သင်က တစ်ယောက်ယောက်နဲ့ ချစ်ကြိုက်နေတဲ့အခါ၊ သင့်မှာ ချစ်ရတဲ့သူရှိလာတဲ့အခါ ဘယ်လိုအားသာချက်တွေ ပိုင်ဆိုင်နိုင်သလဲဆိုတာ သင်သိပါသလား။ ကိုယ်ချစ်ရတဲ့သူသာ ကိုယ့်အနားမှာ ရှိနေမယ်ဆိုရင် ခက်ခဲကြမ်းတမ်းတဲ့နေ့ရက်တွေက ချက်ချင်းကြီး မချိုမြိန်လာနိုင်ရင်တောင်မှ အနည်းဆုံးတော့ သင်တစ်ယောက်တည်း စိတ်အားငယ်နေမှာမဟုတ်တော့ပါဘူး။

Puuung လို့ခေါ်တဲ့ ကိုရီးယားနိုင်ငံသား ပန်းချီပညာရှင်တစ်ယောက်က နွေးထွေးတဲ့ချစ်ခြင်းမေတ္တာကို ဖော်ကျူးထားတဲ့ ပုံရိပ်လေးတွေကို ရေးဆွဲခဲ့ပါတယ်။ ဒီပုံလေးတွေကို ကြည့်ပြီးနောက်မှာ သင့်စိတ်ထဲမှာ နွေးထွေးတဲ့ခံစားချက်တစ်ခုခု ခံစားရလိမ့်မယ်လို့ တပ်အပ်ပြောရဲပါတယ်။

နှစ်ယောက်အတူတူရှိနေတဲ့အချိန်က ပျော်စရာအချိန်လေးတွေပါပဲ

စာအုပ်အတူတူဖတ်ကြမယ်

ကြောင်လေးကို အတူတူရေချိုးပေးကြမယ်

စုံတွဲလိုက်ဈေးဝယ်ထွက်ကြမယ်

အသစ်အဆန်းတစ်ခုခုကို သင်ယူလေ့လာကြမယ်

တစ်ယောက်ကို တစ်ယောက် ကြည့်ရှုစောင့်ရှောက်ခွင့်ရတာကလည်း တန်ဖိုးရှိတဲ့ အခွင့်အရေးတစ်ခုပါပဲ

တစ်ယောက်က ဝမ်းနည်းအားငယ်နေချိန်မှာ အခြားတစ်ယောက်က နှစ်သိမ့်ပေးမယ်

ဒါမှမဟုတ် ဓာတ်ပုံအတူတူရိုက်ကြမယ်

အသေးအဖွဲကိစ္စလေးတွေကို အတူတူပြုလုပ်ရင်း ပျော်စရာတွေကို ရှာဖွေကြမယ်၊ ဥပမာ ဟင်းအတူတူချက်ကြတာမျိုးပေါ့

အပြင်မှာ ရာသီဥတုအေးနေတဲ့အချိန်မျိုးဆို အပြင်မထွက်ဘဲ အိမ်ထဲမှာပဲ ရုပ်ရှင်အတူတူကြည့်ကြမယ်

ဒါမှမဟုတ် ပျော်ပျော်ပါးပါး ဆော့ကစားကြမလား

ဘာပဲဖြစ်ဖြစ်ပါ၊ ကိုယ်ချစ်တဲ့သူနဲ့သာဆို နေ့ရက်တိုင်းက လှပနေတော့တာပါပဲ

တစ်ယောက်နဲ့ တစ်ယောက်အဖော်ပြုရင်း ဘဝကို ပျော်ရွှင်စွာ ဖြတ်သန်းကြမယ်

စာဖတ်သူတွေလည်း ကိုယ်ချစ်တဲ့သူနဲ့ သက်ဆုံးတိုင် ပျော်ရွှင်စွာပေါင်းဖက်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

Source: Brightside.me