[Zawgyi]

တခါတေလ အခ်စ္ကရႈပ္ေထြးတတ္ပါတယ္။ ခ်စ္တယ္လို႔ ထင္ရတာေတြလည္း အခ်စ္မဟုတ္တာေတြရိွိတတ္ပါတယ္။ အခ်ိန္အၾကာႀကီး ခ်စ္သူေတြျဖစ္လာခဲ့ၾကေပမယ့္၊ လက္ထပ္ခဲ့ၾကေပမယ့္ တကယ္ပဲ သူ႔ကို ခ်စ္မိသြားသလား။

သံေယာဇဥ္ရွိတာလားဆိုတာ မေသခ်ာတဲ့သူေတြ ရွိပါတယ္။ ဒါ့ေၾကာင့္လည္း ေနာက္ပိုင္းမွာ ျပႆနာေတြျဖစ္လာၾကတာေပါ့။ တကယ္သာခ်စ္ရင္ ကိုယ္သာသူ႕ကို ခ်စ္မိသြားတာမွန္ရင္၊ အခ်စ္စစ္ဆိုတာသာ မွန္ရင္ ဒီလို လကၡဏာေတြကို သင္ေတြ႕ရမွာပါ။

၁။ အခ်စ္ဆိုတာ လုပ္ယူလို႔မရပါ

သင္ဒီတစ္ေယာက္ကိုခ်စ္မယ္။ ဒီလိုမ်ိဳး မိန္းကေလး ၊ ဒီလို ေယာက်္ားေလးမ်ိဳးကို ေရြးခ်ယ္မယ္ဆိုၿပီး သတ္မွတ္ထားလို႔မရပါဘူး။ တစံုတစ္ေယာက္ကို ခ်စ္မိသြားဖို႔ သင္ဘယ္လိုမွႀကိဳးစားလို႔မရပါဘူး။

၂။ အခ်စ္ဆိုတာ ဦးစားေပးတတ္တဲ့အရာပါ

အခ်စ္ဆိုတာ သူ႕ကို ဦးစားေပးတတ္တာမ်ိဳးပါ။ ကိုယ့္ဆႏၵေတြကို ေဘးခိ်တ္လို႔ သူ႕ဆႏၵေတြကိုပဲ ဦးစားေပးတတ္တာမ်ိဳး။ တစ္ခုခုဆို သူ႕အတြက္ စဥ္းစားေပးတတ္တာမ်ိဳးပါ။

၃။ အခ်စ္ဆိုတာ အဆံုးသတ္မရွိပါဘူး

စိတ္ကုန္သြားတာ အခ်စ္ေတြကုန္သြားတယ္ဆိုတာမရွိပါဘူး။ အခ်စ္ဆိုတာ အၿမဲတမ္း ခိုင္ၿမဲေနတာပါ။

၄။ အခ်စ္ဆိုတာ က်န္းမာေရးေကာင္းေစပါတယ္

အခ်စ္ဆိုတာ သင့္ကို စိတ္ခ်မ္းသာေစၿပီး က်န္းမာေရးေကာင္းေစပါတယ္။ လူတစ္ေယာက္ကို တကယ္ခ်စ္မိသြားရင္ သင္စိတ္ညစ္မွာမဟုတ္ပါဘူး။ သူ သင့္ကို ျပန္ခ်စ္သည္ျဖစ္ေစ၊ မခ်စ္ဘူးျဖစ္ေစ သင္ဘယ္လိုမွ စိတ္ညစ္မွာမဟုတ္ဘဲ ခ်စ္ေနရရင္ပဲ သင္ေပ်ာ္ေနမွာပါ။

၅။ စိတ္ခံစားမႈအမ်ိဳးမ်ိဳးျဖစ္ေစတယ္

သင့္ကို ေပ်ာ္ေစတယ္၊ ရယ္ေစတယ္။ သန္မာေစတယ္၊ ဝမ္းနည္းေစႏိုင္တယ္။ နာက်င္ရႏိုင္ပါတယ္။

၆။ အခ်စ္စစ္ဆိုတာ ခ်စ္သူအေပၚ တန္ဖိုးထားတာမ်ိဳးပါ

အခ်စ္စစ္သာမွန္ရင္ သူ႕ကို တန္ဖိုးထားမွာပါ။ သူ႔ရဲ႕ ဆႏၵမပါဘဲ သင္ဘာမွ လုပ္မွာမဟုတ္ပါဘူး။

၇။ အခ်စ္စစ္မွန္ရင္ သူ႕ကိုလႊမ္းမိုးဖို႔ ႀကိဳးစားမွာမဟုတ္ပါဘူး

အခ်စ္ဆိုတာ မိတ္ေဆြပါ။ အာဏာရွင္မဟုတ္ပါဘူး။ ခ်စ္သူကို ျပဳျပင္ဖို႕ လႊမ္းမိုးဖို႔ ႀကိဳးစားမွာမဟုတ္ပါဘူး။ အခ်စ္ဆိုတာ ခ်စ္သူကိုေအာင္ျမင္ေအာင္ ပံ့ပိုးေပးမယ့္ မိတ္ေဆြမ်ိဳးပါ။

၈။ အခ်စ္စစ္သာမွန္ရင္ မခက္ခဲပါဘူး

အခ်စ္စစ္သာမွန္ရင္ သူ႕ဆႏၵကိုဦးစားေပးလိုက္ဖို႔ တခါတေလ ရန္ျဖစ္စကားမ်ားရင္ေတာင္ ျပန္ေခ်ာ့ဖို႔ ၊မာနကို ခဝါခ်ဖို႔ ခက္ခဲမွာမဟုတ္ပါဘူး။

ဘယ္လိုလဲ။ သင္ေရာ အခ်စ္စစ္နဲ႔ ေတြ႕ေနၿပီလား။

[Unicode]

တခါတလေ အချစ်ကရှုပ်ထွေးတတ်ပါတယ်။ ချစ်တယ်လို့ ထင်ရတာတွေလည်း အချစ်မဟုတ်တာတွေရှိတတ်ပါတယ်။ အချိန်အကြာကြီး ချစ်သူတွေဖြစ်လာခဲ့ကြပေမယ့်၊ လက်ထပ်ခဲ့ကြပေမယ့် တကယ်ပဲ သူ့ကို ချစ်မိသွားသလား။

သံယောဇဉ်ရှိတာလားဆိုတာ မသေချာတဲ့သူတွေ ရှိပါတယ်။ ဒါ့ကြောင့်လည်း နောက်ပိုင်းမှာ ပြဿနာတွေဖြစ်လာကြတာပေါ့။ တကယ်သာချစ်ရင် ကိုယ်သာသူ့ကို ချစ်မိသွားတာမှန်ရင်၊ အချစ်စစ်ဆိုတာသာ မှန်ရင် ဒီလို လက္ခဏာတွေကို သင်တွေ့ရမှာပါ။

၁။ အချစ်ဆိုတာ လုပ်ယူလို့မရပါ

သင်ဒီတစ်ယောက်ကိုချစ်မယ်။ ဒီလိုမျိုး မိန်းကလေး ၊ ဒီလို ယောကျ်ားလေးမျိုးကို ရွေးချယ်မယ်ဆိုပြီး သတ်မှတ်ထားလို့မရပါဘူး။ တစုံတစ်ယောက်ကို ချစ်မိသွားဖို့ သင်ဘယ်လိုမှကြိုးစားလို့မရပါဘူး။

၂။ အချစ်ဆိုတာ ဦးစားပေးတတ်တဲ့အရာပါ

အချစ်ဆိုတာ သူ့ကို ဦးစားပေးတတ်တာမျိုးပါ။ ကိုယ့်ဆန္ဒတွေကို ဘေးချိတ်လို့ သူ့ဆန္ဒတွေကိုပဲ ဦးစားပေးတတ်တာမျိုး။ တစ်ခုခုဆို သူ့အတွက် စဉ်းစားပေးတတ်တာမျိုးပါ။

၃။ အချစ်ဆိုတာ အဆုံးသတ်မရှိပါဘူး

စိတ်ကုန်သွားတာ အချစ်တွေကုန်သွားတယ်ဆိုတာမရှိပါဘူး။ အချစ်ဆိုတာ အမြဲတမ်း ခိုင်မြဲနေတာပါ။

၄။ အချစ်ဆိုတာ ကျန်းမာရေးကောင်းစေပါတယ်

အချစ်ဆိုတာ သင့်ကို စိတ်ချမ်းသာစေပြီး ကျန်းမာရေးကောင်းစေပါတယ်။ လူတစ်ယောက်ကို တကယ်ချစ်မိသွားရင် သင်စိတ်ညစ်မှာမဟုတ်ပါဘူး။ သူ သင့်ကို ပြန်ချစ်သည်ဖြစ်စေ၊ မချစ်ဘူးဖြစ်စေ သင်ဘယ်လိုမှ စိတ်ညစ်မှာမဟုတ်ဘဲ ချစ်နေရရင်ပဲ သင်ပျော်နေမှာပါ။

၅။ စိတ်ခံစားမှုအမျိုးမျိုးဖြစ်စေတယ်

သင့်ကို ပျော်စေတယ်၊ ရယ်စေတယ်။ သန်မာစေတယ်၊ ဝမ်းနည်းစေနိုင်တယ်။ နာကျင်ရနိုင်ပါတယ်။

၆။ အချစ်စစ်ဆိုတာ ချစ်သူအပေါ် တန်ဖိုးထားတာမျိုးပါ

အချစ်စစ်သာမှန်ရင် သူ့ကို တန်ဖိုးထားမှာပါ။ သူ့ရဲ့ ဆန္ဒမပါဘဲ သင်ဘာမှ လုပ်မှာမဟုတ်ပါဘူး။

၇။ အချစ်စစ်မှန်ရင် သူ့ကိုလွှမ်းမိုးဖို့ ကြိုးစားမှာမဟုတ်ပါဘူး

အချစ်ဆိုတာ မိတ်ဆွေပါ။ အာဏာရှင်မဟုတ်ပါဘူး။ ချစ်သူကို ပြုပြင်ဖို့ လွှမ်းမိုးဖို့ ကြိုးစားမှာမဟုတ်ပါဘူး။ အချစ်ဆိုတာ ချစ်သူကိုအောင်မြင်အောင် ပံ့ပိုးပေးမယ့် မိတ်ဆွေမျိုးပါ။

၈။ အချစ်စစ်သာမှန်ရင် မခက်ခဲပါဘူး

အချစ်စစ်သာမှန်ရင် သူ့ဆန္ဒကိုဦးစားပေးလိုက်ဖို့ တခါတလေ ရန်ဖြစ်စကားများရင်တောင် ပြန်ချော့ဖို့ ၊မာနကို ခဝါချဖို့ ခက်ခဲမှာမဟုတ်ပါဘူး။

ဘယ်လိုလဲ။ သင်ရော အချစ်စစ်နဲ့ တွေ့နေပြီလား။