Kylie Jenner ဆိုတာနဲ့ ပျိုမေတို့အားလုံး Kylie နှုတ်ခမ်းနီကို တန်းမြင်ကြမှာပါ။ Kylie ဟာ နာမည်ကျော် မော်ဒယ်တစ်ယောက်ဖြစ်သလို အသက်ငယ်ငယ်နဲ့ Kylie Cosmetics ကုမ္ပဏီကို တည်ထောင်နိုင်ခဲ့သူပါ။

သူ့ရဲ့ မိတ်ကပ်လိမ်းပုံတွေက ကမ္ဘာတလွှားက မိန်းကလေးတွေအတွက် အကူအညီဖြစ်ခဲ့ပါတယ်။ Instagram မှာလည်း Follower သန်း ၁၂၀ ရရှိထားပြီး မိတ်ကပ်လိမ်းနည်း Video တွေကို ပြုလုပ်တတ်သူပါ။

ဒါကြောင့် MyStyle Myanmar ကိုအားပေးတဲ့ ပျိုမေတို့ လေ့လာနိုင်ဖို့ Kylie ရဲ့ မိတ်ကပ်လိမ်းနည်းလျို့ဝှက်ချက်တွေကို ဖော်ပြပေးလိုက်ပါတယ်။

၁။ မျက်လုံးအရင်ချယ်ပါ

Source: StyleCaster

Kylie ရဲ့ လျို့ဝှက်ချက်တစ်ခုကတော့ မျက်လုံးကို အရင်ချယ်တာပါ။ တကယ်လို့ အိုင်းရှဲဒိုးကို မိတ်ကပ်လိမ်းပြီးမှချယ်လိုက်ရင် အိုင်းရှဲဒိုးအမှုန်တွေကျလာနိုင်ပါတယ်။ ဒါကြောင့်မိတ်ကပ်စလိမ်းတဲ့အချိန် မျက်လုံးခြယ်ဖို့ စိတ်ကူးထားရင် မျက်လုံးအရင် အိုင်းရှဲဒိုးလိမ်းပါ။

၂။ ဖောင်ဒေးရှင်းလိမ်းတဲ့အချိန် ဖောင်ဒေးရှင်းနှစ်မျိုးရောသုံးပါ

Source: Stellar Magazine

Kylie ဟာ သူ့ရဲ့ မိတ်ကပ်လိမ်းနည်းတွေမှာ ဖောင်ဒေးရှင်းနှစ်မျိုးကို ရောပြီးသုံးတတ်ပါတယ်။

၃။ Blend သေချာလုပ်ပါ

Source: Mamamia

သင် တစ်ခါတလေ မိတ်ကပ်လိမ်းတဲ့အချိန် မိတ်ကပ်သားညပ်ညပ်လေးမရဘဲ အလွှာလိုက်ဖြစ်နေတတ်ပါတယ်။ ဒါမျိုးမဖြစ်အောင် သင့်ရဲ့ Beauty Blender ကို ဖောင်ဒေးရှင်းမသုံးခင် ရေအနည်းငယ်ဖြန်းပေးပါ။

၎။ အစိုဓာတ်ထိန်းခရင်အနေနဲ့ Men’s Aftershave ကို သုံးပေးပါ

Source: hollywoodlife.com

Kylie က အဆီပြန်တဲ့မိန်းကလေးတွေအနေနဲ့ အမျိုးသားတွေ မုတ်ဆိတ်ရိတ်ပြီးတိုင်း သုံးတဲ့ ခရင်ဖြစ်တဲ့ Aftershave ကိုသုံးသင့်တယ်လို့အကြံပေးထားပါတယ်။ ဒီခရင်က သင့်အသားအရေကို နူးညံ့စေပြီး မိတ်ကပ်တစ်နေ့လုံးခံစေပါတယ်။

၅။ Bake လုပ်ပေးပါ

Source: hollywoodlife.com

Bake လုပ်တယ်ဆိုတာက သင့်မိတ်ကပ်ကြာရှည်ခံဖို့ ပေါင်ဒါမှုန့်တစ်မျိုးကို လိမ်းပေးပြီး ၁၀ မိနစ်ကနေ ၁၅ မိနစ်ထားရတာပါ။

၆။ Mascara အရောင်နှစ်မျိုးသုံးပေးပါ

Source: Business Insider

Kylie က အပေါ်မျက်တောင်အတွက် အနက်ရောင် Mascara သုံးပြီး အောက်မျက်တောင်မှာတော့ အညိုရောင် Mascara သုံးတတ်ပါတယ်။ ဒီအရောင်နှစ်ခုကို စပ်သုံးပြီး ကော့ရမယ်လို့ဆိုလိုတာမဟုတ်ပါဘူး။

အောက်မှာပြထားတဲ့ Video ကတော့ နာမည်ကျော် Vogue Website ကတင်ထားတဲ့ Kylie ရဲ့ Makeup Tutorial ပါ။

Source: Vogue

By MyStyle Myanmar