အင်္ကျီလက်ပြတ်ဝတ်ရင်ဖြစ်ဖြစ်၊ အတိုအပြတ်ဝတ်ရင်ဖြစ်ဖြစ် ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်ရှိနေစေဖို့ဆိုရင် သင့်ဒူးခေါင်းနဲ့ တဒေါင်ဆစ် အသားအရေလေး ညိုမည်းပျက်စီးမနေစေဖို့ လိုအပ်ပါတယ်။ အလှအပဂရုစိုက်တဲ့သူတွေအတွက်တော့ ဒူးခေါင်းနဲ့ တဒေါင်ဆစ် ချိုင်းကြားအသားအရေတို့ဆိုတာ ပစ်ပယ်ထားလို့မရတဲ့ နေရာတွေပါပဲ။

၁။ သကြားနဲ့ သံပုယိုသီး (သို့) သံပုရာသီး

သကြား စားပွဲတင်ဇွန်း ၂ ဇွန်း

သံပုယိုရည် (သို့) သံပုရာရည် စားပွဲတင်ဇွန်း ၂ ဇွန်း

ပါဝင်ပစ္စည်းတွေကို ခွက်တစ်လုံးထဲထည့်လိုက်ပြီး သေချာရောလိုက်ပါ။ ပြီးရင် တဒေါင်ဆစ်၊ ဒူးခေါင်းနဲ့ ချိုင်းခြားအသားအရေကိုလိမ်းပေးပါ။ ၂ မိနစ် ၃ မိနစ်လောက် ညင်သာစွာပွတ်ပေးပါ။ ပြီးရင် မိနစ် ၂၀ လောက်ထားပြီး ရေဆေးချပါ။ တစ်ပတ်ကို ၂ ကြိမ် (သို့) ၃ ကြိမ်လုပ်ပေးနိုင်ပါတယ်။

(သို့)

သံပုရာသီးတစ်ခြမ်း(သို့) သံပုယိုသီးတစ်ခြမ်းပေါ်ကို သကြားဖြူးပေးပြီး ပွတ်ပေးလို့လည်းရပါတယ်။

၂။ သံပုယိုသီး (သို့) သံပုရာသီး နဲ့ မုန့်ဖုတ်ဆိုဒါ

သံပုယိုသီး(သို့) သံပုရာသီး တစ်ခြမ်းကို အရည်ညှစ်ပါ။

မုန့်ဖုတ်ဆိုဒါ စားပွဲတင်ဇွန်း ၂ ဇွန်းယူပါ။

ပြီးရင် ခွက်တစ်လုံးထဲကိုထည့်လိုက်ပြီး သေချာမွှေပေးပါ။ အဲဒီနောက် ဒူးခေါင်း၊ တဒေါင်နဲ့ ချိုင်းကြားအသားအရေကိုလိမ်းပေးပါ။ ၁၅ မိနစ်လောက်ထားပြီး ရေဆေးချပါ။

(သို့)

သံပုရာသီးတစ်ခြမ်း(သို့) သံပုယိုသီးတစ်ခြမ်းပေါ်ကို မုန့်ဖုတ်ဆိုဒါဖြူးပေးပြီး ပွတ်ပေးလို့လည်းရပါတယ်။

၃။ အုတ်ဂျုံနဲ့ နွားနို့

အုတ်ဂျုံဆိုတာဘာလဲလို့မေးနေကြလို့ အုတ်ဂျုံဆိုတာ ကွေကာအုတ်လုပ်တဲ့ အုတ်ဂျုံပါ။ စူပါမားကတ်တွေမှာ ဝယ်လို့ရပါတယ်နော်။

အုတ်ဂျုံ စားပွဲတင်ဇွန်း ၂ ဇွန်း

နို့ စားပွဲတင်ဇွန်း ၅ ဇွန်း

ပါဝင်ပစ္စည်းနှစ်မျိုးလုံးကိုခွက်တစ်လုံးထဲထည့်ပြီး သေချာမွှေလိုက်ပါ။ ပြီးရင် ဒူး၊ တဒေါင်၊ ချိုင်းကြားအသားအရေကိုလိမ်းပေးပြီး မိနစ် ၂၀ လောက်ထားပါ။ အဲဒီနောက် ရေဆေးချလိုက်ပါ။ တစ်ပတ်ကို ၃ ကြိမ်လုပ်နိုင်ပါတယ်။

မှတ်ချက် – အခုဖော်ပြခဲ့တဲ့ နည်းလမ်းတွေထဲက မိမိနှစ်သက်တဲ့ နည်းလမ်းကိုသုံးနိုင်ပါတယ်။ ဒီလိုမျိုး လုပ်ပေးပြီးရင် နေပူထဲမထွက်စေချင်ပါဘူး။ ဒါကြောင့် ညနေပိုင်း (သို့) ညအိပ်ယာမဝင်ခင်လုပ်ပေးတာ ပိုကောင်းပါတယ်။