Twilight မင်းသမီးလေး Kristen Stewart ကိုအားလုံးသိကြပါတယ်နော်။ သူမကို မကြာခဏဆိုသလို ယောင်္ကျားလေးဆန်ဆန် ဝတ်စားဆင်ယင်မှုမျိုးနဲ့ မြင်တွေ့ရလေ့ရှိပါတယ်။

ငယ်စဉ်ကတည်းက ယောင်္ကျားလေးတစ်ယောက်လို ဝတ်စားလာခဲ့တဲ့သူဖြစ်ပြီး အခုလို ယောင်္ကျားလေးဆန်တဲ့ ပုံစံမျိုးကိုလည်း သဘောကျနှစ်သက်သူဖြစ်ပါတယ်။

Twilight ဇာတ်ကားတွေအပြင် Adventureland, Snow White And The Huntsman စတဲ့ ဇာတ်ကားတွေမှာ ပါဝင်သရုပ်ဆောင်ထားတဲ့သူဖြစ်ပါတယ်။

၁၉၉၀ ပြည့်နှစ် ဧပြီလ ၉ ရက်နေ့မှာ မွေးဖွားခဲ့ပြီး အနုပညာလမ်းကြောင်းမှာ နေရာတစ်ခု ရထားတဲ့သူပါ။

လက်ရှိမှာ မင်းသမီး၊ ဒါရိုက်တာ၊ မော်ဒယ်အဖြစ် ရပ်တည်နေတဲ့ Kristen Stewart ရဲ့ ယောင်္ကျားလေးဆန်ဆန် ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်နော်။