အားလုံးပဲ မင်္ဂလာပါ၊ ဂင်ဘို့ဂျူဆိုတဲ့ ဇာတ်ကောင်နဲ့ ပရိတ်သတ်တွေရဲ့အသည်းနှလုံးကို ဖမ်းစားထားတဲ့ ကိုရီးယားမင်းသမီးချောလေး Lee Sung Kyung ကို အားလုံးသိပြီးသားဖြစ်မှာပါ။ သူမက ၁၉၉၀ ခုနှစ်၊ သြဂုတ်လ ၁၀ ရက်နေ့မှာ မွေးဖွားပြီးတော့ အိုသွေးအမျိုးအစားပါ။ သူမရဲ့အရပ်က ၅ ပေ ၉ လက်မရှိတာဆိုတော့ နည်းနည်းနောနောအရပ်မှ မဟုတ်ပဲ။

သူမက မော်ဒယ်အဖြစ်စလုပ်ရင်းနဲ့ အနုပညာလောကထဲကို စတင်ဝင်ရောက်လာတာပါ။ Weightlifting Fairy Kim Bok-Joo ကားထဲမှာ သရုပ်ဆောင်ဖို့ ကိုယ်အလေးချိန်တက်လာအောင် ကြိုးစားခဲ့ရပါသေးတယ်။ သူမရဲ့ဖက်ရှင်လေးတွေကိုလည်း စာဖတ်သူတွေ စိတ်ဝင်စားမယ်လို့ မျှော်လင့်ပါတယ်။

ဂါဝန်တိုလေးနဲ့ လှနေတဲ့ သူမ

ဂါဝန်အရှည်နဲ့လည်း ကြည့်ကောင်းနေပြန်ရော

ဂျင်းဘောင်းဘီဖက်ရှင်

ဘောင်းဘီအတို ဖက်ရှင်

ဘောင်းဘီအရှည် ဖက်ရှင်

စကပ်အတို ဖက်ရှင်

ခရီးသွားတဲ့အခါ ဝတ်ဆင်တဲ့ လေဆိပ်ဖက်ရှင်

စာဖတ်သူတွေထဲမှာရော သူမရဲ့ချစ်ပရိတ်သတ် ဘယ်နှယောက်ရှိလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Source: Pinterest.com