမ်းပါးပါးလိမ်းတာတွေကို ရှောင်သင့်ပါတယ်။ တကယ်လို့ ကိုယ်က အထက်တန်းကျောင်းသူအရွယ် ၁၆ ၁၇ ပဲရှိသေးတယ်ဆိုရင် လုံးဝမသုံးတာကအကောင်းဆုံးပါပဲ။

ပါးနီလိမ်းတာဟာ မျက်နှာပေါ်မှာ အမည်းသက်တွေ အလွယ်တကူထွက်လာစေပါတယ်။

မျက်လုံးအောက်မှာ Liner အများကြီးသုံးခြင်း

မျက်လုံးအောက်မှာ အမည်းရောင်(သို့) တခြားအရောင်ရင့်ရင့် Liner အရောင်တွေ ထူထူသုံးတာဟာ မျက်လုံးကိုသေးသွားစေပြီး အကျည်းတန်သွားသေပါတယ်။ မျက်လုံးကိုပိုပြီးတောက်ပချင်ရင် တခြားနည်းလမ်းတွေအများကြီးရှိပါသေးတယ်။

အညိုရောင် လိုမျိုး အရောင်ဖျော့ဖျော့ Liner ကိုခပ်ဖျော့ဖျော့လေးပဲလိမ်းပေးသင့်ပါတယ်။

အဖုအပိတ်တွေကို ဖုံးခြင်း

မျက်နှာပေါ်မှာ ၀က်ခြံရှိတာ အမာရွတ်ရှိတာတွေကို မိတ်ကပ်ထူထူနဲ့ ဖုံးတတ်ကြပါတယ်။ အထူးသဖြင့် မျက်ကွင်းညိုနေတာတွေမသိသာစေဖို့ မျက်လုံးအောက်မှာ မိတ်ကပ်ထူထူ ထည့်တတ်ကြပါတယ်။ ဒါဟာ သိပ်ကိုမှားပါတယ်။ ကိုယ့်မျက်နှာပေါ်မှာလိမ်းထားတဲ့ မိတ်ကပ်အရောင်ထက် တနေရာရာမှာထူနေတာမျိုးက ကြည့်ရဆိုးစေပါတယ်။

မျက်ခုံးမွှေးနုတ်ခြင်း

အသက်အရွယ်ရလာပြီဆိုရင် မျက်ခုံးမွှေးတွေက တဖြည်းဖြည်းပါးပါးသွားပါတယ်။ ငယ်တုန်းတော့ သဘာဝအတိုင်း မျက်ခုံးမွှေးတွေ ပေါက်တတ်ပါတယ်။ မျက်ခုံးမွှေးကိုနုတ်လွန်းတာ ပုံဖော်လွန်းတာကလည်း ရုပ်ရင့်သွားစေပါတယ်။

Metallic Eyeshadow တွေသုံးခြင်း

မျက်ခွံပေါ်မှာ အရောင်တောက်တောက် Metallic Eyeshadow တွေဆိုးတာကလည်း သိပ်ကိုကြည့်ရဆိုးစေပြီး ရုပ်ရင့်သွားစေပါတယ်။ အဲဒီလို Metallic Eyeshadow တွေကို မျက်လုံးထောင့်နားတွေမှာ နည်းနည်းလေးသုံးပေးနိုင်တယ်လို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုပါတယ်။

အရောင်ရင့်ရင် Eyeshadow တွေသုံးခြင်း

ရင့်ကျက်တဲ့အမျိုးသမီးတစ်ချို့နဲ့တော့ အရောင်ရင့်ရင် Eyeshadow တွေကလိုက်ဖက်လေ့ရှိပါတယ်။ ဒါပေမဲ့ အများစုနဲ့တော့ လိုက်ဖက်ခြင်းမရှိပါဘူး။ အစိမ်းရောင် ခရမ်းရောင် အပြာရောင်စတဲ့ အရောင်တောက်တောက် Eyeshadow တွေက ရှိရင်းရှိအသက်ထက် ပိုကြီးသွားသရောင် ထင်ရစေပါတယ်။

မျက်နှာကို Shape ဖော်ခြင်း

မေးရိုးပေါ်ချင်တာ ပါးရိုးပေါ်ချင်တာတွေကြောင့် Highlight လုပ်တဲ့ မိတ်ကပ်အညိုတွေ အဖြူတွေကို အရမ်းသုံးတာကလည်း ရုပ်ကိုရင့်စေပါတယ်။

Mascara ထူထူသုံးခြင်း

မျက်တောင်အောက်နားမှာ mascara ထူထူသုံးတာဟာလည်း ရုပ်ကိုရင့်စေပါတယ်။

ပေါင်ဒါသုံးခြင်း

မိတ်ကပ်လိမ်းတိုင်းတော့ ပေါင်ဒါကိုနောက်ဆုံးမှာသုံးရမှာပါ။ အောက်ခံတခုခုမလိမ်းဘဲ ပေါင်ဒါသုံးတာက အသားအရေခြောက်သွေ့စေပါတယ်။ တစ်ခုခုလိမ်းထားပြီးမှ ပေါင်ဒါသုံးတာကလည်း ငယ်ရွယ်သူတွေအဖို့အဆင်ပြေပေမဲ့ အသက်အရွယ်ရလာတဲ့အခါမှာ အသားအရေက အဆီဓါတ်ထုတ်ပေးတာနည်းလာမှာပါ။ ဒါ့ကြောင့် ပေါင်ဒါသုံးပြီးရင် စပရေးဖြန်းပေးသင့်ပါတယ်။

အရောင်ရင့်ရင့်နုတ်ခမ်းနီ

နုတ်ခမ်းသာှးာအရောင်ရင့်ရင့်ဆိုးတာ နုတ်ခမ်းနီထူထူဆိုးတာတွေက နုတ်ခမ်းသားကိုပျက်ဆီးစေသလို ရုပ်ကိုလည်း ပိုရင့်စေပါတယ်။

တသတ်မတ်တည်းမိတ်ကပ်လိမ်းခြင်း

ကိုယ့်နဲ့သင့်တော်တဲ့မိတ်ကပ်လိမ်းနည်းကို အမြဲတမ်းပြောင်းပေးသင့်ပါတယ်။ တစ်ခုတည်း တစ်ပုံစံတည်းပဲ တသတ်မတ်တည်းလိမ်းနေတာက ကိုယ့်ရဲ့ ပြောင်းလဲလာတဲ့အသက်အရွယ်နဲ့ မလိုက်ဘဲဖြစ်သွားနိုင်ပါတယ်။ ဒါ့ကြောင့် အသစ်ကိုလုပ်ရမှာမကြောက်ပါနဲ့လို့ မိတ်ကပ်ပညာရှင်တွေက အကြံပြုကြပါတယ်။