အားလုံးပဲမင်္ဂလာပါနော်။ စာဖတ်သူတို့ထဲမှာ အသက် ၂၀ ကျော် တွေရှိလားရှင့်။ အသက် ၂၀ ကျော်လာပြီဆိုရင် သိပ်ကို စိတ်လှုပ်ရှားစရာပါပဲ။ ကိုယ့်ရဲ့ တက္ကသိုလ်ကျောင်းတွေလည်းပြီးလို့ အလုပ်ထဲ ဝင်ရောက်နေတော့မယ့် အရွယ်၊ တချို့ကလည်း ဝင်ရောက်ပြီးအရွယ်ပေါ့။ စိန်ခေါ်မှုတွေနဲ့ ပြည့်နေတဲ့လောကကြီးကို စိန်ခေါ်နေမယ့် အရွယ်ဆိုလည်းမမြှးပါဘူးနော်။

အခုလို ၂၀ ကျော်သက်လေးအနေနဲ့ လောက ကြီးရဲ့ ဘယ်လိုအကြောင်းအရာတွေကို သိလာနိုင်မလဲဆိုတာ မျှဝေပေးချင်ပါတယ်။

၁။ မိဘနဲ့ ရန်ဖြစ်နေလို့လည်း ဘာမှမထူးဘူး

မိဘနဲ့ ဆက်ဆံရေး မိသားစုနဲ့ ဆက်ဆံရေးပိုပြီးအရေးပါလာတယ်ဆိုတာ သိလာပါလိမ့်မယ်။ အပေါ်ယံ သူငယ်ချင်းတွေဆိုတာလည်း ယာယီ၊ သင့်ရည်းစားဆိုတာလည်း ယာယီပါပဲ။

၂။ ပိုက်ဆံစုတယ်ဆိုတာ တကယ်ကိုအရေးကြီးတယ်

ဟုတ်ပါတယ်။ ပိုက်ဆံစုဖို့ သိပ်အရေးကြီးပါတယ်။ အနာဂတ်အတွက် ဘာအစီအစဉ်မှမရှိသေးဘူးဆိုရင် ပိုက်ဆံစုထားသင့်ပါတယ်။ မဟုတ်ရင်တော့ လကုန်ရက်ကိုမျှော်၊ လကုန်ပြီး သိပ်မကြာခင် အကြွေးဆပ်တာနဲ့ ကုန်နေတဲ့ဘဝမျိုးကိုပဲ ရနိုင်မှာပါ။

၃။ ရိုးသားခြင်း နဲ့ ကြိုးစားခြင်းက အကောင်းဆုံးအကျင့်စရိုက်တွေပဲဆိုတာ နားလည်လာမယ်

သင့်ဘေးနားက သူငယ်ချင်းတွေကိုလည်း အခုလိုရိုးသားတဲ့သူမျိုး၊ ကြိုးစားပြီးချင့်ချိန်နိုင်စွမ်းရှိသူမျိုးကိုပဲ သင်ရွေးချယ်ချင်လာမှာဖြစ်ပါတယ်။

၎။ စောစောစီးစီး စွန့်စားတာကောင်းတယ်

အသက်ငယ်တုန်း စွန့်စွန့်စားစား အလုပ်လုပ်တာပိုကောင်းတယ်ဆိုတာ သင်သိလာပါလိမ့်မယ်။ တစ်ခုခုအတွက် အချိန်အကြာကြီး စောင့်ဆိုင်းတွေဝေနေတာမျိုးမဟုတ်ဘဲဖြစ်ချင်တာ၊ ဖြစ်သင့်တာကို စွန့်စွန့်စားစား လုပ်တာအကောင်းဆုံးပါပဲ။

၅။ တခြားသူတွေလည်း သင့်လောက်မတော်သလို သင်လည်း တခြားသူတွေထက်မတော်ပါဘူး

ဘူတိုင်းက အတူတူပါပဲ။ ကြိုးစားတဲ့သူနဲ့ မကြိုးစားတဲ့သူပဲ ကွာသွားတာပါ။ တကယ်တော့ ပိုကြိုးစားပြီး ပိုဇွဲရှိတဲ့သူက အောင်မြင်မှာဖြစ်ပါတယ်။

၆။ တချို့အရာတွေက ဖွင့်မပြောတာကောင်းတယ်

တချို့သော အရာတွေက ဖွင့်မပြောဘဲ ဒီအတိုင်းထားတာ ပိုကောင်းပါတယ်။

၇။ ပိုက်ဆံဆိုတာ သစ်ပင်လို မကြီးထွားလာသလို ပွားများမလာပါဘူး

ပိုက်ဆံဆိုတာ သင်ရှာမှ သင်ရတာပါ။ သစ်ပင်လို မကြီးထွားလာသလို ဒီအတိုင်းလည်း တိုးပွားမလာပါဘူး။

၈။ အလျင်မလိုတာအကောင်းဆုံးပဲ

အသက် ၂၀ ကျော်ဆိုတာ တကယ်တော့ ငယ်ငယ်လေးပဲရှိပါသေးတယ်။ တချို့က ၂၀ ကျော်မှာ လက်ထပ်ကြတယ်၊ မိသားစုတစ်ခုကို ထူထောင်ကြပါတယ်။ ဒါပေမယ့် သင်တကယ်ချစ်တဲ့သူ၊ သင်တကယ် လက်တွဲရမယ့်သူမတွေ့သေးဘဲ လူတိုင်းလုပ်နေတဲ့အရာမို့လို့ လုပ်ရမယ်ဆိုတဲ့ စိတ်မျိုး မထားပါနဲ့။

၉။ အိပ်မက်ဆိုတာ အမြဲတမ်းတကယ်ဖြစ်မလာပါဘူး

အိပ်မက်ကို အကောင်းအထည်ဖော်ဖို့ ခက်ခဲပါတယ်။ ဒါပေမယ့် မဖြစ်နိုင်ဘူးလို့ ဆိုလိုတာမဟုတ်ပါဘူး။ သင်ကျောင်းတုန်းက စိတ်ကူးထားတဲ့ ရည်မှန်းထားတဲ့ အိပ်မက်တွေတိုင်းက အမြဲတမ်းတကယ်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒါပေမယ့် မျှော်လင့်ချက် ကြီးကြီးထားပါ။

Source: www.brightside.me

By: MyStyle Myanmar