ယနေ့ခေတ် မြန်မာနိုင်ငံရဲ့ လူမှုအသိုင်းအဝိုင်းဟာ ခေါင်းဆောင်မှုကို ပိုပြီးအလေးထားလာတာကို တွေ့ရပါတယ်။ အင်္ဂလိပ်စကားလုံးအရဆိုရင် Leadership ဆိုတဲ့ စကားလုံးပေါ့။ စီးပွားရေး၊ စံမန်ခံခွဲရေး၊ နိုင်ငံရေး၊ ငြိမ်းချမ်းရေး ဘယ်အရေးကိုပဲ ကြည့်လိုက်ကြည့်လိုက် ခေါင်းဆောင်မှုဆိုသော စကားလုံးမပါရင် ပွဲမစည်သလို ဖြစ်နေတတ်တဲ့အပြင် အဲဒီခေါင်းဆောင်မှုသဘောတရားကလည်း အနောက်တိုင်းအယူအဆတွေက လွှမ်းမိုးထားတာကို တွေ့ရပါလိမ့်မယ်။ ဒါဟာ မကောင်းဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ တိုင်းပြည်အတွက် လိုအပ်မှုရှိရင်တော့ ဘယ်သဘောတရားကိုမဆို အသုံးပြုရမှာပဲဖြစ်တယ်။

ယခုဆွေးနွေးပေးချင်တာတော့ ဟိုးရှေးပဝေသဏီအချိန်ကတည်းက မြန်မာတွေ ယူဆထားတဲ့ ခေါင်းဆောင် လုပ်မယ့်သူတစ်ဦးရဲ့ ရှိသင့်တဲ့ အရည်အချင်းတွေပဲဖြစ်ပါတယ်။ အဲဒါတွေကတော့ –

၁။ ခေါင်းဆောင်တစ်ဦးဟာ စိတ်အားထက်သန်မှု ရှိရပါမယ်။

Source: AARBA

ကိုယ်က နယ်ပယ်တစ်ခုခုမှာ သို့တည်းမဟုတ် အလုပ်တစ်နေနေရာမှာ ခေါင်းဆောင်သူအဖြစ် လုပ်ကိုင်ဆောင်ရွက်နေရပြီဆိုရင် လုပ်ရမယ့်အလုပ်အပေါ်မှာ စိတ်အားထက်သန်မှုအပြည့်နဲ့ ထထကြွကြွ ရှိရပါမယ်။ အင်္ဂလိုဆိုရင်တော့ အမြဲ Active ဖြစ်နေရမယ်လို့ ဆိုလိုတာပေါ့။ ကိုယ်က ဦးဆောင်သူအနေနဲ့ ဘယ်အလုပ်ကိုမဆို ထထကြွကြွ စိတ်ပါလက်ပါနဲ့ နောက်လိုက်တွေကို ဦးဆောင်ပြီး အလုပ်လုပ်ပြနေမှသာလျှင် ဂျူနီယာတွေရဲ့ အားကိုးခြင်းယုံကြည်ခြင်းကို ရရှိမှာဖြစ်ပါတယ်။

၂။ ခေါင်းဆောင်တစ်ယောက်ဟာ အမြဲသတိရှိနေဖို့ လိုအပ်ပါတယ်။

Source: LA Times

မြန်မာစကားအရကတော့ နိုးနိုးကြားကြား ရှိရမယ်လို့ ဆိုလိုပါတယ်။ လုပ်ရမယ့် အလုပ်တွေကို၊ တာဝန်ခွဲပေးရမယ့် အရတွေကို မေ့မေ့လျှော့လျှော့ ပေါ့ပေါ့ဆဆ နေလို့မရပါဘူး။ လုပ်ရမယ့် အလုပ်ကို ပြီးရမယ့်ရက်မှာ ပြီးမြောက်အောင်၊ ကိုယ့်ဝန်ထမ်းတွေကို အမြဲနိုးဆော်နေဖို့ လိုပါတယ်။ သူတို့မေ့သွား ကိုယ်က အမြဲသတိပေးရမှာဖြစ်ပြီး ကိုယ်ကလည်း ကိုယ်လုပ်ရမယ့် အလုပ် အမြဲ မမေ့အောင် သတိနဲ့ နေရမှာပဲ ဖြစ်ပါတယ်။

၃။ လက်အောက်ဝန်ထမ်းများကို သနားညှာတာမှု ထားခြင်း။

Source: Cranklin Covey PH 

ဘယ်နေမှာပဲ ဦးဆောင်ဦးဆောင် ကိုယ့်က ခေါင်းဆောင်တစ်ယောက်ဖြစ်နေပြီဆိုရင်တော့ လက်အောက်ထန်ဝမ်း သို့မဟုတ် နောက်လိုက်တွေကို သနားညှာတာတတ်တဲ့ စိတ်ထားက ရှိမှကို ဖြစ်ပါမယ်။ သနားညှာတာတယ်ဆိုတာ နောက်လိုက်တွေ အမှားလုပ်ရင် မပြုပြင်ပဲ မသိယောက်ဆောင်ထားတာကို မဆိုလိုပါဘူး။ အပြစ်လုပ်ရင် ဥပေက္ခာပြုထားတာမျိုး မဟုတ်ပါဘူး။ သူ့ကို ပိုပြီးတိုးတက်လာအောင်၊ ပိုပြီးသင်ယူမှုဖြစ်လာအောင် ဂရုဏာထားပြီးတော့ ပြုပြင်ပေးဖို့တော့ လိုပါတယ်။

၎။ သည်းခံနိုင်စွမ်း ရှိခြင်း။

Source: Carnegie Mellon University

သည်းခံတယ်ဆိုတာကို သင်ဘယ်လို နားလည်ထားပါသလဲ။ တစ်ဦးနဲ့တစ်ဦး အဓိပ္ပာယ်ဖွင့်ဆိုတာခြင်း တူချင်မှ တူကြပါလိမ့်။ သို့သော် ခေါင်းဆောင်တစ်ဦးအနေနဲ့ သည်းခံတတ်ဖို့ကတော့ လိုအပ်ပါလိမ့်။ ကိုယ့်အပေါ် ဝေဖန်တိုက်ခိုက်လာကြတဲ့အခါမှာ ဒေါသထွက်ပြီး အလုပ်ပျက်ခံ ပြန်ချေပတွန်းလှန်နေမှာလား။ သို့တည်းမဟုတ် သည်းခံခွင့်လွတ်ပြီး ကိုယ်လုပ်စရာရှိတာကို ဆက်လုပ်ကိုင်နေမလား။ သင်ကိုယ်တိုင် သေသေချာချာ ဆုံးဖြတ်ပါ။ မြန်မာ့ခေါင်းဆောင်မှု သဘောတရားအရကတော့ သည်းခံနိုင်စွမ်းဟာ ခေါင်းဆောင်ကောင်းတွေရဲ့ လက်နက်တစ်ခုဖြစ်ပါတယ်။

၅။ သုံးသပ်ဝေဖန်နိုင်သည့် အသိဥာဏ်ပညာရှိခြင်း။

Source: Barrett Values Centre

ကိုယ်လုပ်နေတဲ့အလုပ်တွေဟာ အကောင်းဘက်ကို ဦးတည်နေသလား၊ ဆန့်ကျင်ဘက်ကို သွားနေသလား စသည့်ဖြင့် ကိုယ့်လုပ်ငန်းကိုင်ငန်းတွေအပေါ် ပြန်လည်သုံးသပ်ဝေဖန်နိုင်စွမ်းရှိရပါမယ်။ အကျိုးတစ်စုံတရာ
ဖြစ်ထွန်းမှုမရှိပဲနှင့် ဆက်လက်လုပ်ကိုင်နေရင်တော့ ခေါင်းဆောင်ကောင်းတစ်ယောက်လို့ မဆိုလိုနိုင်ပါဘူး။
မိမိကိုယ်ကို ဝေဖန်နိုင်စွမ်း၊ မိမိလုပ်ငန်းနှင့် နောက်လိုက်တို့၏ အခြေအနေများကို ဝေဖန်သုံးသပ်နိုင်စွမ်း ရှိမှသာ ခေါင်းဆောင်ကောင်းတစ်ယောက်ပီသမှာပါ။

၆။ အခွင့်အလမ်းကို မျှော်မြင်နိုင်စွမ်းရှိခြင်း။

Source: GoFluent

အလုပ်တစ်ခုခုကို လုပ်တော့မယ်ဆိုရင် ရလာမယ့် အကျိုးအပြစ်တွေကအစ အကျိုးအမြတ်တွေကိုပါ ထောက်ဆကြည့်ရှုတတ်ဖို့ အင်မတန်လိုအပ်ပါတယ်။ စွန့်စားမှုတစ်ခုအတွက် ကောင်းကျိုးဆိုးကျိုးကို မြင်နိုင်စွမ်းရှိတာဟာ ခေါင်းဆောင်တွေရဲ့ အရည်အချင်းတစ်ခုပါပဲ။ သို့မှသာ အလုပ်တွေဟာ တိုးတတ်မှုရှိပြီး လက်အောက်ကလူတွေအတွက်လည်း ပိုမို ကူညီနိုင်မှာ ဖြစ်လို့ပါ။

ဒီခြောက်ချက်ဟာ မြန်မာရှေးပညာရှိများ သွန်သင်ပေးခဲ့တဲ့ ခေါင်းဆောင်များမှာ ရှိအပ်တဲ့ အချင်းတွေဖြစ်ပါတယ်။ အားလုံး ကြီးပွားချမ်းသာကြပါစေ။