အားလုံးပဲမင်္ဂလာပါနော်။ အရမ်းချစ်ရတဲ့ ချစ်သူနဲ့ နောက်ဘဝအဆက်ဆက် မပေါင်းရရင်တောင် ဒီဘဝမှာတော့ သက်ဆုံးတိုင် အတူတူနေချင်ကြတာ သဘာဝကျပါတယ်။

ရင်ထဲ အသည်းထဲက ချစ်ရသူတစ်ယောက်နဲ့အတူ တစ်ဘဝလုံး အတူတူရှိရမယ်ဆိုတာ ကြည်နူးရင်ခုန်စရာပါပဲ။

ကိုရီးယားအနုပညာရှင် Puuung ကလည်း နွေးထွေးတဲ့ အိမ်ထောင်ရေးတစ်ခုကို ပုံဖော်ရင်းရေးဆွဲထားတဲ့ ပုံလေးတွေရှိပါတယ်။

သက်ဆုံးတိုင် အတူတူနေကြတဲ့အခါ ပြုလုပ်လေ့ရှိတဲ့ ကြည်နူးစရာ ပုံလေးတွေပါ။

နှစ်ယောက်အတူရှိရတာဟာ ဘယ်လောက် အံ့သြစရာကောင်းလိုက်သလဲ

စာအုပ်ကိုအတူတူဖတ်ရင်း ခံစားချက်တွေ အတူတူမျှဝေကြတဲ့အခိုက်အတန့်

အိမ်မွေးတိရစ္ဆာန်လေးတွေကို အတူတူ ရေချိုးပေးကြမယ်

အတူတူ ဈေးဝယ်ထွက်ကြမယ်

အသစ်တွေကို သင်ယူကြမယ်

တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန် ဂရုစိုက်တာလောက် ပြီးပြည့်စုံတာမျိုး ဘယ်မှာရှိပါ့

မျက်ရည်တွေကို သုတ်ပေးမယ်

အပျော်ပုံလေးတွေ အတူတူ ရိုက်မယ်

ဟင်းချက်တာလို ရိုးရှင်းတဲ့အရာတွေအတူတူလုပ်ရင်းနဲ့လည်း ပျော်ရွှင်မှုတွေ မျှဝေနိုင်တယ်

အပြင်မှာ ရာသီဥတု အေးတဲ့အခါ တီဗီ အတူတူ ကြည့်ကြမယ်

ဒါမှမဟုတ် အတူတူ ကစားကြမယ်

နေ့စဉ်လုပ်ရှားမှုတိုင်း ရှင်သန်မှုတိုင်းက အဓိပ္ပာယ်ပိုရှိလာတယ်

ပိုပြီးနွေးထွေးလာတယ်

အတူတူသာဆိုရင် လုံးခြုံမှုအပြည့်ရှိတယ်

တစ်သက်လုံး အတူတူ နေသွားကြရအောင်ချစ်သူ

Source: www.brightside.me

By: MyStyle Myanmar