မျက်လုံးကျဉ်းတဲ့သူတွေက မိတ်ကပ်ပြင်ဆင်တဲ့အခါမှာ မျက်လုံးကိုကြီးတယ်လို့ထင်ရစေဖို့အတွက် သေချာလေးသတိထားပြီး ပြင်ဆင်နိုင်မှပဲ အဆင်ပြေစေမှာပါ။ Eyeshadow ခြယ်နည်းတွေ တစ်ခြားမျက်လုံးပြင်ဆင်မှုတွေကို သေချာမပြင်ဆင်ဘူး၊ သင့်မျက်လုံးနဲ့လိုက်ဖက်မှုမရှိနေဘူးဆိုရင်လည်း မျက်လုံးကိုပိုပြီးတော့ ကျဉ်းသွားစေပါတယ်။ ဒါကြောင့် မျက်လုံးအတွက်မိတ်ကပ်ပြင်ဆင်နည်းလေးတွေကို ဖော်ပြပေးမယ်နော်။

Concealer သုံးဖို့ရှောင်လိုက်တာ

မျက်ကွင်းညိုတတ်တဲ့သူတွေအတွက် Concealer သုံးဖို့က လိုကိုလိုအပ်တဲ့အရာပါပဲ။ မျက်ကွင်းညိုနေတာကို Concealer မသုံးဘဲ ဒီတိုင်းပဲမိတ်ကပ်လိမ်းလိုက်မယ်ဆိုရင် မျက်လုံးကိုသိပ်ပြီးမထင်ရှားစေတော့ဘဲ မလှမပဖြစ်နေတော့မှာပေါ့။ မျက်လုံးအောက်မှာ Concealer သုံးပေးလိုက်ရင် မျက်လုံးကိုပိုပြီးထင်ရှားစေပြီး သိသိသာသာဖြစ်စေမှာပေါ့။

Eyeshadow ခြယ်နည်းမမှန်တာ

Eyeshadow ခြယ်တယ်ဆိုတာကလည်း သူများခြယ်သလိုမျိုးလိုက်ပြီး ခြယ်နေလို့မရပါဘူး။ သူများမျက်လုံးနဲ့ကိုယ့်မျက်လုံးပုံစံခြင်းမတူနေတော့ ကိုယ့်ရဲ့မျက်လုံးပုံစံကို အရင်ဆုံးလေ့လာကြည့်ပါ။ မျက်လုံးပုံစံက ကျဉ်းနေတယ်ဆိုရင် Eyeshadow အများကြီးခြယ်သတာမျိုးက သင့်မျက်လုံးကိုပိုပြီး ကျဉ်းသွားစေမှာပဲဖြစ်ပါတယ်။

Eyeliner ဆွဲတဲ့အချိန်မှာ

Eyeliner ဆွဲတာကလည်း တော်ရုံတန်ရုံမျိုးဆွဲလို့တော့မရပါဘူး။ မျက်လုံးအရွယ်အစားတိုင်းမဆွဲပဲ မျက်လုံးထက်ပိုရှည်ပြီး ဆွဲတာမျိုးတွေက သင့်မျက်လုံးကိုကျဉ်းသွားသယောင်ဖြစ်စေပါတယ်။ သင်ကမျက်လုံးကျဉ်းတဲ့သူတစ်ယောက်ဆိုရင် Eyeliner ဆွဲတဲ့အခါမှာ ရှည်အောင်မဆွဲသင့်ဘူးနော်။

မျက်တောင်တု

မျက်တောင်တုတွေတပ်တာက လှတယ်ဆိုပေမယ့်လည်း အရမ်းထူလွန်းတဲ့ မျက်တောင်တုမျိုးကို တပ်တာက သင့်မျက်လုံးကိုကျဉ်းသွားစေနိုင်ပါတယ်။ မျက်တောင်တုရဲ့လေးလံမှုကြောင့် သင့်မျက်ခွံတွေက ပိသွားပြီးမျက်လုံးပေါက်ကို ကျဉ်းသွားစေတာပေါ့။ မျက်တောက်ဆက်တာမျိုး ပေါ့ပြီးပါးတဲ့မျက်တောင်တုမျိုးတွေကိုပဲ စမ်းကြည့်သင့်တယ်နော်။

ဒါတွေကတော့ မျက်လုံးကိုပြင်ဆင်ခြယ်သတဲ့အခါမှာ သိကိုသိထားရမယ့် အချက်တွေဖြစ်ပြီး မှားယွင်းမှုတွေကြောင့် မလှမပဖြစ်တာမျိုးတွေကို ဆင်ခြင်လို့ရစေမယ့် နည်းလမ်းကောင်းလေးတွေဖြစ်တာကြောင့် ပျိုမေတို့လည်းသေချာလိုက်မှတ်ထားပြီး ပြင်ဆင်သင့်တယ်နော်။

Photo Source: Pinterest