[Zawgyi]

ျမန္မာႏိုင္ငံ၏ (၆) ႀကိမ္ေျမာက္ LGBTIQ ႐ုပ္ရွင္ပြဲေတာ္ႀကီး ျပန္လာပါၿပီ။ ကြၽႏ္ုပ္တို႔ပြဲေတာ္သည္ က်င္းပမည့္ ေနရာေပါင္း ၁၀ ေနရာႏွင့္ ႀကီးသည္ထက္ႀကီးလာေလၿပီျဖစ္ပါတယ္။ သခင္ျမပန္းၿခံ ထဲတြင္ သက္တံ့ေရာင္ မ်ိဳးစုံျဖင့္ ႏိုင္ငံေက်ာ္အဆိုေတာ္ မ်ားျဖစ္ သည့္ ထြန္းအိျႏၵာဗိုလ၊္ ျဖဴျဖဴေက်ာ္သိန္း ႏွင့္ နီနီခင္ေဇာ္ တို႔၏ ေဖ်ာ္ေျဖ မႈမ်ား ႏွင့္အတူ အကမ်ား၊ ႐ုပ္ရွင္မ်ား၊ ဓါတ္ပုံျပပြဲ မ်ားႏွင့္ စည္ကားသိုက္ၿမိဳက္စြာ က်င္းပသြားမည္ျဖစ္ပါတယ္။

ယခုႏွစ္တြင္ ျမန္မာႏိုင္ငံတစ္ဝွမ္းလုံးရွိ အမ်ိဳးသားခ်င္း ခ်စ္ခင္ျမတ္ႏိုးသူမ်ား၊ အမ်ိဳးသမီးခ်င္း ခ်စ္ခင္ျမတ္ႏိုးသူ မ်ား၊ အမ်ိဳးသား ႏွင့္ အမ်ိဳးသမီး ၂ မ်ိဳးစလုံး ခ်စ္ခင္ျမတ္ႏိုးသူမ်ား၊ ဆန႔္က်င္ ဘက္လိင္ကဲ့သို႔ ေျပာင္းလဲခံယူဝ တ္ဆင္ေနထိုင္သူမ်ား၊ intersex မ်ားႏွင့္ queer အသိုင္းအဝိုင္းတို႔၏ စည္းလုံးမႈကို ေဖာ္ေဆာင္သည့္ အေနျဖင့္ “အခ်စ္မွာ အျပစ္မရွိ” ဆိုသည့္ campaign တစ္ခုကို စတင္လိုက္ပါတယ္။

Pride ပြဲကို ၿပီးခဲ့သည့္အပတ္တြင္ သက္တံ့ေရာင္မ်ား စီျခယ္ထားတဲ့ သေဘၤာ ၃ စီးေပၚမွာ လူ ၈၀၀ ေက်ာ္ပါဝင္ ဆင္ႏြဲကာ ညေန ခင္းေနဝင္ဆည္းဆာခ်ိန္တြင္ ရန္ကုန္ျမစ္ထဲ၌ အာရွ၏ တစ္ခုတည္းေသာ Boat Parade ကို စည္ကားသိုက္ၿမိဳက္စြာက်င္းပသြား ခဲ့ျပီး ျဖစ္ပါတယ္။ လာမည့္ ေနာက္အပတ္ စေန တနဂၤေႏြေန႔ တို႔တြင္ ပြဲေတာ္ကို သခင္ျမပန္းၿခံ၌ က်င္းပသြားမည္ျဖစ္ၿပီး ဇန္နဝါရီ ၂၄ ရက္ေန႔မွ ဇန္နဝါရီ ၂၆ ရက္ေန႔အထိ လူေပါင္း တစ္ေသာင္းေက်ာ္ တက္ေရာက္လာရန္ ေမ်ာ္မွန္းထားပါတယ္။ လြန္ခဲ့သည့္ ၃ ႏွစ္မွ စတင္၍ ပန္းၿခံထဲသို႔ ေျပာင္းလဲက်င္းပၿပီးခဲ့သည့္ေနာက္ပိုင္း Pride ပြဲေတာ္ဟာ ျမန္မာႏိုင္ငံ၏ LGBTIQ အသိုင္းအဝိုင္း အတြက္ အေရးအႀကီးဆုံး ႏွင့္ အျမင္သာဆုံးပြဲတစ္ခုျဖစ္လာခဲ့ပါတယ္။ ပြဲ၏ အမာခံပရိတ္သတ္မ်ားမွာ ရန္ကုန္ၿမိဳ႕ ေန မိဘျပည္သူမ်ား ျဖစ္ပါတယ္။ “ျပည္သူလူထုေတြ ၾကားထဲမွာ လက္ခံမႈ ေတြ တိုးပြားလာတာကို ရန္ကုန္ၿမိဳ႕ မွာ တင္မဟုတ္ဘဲ တျခားၿမိဳ႕နယ္ေတြမွာပါ တိုးလာတာကို ေတြ႕ျမင္ရပါတယ္” ဟု &PROUD ၏ ပူးတြဲ ဒါ႐ိုက္တာ ျဖစ္သူ ကိုလွျမတ္ထြန္းမွ ေျပာပါတယ္။

လက္ခံမႈဆိုသည့္ အရာသည္ စေနေန႔တြင္ စတင္လိုက္သည့္ “အခ်စ္မွာ အျပစ္မရွိ” Campaign အတြက္ အလြန႔္အလြန္ကို အေရးႀကီးပါတယ္။ ၎ Campaign သည္ လူမႈကြန္ယက္ မ်ားေပၚတြင္ ပ်ံ႕ႏွံ႔ေနၿပီျဖစ္ၿပီး LGBTIQ တို႔အား လူ႔ေဘာင္အတြင္း ႏွင့္ ဥပေဒ အရ တန္းတူညီမွ် ဆက္ဆံခံရေ ရး အတြက္ ေတာင္းဆိုမႈမ်ား ရွိေနၿပီ ျဖစ္ပါတယ္။ “လူတိုင္း မိမိရဲ႕ လက္သန္းေလးေတြကို ပန္းေရာင္ျခယ္ၿပီး ဓါတ္ပုံ႐ိုက္ၿပီး တင္ဖို႔၊ အဲ့ဒီလို လုပ္ျခင္းအားျဖင့္ မိမိတို႔ ပတ္ဝန္းက်င္မွာရွိတဲ့ LGBTIQ ေတြရဲ႕ လိင္စိတ္တိမ္းၫြ တ္မႈ နဲ႔ လိင္စိတ္ဝိေသသခံယူ မႈတို႔ မည္သို႔ပင္ ကြဲျပားေနပါေစ သူတို႔ကို ခ်စ္ခင္ေၾကာင္း ေထာက္ခံေၾကာင္း ျပသၿပီးသြားသလို LGBTIQ တို႔ရဲ႕ တန္းတူညီမွ်မႈအတြက္လည္း အသိအျမင္ ျမႇင့္တင္ရာ ေရာက္ပါတယ္။ ျမန္မာတစ္ျပည္လုံး ရွိ မည္သူမဆို လက္သန္းံ အပန္းေရာင္ ေျပာင္းထားတဲ့ပုံကို facebook ပုံ ေျပာင္းတင္ၿပီး Yangon Pride မွာ တစ္စိတ္တစ္ပိုင္း ပူးေပါင္းပါဝင္ဖို႔ တိုက္တြန္းခ်င္ပါတယ္” ဟု လွျမတ္ထြန္းမွ ေျပာၾကား ခဲ့ပါတယ္။

ဓါတ္ပုံျပပြဲမ်ားႏွင့္အတူ ျမန္မာႏိုင္ငံအတြင္း ေနထိုင္ၾကသည့္ LGBTIQ မ်ားအေပၚ သက္ေရာက္သည့္ ျမန္မာ့ ဥပေဒ မ်ားအေၾကာင္း အပါအဝင္ ပန္းေရာင္လက္သန္း ဓါတ္ပုံမ်ား ႐ိုက္ယူႏိုင္မည့္ ဓါတ္ပုံ႐ိုက္ရန္ေနရာ တစ္ခုပါ ျမင္ေတြ႕ရမည္ျဖစ္ေသာေၾကာင့္ ၎ Campaign ဟာ ဒီပြဲေတာ္မွာ အရမ္းထင္ရွားျမင္သာ ေနမွာပါ” ဟု Yangon Pride ကို ဦးေဆာင္က်င္းပသည့္ Willem van Rooij မွ ရွင္းျပခဲ့ပါတယ္။

“ဒါေပမယ့္ ဒီ Pride ပြဲေတာ္ဟာ အသိုင္းအဝိုင္းတစ္ခုရဲ႕အေရာင္အေသြးစုံလင္ျခင္းကို ဂုဏ္ျပဳက်င္းပျခင္းလည္း ျဖစ္ပါတယ္။ ပြဲလာသူတိုင္း လုံၿခဳံစိတ္ခ်ၿပီး လြတ္လပ္ေပါ့ပါးစြာ ပါဝင္ဆင္ႏြဲႏိုင္ရန္ ၃ ရက္ တာ LGBTIQ တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈမ်ား ႏွင့္ တကြ အေကာင္းဆုံးျဖစ္ေအာင္ ႀကိဳးစားသြားမွာပါ။ ထို႔အျပင္ ျမန္မာ့လူထု တို႔၏ အခ်စ္ေတာ္ အႏုပညာရွင္မ်ားမွလည္း ေဖ်ာ္ေျဖတင္ဆက္ေပးသြားဦးမွာ ျဖစ္သလို Drag Olympics လည္း တစ္ေက်ာ့ျပန္ ထပ္မံက်င္းပသြားဦးမွာပါ” လို႔ မစၥတာ Van Rooij မွ ဆက္လက္ရွင္းျပခဲ့ပါတယ္။ ၎ၿပိဳင္ပြဲသည္ ပြဲေတာ္၏ အသားေပးေဖာ္ျပခံရတဲ့ အရာျဖစ္ၿပီး ရန္ကုန္ၿမိဳ႕၏ အေက်ာ္ၾကားဆုံး Drag Queens မ်ားမွ ပိုက္ဆံ အိတ္အေဝးျပစ္ၿပိဳင္ပြဲ၊ ခါးလွည့္ကြင္း လွည့္ၿပိဳင္ပြဲ၊ ေဒါက္ဖိနပ္စီး အေျပးၿပိဳင္ပြဲ စသည့္ ၿပိဳင္ပြဲမ်ားမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားၾကဦးမွာ ျဖစ္ပါတယ္။

ၿပီးခဲ့သည့္ႏွစ္အတြင္း LGBTIQ အေရးအား လက္ခံတိုးတက္လာေအာင္ မနားမေန ႀကိဳးႀကိဳးစားစား လုပ္ေဆာင္ ခဲ့ၾကသည့္ LGBTIQ ပုဂိုလ္၊ အဖြဲ႕အစည္း ႏွင့္ မဟာမိတ္တို႔ကို ႏွစ္စဥ္ သူရဲေကာင္းဆု ခ်ီးျမႇင့္သည့္ ဆုေပးပြဲ အခမ္းအနား Gala ညေနခင္း ကိုလည္း ပြဲ၏ highlight တစ္ခုအျဖစ္ ဇန္နဝါရီ ၂၅ ရက္ေန႔ မွာ က်င္းပသြားမွာ ျဖစ္ပါတယ္။ ကမာၻ႔အလယ္တြင္ Miss Universe ၿပိဳင္ပြဲသမိုင္းတစ္ေလွ်ာက္ မိမိကိုယ္ကိုယ္ Lesbian တစ္ေယာက္ျဖစ္သည္ဟု ပထမဦးဆုံး သတၱိရွိရွိ coming out လုပ္ခဲ့သည့္ ေဆြဇင္ထက္ အားဆုခ်ီးျမႇင့္မည္ကို ေၾကျငာၿပီး ျဖစ္ပါတယ္။

Pride ပြဲေတာ္၏ ေနာက္ဆုံးရက္သတၱပတ္ကို ဇန္နဝါရီ ၃၁ ရက္ေန႔မွ ေဖေဖာ္ဝါရီ ၂ ရက္ေန႔အထိ ျပင္သစ္ ယဥ္ေက်းမႈဌာနတြင္ ႐ုပ္ရွင္မ်ား၊ စကားဝိုင္းမ်ား၊ ျပဇာတ္မ်ား၊ ျမန္မာႏိုင္ငံအဆိုေတာ္ Ar-T ၊ ထိုင္းႏိုင္ငံ နာမည္ ႀကီး Drag Queen မ်ားျဖစ္ၾကသည့္ Annee Maywong ႏွင့္ Dearis Doll တို႔၏ ေဖ်ာ္ေျဖတင္ဆက္မႈ မ်ားႏွင့္တ ကြ ၿမိဳင္ၿမိဳင္ဆိုင္ဆိုင္က်င္းပသြားမည္ျဖစ္ပါတယ္။ ပြဲြမ်ားအားလုံးသည္ လက္မွတ္မလိုအခမဲ့ပြဲမ်ားျဖစ္ပါတယ္။ Yangon Pride ကို နယ္သာလန္သံ႐ုံး၊ ယူေကသံ႐ုံး ႏွင့္ HBF ေဖာင္ေဒးရွင္းတို႔မွ ကူညီပံ့ပိုးေပးထားပါတယ္။

&PROUD ကို ၂၀၁၄ ခုႏွစ္ မွ စ၍ အက်ိဳးအျမတ္မယူေသာ အဖြဲ႕အစည္းတစ္ခုအျဖစ္ စတင္တည္ေထာင္ခဲ့ပါ တယ္။ &PROUD သည္ ျမန္မာႏိုင္ငံအတြင္းရွိ LGBTIQ အသိုင္းအဝိုင္းတို႔၏ ျဖစ္တည္မႈ ႏွင့္ မတူကြဲျပားမႈမ်ား ကို အမ်ားျပည္သူမ်ား သိရွိနားလည္လက္ခံေပးႏိုင္ရန္၊ ျမန္မာ့လူ႔ေဘာင္ အသိုင္းအဝန္းမ်ား ၾကားတြင္ LGBTIQ တို႔၏ အခြင့္အေရးအေၾကာင္းကို ပိုၿပီးေဆြးေႏြးလာေစရန္ႏွင့္ ၎တို႔ႏွင့္ ပိုမိုခိုင္မာေသာ ရင္းႏွီးမႈမ်ား တိုးလာေစ ရန္ ရည္႐ြယ္၍ ပြဲမ်ားကို က်င္းပေပးလ်က္ရွိပါတယ္။

Yangon Pride ကို ဦးေဆာင္က်င္းပေပးသည့္အျပင္ &PROUD သည္ စမ္းေခ်ာင္းၿမိဳ႕နယ္ တြင္ community စင္တာ တစ္ခုဖြင့္ထားၿပီး စိတ္ပိုင္းဆိုင္ရာႏွစ္သိမ့္နားေထာင္ေပးသည့္ “ရင္ဖြင့္ရာ” အစီအစဥ္ ႏွင့္ ျမန္မာႏိုင္ငံရွိ ၿမိဳ႕ႀကီးမ်ားသို႔ LGBT တို႔၏ ဘဝပုံေဖာ္႐ုပ္ရွင္မ်ား သယ္ေဆာင္သြားျပသေပးသည့္ On The Road အစီအစဥ္ ကို လည္း ဦးေဆာင္က်င္းပျပဳလုပ္ေပးလ်က္ရွိပါတယ္။

[Unicode]

မြန်မာနိုင်ငံ၏ (၆) ကြိမ်မြောက် LGBTIQ ရုပ်ရှင်ပွဲတော်ကြီး ပြန်လာပါပြီ။ ကျွန်ုပ်တို့ပွဲတော်သည် ကျင်းပမည့် နေရာပေါင်း ၁၀ နေရာနှင့် ကြီးသည်ထက်ကြီးလာလေပြီဖြစ်ပါတယ်။ သခင်မြပန်းခြံ ထဲတွင် သက်တံ့ရောင် မျိုးစုံဖြင့် နိုင်ငံကျော်အဆိုတော် များဖြစ် သည့် ထွန်းအိန္ဒြာဗိုလ၊် ဖြူဖြူကျော်သိန်း နှင့် နီနီခင်ဇော် တို့၏ ဖျော်ဖြေ မှုများ နှင့်အတူ အကများ၊ ရုပ်ရှင်များ၊ ဓါတ်ပုံပြပွဲ များနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမည်ဖြစ်ပါတယ်။

ယခုနှစ်တွင် မြန်မာနိုင်ငံတစ်ဝှမ်းလုံးရှိ အမျိုးသားချင်း ချစ်ခင်မြတ်နိုးသူများ၊ အမျိုးသမီးချင်း ချစ်ခင်မြတ်နိုးသူ များ၊ အမျိုးသား နှင့် အမျိုးသမီး ၂ မျိုးစလုံး ချစ်ခင်မြတ်နိုးသူများ၊ ဆန့်ကျင် ဘက်လိင်ကဲ့သို့ ပြောင်းလဲခံယူဝ တ်ဆင်နေထိုင်သူများ၊ intersex များနှင့် queer အသိုင်းအဝိုင်းတို့၏ စည်းလုံးမှုကို ဖော်ဆောင်သည့် အနေဖြင့် “အချစ်မှာ အပြစ်မရှိ” ဆိုသည့် campaign တစ်ခုကို စတင်လိုက်ပါတယ်။

Pride ပွဲကို ပြီးခဲ့သည့်အပတ်တွင် သက်တံ့ရောင်များ စီခြယ်ထားတဲ့ သင်္ဘော ၃ စီးပေါ်မှာ လူ ၈၀၀ ကျော်ပါဝင် ဆင်နွဲကာ ညနေ ခင်းနေဝင်ဆည်းဆာချိန်တွင် ရန်ကုန်မြစ်ထဲ၌ အာရှ၏ တစ်ခုတည်းသော Boat Parade ကို စည်ကားသိုက်မြိုက်စွာကျင်းပသွား ခဲ့ပြီး ဖြစ်ပါတယ်။ လာမည့် နောက်အပတ် စနေ တနင်္ဂနွေနေ့ တို့တွင် ပွဲတော်ကို သခင်မြပန်းခြံ၌ ကျင်းပသွားမည်ဖြစ်ပြီး ဇန်နဝါရီ ၂၄ ရက်နေ့မှ ဇန်နဝါရီ ၂၆ ရက်နေ့အထိ လူပေါင်း တစ်သောင်းကျော် တက်ရောက်လာရန် မျော်မှန်းထားပါတယ်။ လွန်ခဲ့သည့် ၃ နှစ်မှ စတင်၍ ပန်းခြံထဲသို့ ပြောင်းလဲကျင်းပပြီးခဲ့သည့်နောက်ပိုင်း Pride ပွဲတော်ဟာ မြန်မာနိုင်ငံ၏ LGBTIQ အသိုင်းအဝိုင်း အတွက် အရေးအကြီးဆုံး နှင့် အမြင်သာဆုံးပွဲတစ်ခုဖြစ်လာခဲ့ပါတယ်။ ပွဲ၏ အမာခံပရိတ်သတ်များမှာ ရန်ကုန်မြို့ နေ မိဘပြည်သူများ ဖြစ်ပါတယ်။ “ပြည်သူလူထုတွေ ကြားထဲမှာ လက်ခံမှု တွေ တိုးပွားလာတာကို ရန်ကုန်မြို့ မှာ တင်မဟုတ်ဘဲ တခြားမြို့နယ်တွေမှာပါ တိုးလာတာကို တွေ့မြင်ရပါတယ်” ဟု &PROUD ၏ ပူးတွဲ ဒါရိုက်တာ ဖြစ်သူ ကိုလှမြတ်ထွန်းမှ ပြောပါတယ်။

လက်ခံမှုဆိုသည့် အရာသည် စနေနေ့တွင် စတင်လိုက်သည့် “အချစ်မှာ အပြစ်မရှိ” Campaign အတွက် အလွန့်အလွန်ကို အရေးကြီးပါတယ်။ ၎င်း Campaign သည် လူမှုကွန်ယက် များပေါ်တွင် ပျံ့နှံ့နေပြီဖြစ်ပြီး LGBTIQ တို့အား လူ့ဘောင်အတွင်း နှင့် ဥပဒေ အရ တန်းတူညီမျှ ဆက်ဆံခံရေ ရး အတွက် တောင်းဆိုမှုများ ရှိနေပြီ ဖြစ်ပါတယ်။ “လူတိုင်း မိမိရဲ့ လက်သန်းလေးတွေကို ပန်းရောင်ခြယ်ပြီး ဓါတ်ပုံရိုက်ပြီး တင်ဖို့၊ အဲ့ဒီလို လုပ်ခြင်းအားဖြင့် မိမိတို့ ပတ်ဝန်းကျင်မှာရှိတဲ့ LGBTIQ တွေရဲ့ လိင်စိတ်တိမ်းညွ တ်မှု နဲ့ လိင်စိတ်ဝိသေသခံယူ မှုတို့ မည်သို့ပင် ကွဲပြားနေပါစေ သူတို့ကို ချစ်ခင်ကြောင်း ထောက်ခံကြောင်း ပြသပြီးသွားသလို LGBTIQ တို့ရဲ့ တန်းတူညီမျှမှုအတွက်လည်း အသိအမြင် မြှင့်တင်ရာ ရောက်ပါတယ်။ မြန်မာတစ်ပြည်လုံး ရှိ မည်သူမဆို လက်သန်းံ အပန်းရောင် ပြောင်းထားတဲ့ပုံကို facebook ပုံ ပြောင်းတင်ပြီး Yangon Pride မှာ တစ်စိတ်တစ်ပိုင်း ပူးပေါင်းပါဝင်ဖို့ တိုက်တွန်းချင်ပါတယ်” ဟု လှမြတ်ထွန်းမှ ပြောကြား ခဲ့ပါတယ်။

ဓါတ်ပုံပြပွဲများနှင့်အတူ မြန်မာနိုင်ငံအတွင်း နေထိုင်ကြသည့် LGBTIQ များအပေါ် သက်ရောက်သည့် မြန်မာ့ ဥပဒေ များအကြောင်း အပါအဝင် ပန်းရောင်လက်သန်း ဓါတ်ပုံများ ရိုက်ယူနိုင်မည့် ဓါတ်ပုံရိုက်ရန်နေရာ တစ်ခုပါ မြင်တွေ့ရမည်ဖြစ်သောကြောင့် ၎င်း Campaign ဟာ ဒီပွဲတော်မှာ အရမ်းထင်ရှားမြင်သာ နေမှာပါ” ဟု Yangon Pride ကို ဦးဆောင်ကျင်းပသည့် Willem van Rooij မှ ရှင်းပြခဲ့ပါတယ်။

“ဒါပေမယ့် ဒီ Pride ပွဲတော်ဟာ အသိုင်းအဝိုင်းတစ်ခုရဲ့အရောင်အသွေးစုံလင်ခြင်းကို ဂုဏ်ပြုကျင်းပခြင်းလည်း ဖြစ်ပါတယ်။ ပွဲလာသူတိုင်း လုံခြုံစိတ်ချပြီး လွတ်လပ်ပေါ့ပါးစွာ ပါဝင်ဆင်နွဲနိုင်ရန် ၃ ရက် တာ LGBTIQ တို့၏ ဖျော်ဖြေတင်ဆက်မှုများ နှင့် တကွ အကောင်းဆုံးဖြစ်အောင် ကြိုးစားသွားမှာပါ။ ထို့အပြင် မြန်မာ့လူထု တို့၏ အချစ်တော် အနုပညာရှင်များမှလည်း ဖျော်ဖြေတင်ဆက်ပေးသွားဦးမှာ ဖြစ်သလို Drag Olympics လည်း တစ်ကျော့ပြန် ထပ်မံကျင်းပသွားဦးမှာပါ” လို့ မစ္စတာ Van Rooij မှ ဆက်လက်ရှင်းပြခဲ့ပါတယ်။ ၎င်းပြိုင်ပွဲသည် ပွဲတော်၏ အသားပေးဖော်ပြခံရတဲ့ အရာဖြစ်ပြီး ရန်ကုန်မြို့၏ အကျော်ကြားဆုံး Drag Queens များမှ ပိုက်ဆံ အိတ်အဝေးပြစ်ပြိုင်ပွဲ၊ ခါးလှည့်ကွင်း လှည့်ပြိုင်ပွဲ၊ ဒေါက်ဖိနပ်စီး အပြေးပြိုင်ပွဲ စသည့် ပြိုင်ပွဲများမှာ ဝင်ရောက် ယှဉ်ပြိုင်သွားကြဦးမှာ ဖြစ်ပါတယ်။

ပြီးခဲ့သည့်နှစ်အတွင်း LGBTIQ အရေးအား လက်ခံတိုးတက်လာအောင် မနားမနေ ကြိုးကြိုးစားစား လုပ်ဆောင် ခဲ့ကြသည့် LGBTIQ ပုဂိုလ်၊ အဖွဲ့အစည်း နှင့် မဟာမိတ်တို့ကို နှစ်စဉ် သူရဲကောင်းဆု ချီးမြှင့်သည့် ဆုပေးပွဲ အခမ်းအနား Gala ညနေခင်း ကိုလည်း ပွဲ၏ highlight တစ်ခုအဖြစ် ဇန်နဝါရီ ၂၅ ရက်နေ့ မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့အလယ်တွင် Miss Universe ပြိုင်ပွဲသမိုင်းတစ်လျှောက် မိမိကိုယ်ကိုယ် Lesbian တစ်ယောက်ဖြစ်သည်ဟု ပထမဦးဆုံး သတ္တိရှိရှိ coming out လုပ်ခဲ့သည့် ဆွေဇင်ထက် အားဆုချီးမြှင့်မည်ကို ကြေငြာပြီး ဖြစ်ပါတယ်။

Pride ပွဲတော်၏ နောက်ဆုံးရက်သတ္တပတ်ကို ဇန်နဝါရီ ၃၁ ရက်နေ့မှ ဖေဖော်ဝါရီ ၂ ရက်နေ့အထိ ပြင်သစ် ယဉ်ကျေးမှုဌာနတွင် ရုပ်ရှင်များ၊ စကားဝိုင်းများ၊ ပြဇာတ်များ၊ မြန်မာနိုင်ငံအဆိုတော် Ar-T ၊ ထိုင်းနိုင်ငံ နာမည် ကြီး Drag Queen များဖြစ်ကြသည့် Annee Maywong နှင့် Dearis Doll တို့၏ ဖျော်ဖြေတင်ဆက်မှု များနှင့်တ ကွ မြိုင်မြိုင်ဆိုင်ဆိုင်ကျင်းပသွားမည်ဖြစ်ပါတယ်။ ပွဲများအားလုံးသည် လက်မှတ်မလိုအခမဲ့ပွဲများဖြစ်ပါတယ်။ Yangon Pride ကို နယ်သာလန်သံရုံး၊ ယူကေသံရုံး နှင့် HBF ဖောင်ဒေးရှင်းတို့မှ ကူညီပံ့ပိုးပေးထားပါတယ်။

&PROUD ကို ၂၀၁၄ ခုနှစ် မှ စ၍ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအဖြစ် စတင်တည်ထောင်ခဲ့ပါ တယ်။ &PROUD သည် မြန်မာနိုင်ငံအတွင်းရှိ LGBTIQ အသိုင်းအဝိုင်းတို့၏ ဖြစ်တည်မှု နှင့် မတူကွဲပြားမှုများ ကို အများပြည်သူများ သိရှိနားလည်လက်ခံပေးနိုင်ရန်၊ မြန်မာ့လူ့ဘောင် အသိုင်းအဝန်းများ ကြားတွင် LGBTIQ တို့၏ အခွင့်အရေးအကြောင်းကို ပိုပြီးဆွေးနွေးလာစေရန်နှင့် ၎င်းတို့နှင့် ပိုမိုခိုင်မာသော ရင်းနှီးမှုများ တိုးလာစေ ရန် ရည်ရွယ်၍ ပွဲများကို ကျင်းပပေးလျက်ရှိပါတယ်။

Yangon Pride ကို ဦးဆောင်ကျင်းပပေးသည့်အပြင် &PROUD သည် စမ်းချောင်းမြို့နယ် တွင် community စင်တာ တစ်ခုဖွင့်ထားပြီး စိတ်ပိုင်းဆိုင်ရာနှစ်သိမ့်နားထောင်ပေးသည့် “ရင်ဖွင့်ရာ” အစီအစဉ် နှင့် မြန်မာနိုင်ငံရှိ မြို့ကြီးများသို့ LGBT တို့၏ ဘဝပုံဖော်ရုပ်ရှင်များ သယ်ဆောင်သွားပြသပေးသည့် On The Road အစီအစဉ် ကို လည်း ဦးဆောင်ကျင်းပပြုလုပ်ပေးလျက်ရှိပါတယ်။