ပုံမှန်ရိုက်နေကျ မင်းသားမင်းသမီးဇာတ်လမ်းမျိုးကနေ ခွဲထွက်ရိုက်ကူးနေတဲ့ ကျားကျားကြိုက်ကြိုက်ရုပ်ရှင်ကိုတော့ ရုပ်ရှင်ချစ်ပရိသတ်တွေအားလုံး စိတ်ဝင်စားမှု မြင့်တက်နေတာပဲ ဖြစ်ပါတယ်။

ကျားကျားကြိုက်ကြိုက် ဟာသ ရုပ်ရှင်ဇာတ်ကားကြီးမှာတော့ အဓိက မင်းသားတွေအဖြစ် မင်းမော်ကွန်းနဲ့ မြင့်မြတ်တို့က ပါဝင်ထားပြီး မင်းသမီးတွေကတော့ မိတ်ကပ်ပညာရှင် တွေဖြစ်တဲ့ ခင်စန်းဝင်း လင်းလင်း၊ မထက်၊ ညီညီမောင် (စမ်းချောင်း) တို့ပဲ ဖြစ်ကာ ဒါရိုက်တာကတော့ ပြည်ဟိန်းသီဟ ဖြစ်ပါတယ်။ ဒီရုပ်ရှင်နဲ့ ပတ်သက်ပြီး မြင့်မြတ်က “ဒီကားက ပရိသတ် အရမ်း စိတ်ဝင်စားမယ်။ ရုံပေါ်ရောက်လာရင်လည်း ပရိသတ်တွေ ကြိုက်ကြမယ်။ အရမ်းလည်း ရယ်ရမယ်။” လို့ ဆိုထားခဲ့ပါတယ်။ ဘယ်လိုတွေ ထူးခြားမလဲ။ ရယ်ရမလဲဆိုတာကတော့ရုံတင်တဲ့ အခါ ဆက်လက်ရှုစားကြရမှာပါ။

အခုတင်ဆက်ပေးချင်ကတော့ အဲ့ဒီရုပ်ရှင်ရဲ့ ရိုက်ကွင်းပုံရိပ်တွေပါ။ ရိုက်ကွင်းပုံရိပ်တွေကို တော့ မထက်က သူမရဲ့ Facebook စာမျက်နှာကနေတဆင့် မျှဝေထားတာပါ။ မထက်က ဒီရုပ်ရှင်ကိုလက်ခံဖို့အတွက် LGBT တွေ Transgender တွေပေါ်မှာ ဒီဇာတ်က ဘယ်လိုသက်ရောက်မှုရှိမလဲဆိုတာ အရင်ဆုံးကြည့်ခဲ့ပြီး မင်းသမီးဖြစ်ချင်လို့လည်း မဟုတ်သလို ကိုယ်တွေနောက်မှာရှိတဲ့ LGBT အသိုင်းအဝိုင်းတွေအတွက်လမ်းပွင့်စေချင်တဲ့ စိတ်နဲ့သာ ဒီရုပ်ရှင်ကို ရည်ရွယ်ရိုက်ကူးတယ်လို့ အင်တာဗျူးအချို့မှာ ဖြေခဲ့ပါသေးတယ်။

ကဲ….ထူးထူးခြားခြား ရိုက်ကူးထားတဲ့ ကျားကျားကြိုက်ကြိုက် ရုပ်ရှင်ကားကြီးရဲ့ ရိုက်ကွင်းပုံရိပ်အချို့ကို တူတူကြည့်လိုက်ကြမယ်နော်။