ဟာသ ပညာရှင် Kwon Mi Jin ဟာသူ့ရဲ့ ကိုယ်အလေးချိန်ကို ၁၁၇ ပေါင်ထိ လျှော့ချပြီးတဲ့နောက် ပရိသတ်တွေရဲ့ အားပေးမှုကို ပိုမိုရရှိခဲ့ပါတယ်။

အရင်က ကိုယ်အလေးချိန်ပေါင် ၂၃၀ ရှိခဲ့တာဖြစ်ပါတယ်။

သူ့ရဲ့ ကိုယ်အလေးချိန်ကြောင့် မကြာခဏဆိုသလို လောင်ပြောင်ခံရလို့ ကိုယ်အလေးချိန်ကို လျှော့ချဖို့ ဆုံးဖြတ်ခဲ့တာပါ။

အစားအသောက်ကို သေချာဂရုစိုက်ပြီး ထိန်းခဲ့သလို ကိုယ်လက်လေ့ကျင့်ခန်းလည်းလုပ်ခဲ့တာဖြစ်ပါတယ်။

သူမရဲ့ ဇွဲရှိမှု ပင်ပန်းခံနိုင်မှုတွေကြောင့် တကယ်ပဲ လိုချင်တဲ့ ကိုယ်အလေးချိန်အတိုင်း လျှော့ချနိုင်ခဲ့ပါပြီ။


Gag Concert ဆိုတဲ့ တီဗီရှိုးအစီအစဉ်ရဲ့ ကိုယ်အလေးချိန်လျှော့ချမှုအစီအစဉ် ကျန်းမာတဲ့ မိန်းကလေး ဆိုတဲ့ အစီအစဉ်မှာ ပါဝင်ခဲ့တာပါ။

အဲဒီအစီအစဉ်မှာ ပါဝင်ကြတဲ့သူတွေအားလုံးနီးပါးလည်း သူတို့ရဲ့ Mission ကို အောင်မြင်ခဲ့ကြပါတယ်။


Kwon Mi Jin ကတေ့ ယခင် ခန္ဓာကိုယ်နဲ့ ထက်ဝက်လောက်ပဲ ကျန်ပါတော့တယ်။

အဒီအချိန်ကစလို့ နာမည်ကျော် မဂ္ဂဇင်းတွေမှာ Sexy ဓာတ်ပုံတွေရိုက်ကူးနေပါတယ်။

ကိုယ်အလေးချိန်ကျသွားပေမယ့် လက်ရှိ ကိုယ်အလေးချိန်ကို ထိန်းထားနိုင်ဖို့ အစားအသောက်နဲ့ လေ့ကျင့်ခန်းကို အဆက်မပြတ်လုပ်နေပါသေးတယ်။

သူမရဲ့ ဇွဲရှိမှု ဆုံးဖြတ်ခိုင်မာမှုတွေကို ပရိသတ်တွေက ချီးကျူးစကားဆိုနေကြပါတယ်။

မဖြစ်နိုင်ဘူးလို့ စိတ်ဓာတ်ကျနေတဲ့ ခပ်ဝဝ အမျိုးသမီးတွေအတွက် သူမဟာ အားကျစရာ လူတစ်ယောက် ဖြစ်လာခဲ့ပါပြီ။