မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ ကိုးရီးယားဇာတ်လမ်းတွေက ကြီးကြီးငယ်ငယ်ပျိုမေတို့အားလုံးကြား ရေပန်းစားလှပါတယ်။ ဇာတ်ဆောင်မင်းသားတွေရဲ့ ဇာတ်လမ်းထဲက မင်းသမီးကို ကြင်နာယုယတဲ့ပုံစံက ကြည့်လိုက်တာနဲ့ အသည်းယားစရာပါပဲ။ ကိုယ်ပဲ မင်းသမီးဖြစ်လိုက်ချင်တယ်။

ဒီတစ်ခေါက်မှာတော့ ပျိုမေတို့ရဲ့ အသည်းစွဲ ကိုးရီးယားမင်းသားတွေသဘောကျတဲ့ မိန်းကလေးပုံစံတွေကို ဖော်ပြပေးလိုက်ပါတယ်။ ပြောလို့မရဘူးလေနော်။ ကိုယ့်ပုံစံက သူ့အကြိုက်နဲ့ ကွက်တိဖြစ်နေတာလည်း ဖြစ်နိုင်တာပဲ။ ကြည့်လိုက်ရအောင်နော်။

၁။ So Ji Sub

Ji Sub ကတော့ အလုပ်ကြိုးစားတဲ့ကောင်မလေးတွေက ဆွဲဆောင်မှုအရမ်းရှိပါတယ်တဲ့။ သူ့အလုပ်က မင်းသားဆိုတော့ သူ့ကိုနားလည်ပေးတဲ့ကောင်မလေးမျိုးကို လိုချင်ပါတယ်တဲ့။ ဟန်ဆောင်မှုကင်းတဲ့ အပြုံးနဲ့ပြုံးတတ်တဲ့ မိန်းကလေးတွေက အလှဆုံးပါပဲတဲ့။ ဒီတော့ ပျိုမေတို့ရေ။ အလုပ်ကြိုးစားကြပါ။

၂။ Lee Dong Wook

Dong Wook ကတော့ ဥာဏ်အမြော်အမြင်ရှိပြီး စဉ်းစားဆင်ခြင်တတ်တဲ့ကောင်မလေးမျိုးကို သဘောကျပါတယ်တဲ့။ ပိန်ဖို့အတွက် အစားလျှော့စားတဲ့ ကောင်မလေးမျိုးကို သဘောမကျပါဘူးတဲ့။ သဘာဝကို မြတ်နိုးပါတယ်တဲ့။ Dong Wook က မြင်မြင်ချင်းအချစ်ကို အယုံအကြည်မရှိပါဘူးတဲ့။ ဆံပင်စည်းနေတဲ့အချိန် ခေါင်းစည်းကြိုးကို ပါးစပ်မှာကိုက်ထားပြီး စည်းတတ်တဲ့ကောင်မလေးမျိုးကို သိပ်လှလွန်းတယ်လို့ ပြောထားပါတယ်။ ဒီတော့ သတင်းကောင်းပါပဲ။ အစားလျှော့စားစရာမလိုတော့ပါဘူးနော်။ ပျိုမေတို့ရေ။

၃။ Ji Chang Wook

Chang Wook ကတော့ ဇီဇာကြောင်ပြီး ဂျီးများပါတယ်တဲ့။ သူကကလေးတစ်ယောက်လိုချွဲလို့ရမယ့် ကောင်မလေးမျိုးကို လိုချင်ပါတယ်တဲ့။ ဒီတော့ Chang Wook က မမတွေကို စိတ်ဝင်စားတာလား စဉ်းစားစရာပဲနော်။ သူနဲ့ပေါင်းရသင်းရအဆင်ပြေပြီးစကားပြောလို့ကောင်းမယ့် ကောင်မလေးမျိုးကို လိုချင်ပါတယ်တဲ့။ သူကပါ လေးစားအားကျရတဲ့ ကောင်မလေးမျိုးလိုချင်ပါတယ်တဲ့။ Chang Wook က ရုပ်ချောမှ ကြိုက်တဲ့အထဲ သူမပါပါဘူးတဲ့။

၎။ Park Seo Joon

Seo Joon က လက်လှလှလေးတွေပိုင်ဆိုင်တဲ့မိန်းကလေးတွေကို သဘောကျပါတယ်တဲ့။ စကားပြောကောင်းရမယ်။ သူက မြင်မြင်ချင်း First Impression ကို အလေးထားပါတယ်တဲ့။ သူက ဟင်းချက်တာမရတော့ ဟင်းချက်တတ်တဲ့အိမ်ရှင်ကောင်းဖြစ်မယ့် ကောင်မလေးမျိုးကို လိုချင်တယ်လို့ ပြောထားပါတယ်။ ဒီတော့ဟင်းမချက်တတ်တဲ့ပျိုမေတွေလည်း ဟင်းချက်သင်ထားတော့နော်။

၅။ Kim Soo Hyun

Soo Hyun ကတော့ကောင်မလေးကို သူအနိုင်ရမှဖြစ်မယ်ဆိုတဲ့ပုံစံပါပဲ။ Soo Hyun ကသူစိတ်ညစ်တဲ့အချိန် သူ့ကောင်မလေးလည်း ထပ်တူထပ်မျှစိတ်ညစ်ရမယ်တဲ့။ သူ့ကိုအရှိကိုအရှိအတိုင်း ချစ်နိုင်ရပါမယ်တဲ့။ သူလိုအပ်တဲ့အချိန်တိုင်း သူ့ကောင်မလေးက အနားမှာရှိမှ ကြိုက်ပါတယ်တဲ့။

၆။ Nam Joo Hyuk

Joo Hyuk  ကတော့သူနဲ့စိတ်ချင်းဆက်နေမယ့်ကောင်မလေးမျိုးကို လိုချင်ပါတယ်တဲ့။ ဆံပင်တိုတိုကောင်မလေးမျိုးကိုသဘောကျပြီး ထက်ထက်မြက်မြက်ရှိရပါမယ်တဲ့။

၇။ Gong Yoo

Gong Yoo ရဲ့ စိတ်ကူးထဲက ကောင်မလေးပုံစံကတော့ အေးအေးဆေးဆေးနေတဲ့ကောင်မလေးမျိုးပါတဲ့။ မိန်းကလေးဆန်တာမျိုးမဟုတ်ဘဲ ဂျင်းဘောင်းဘီနဲ့ ဖိနပ်ပါးလေးဝတ်တတ်တဲ့ယောကျာ်းဆန်ဆန် ကောင်မလေးမျိုးကို သဘောကျပါတယ်တဲ့။ အသက် ၄၀ ပြည့်မှ အိမ်ထောင်ပြုမယ်လို့ စိတ်ကူးထားပါတယ်တဲ့။

၈။ Lee Min Ho

Min Ho ကတော့ ထက်မြက်ပြီး ကိုယ့်အလုပ်ကို အာရုံစိုက်လုပ်တတ်တဲ့မိန်းကလေးမျိုးကို သဘောကျပါတယ်တဲ့။ သူတွဲခဲ့တဲ့ရည်းစားဟောင်းတွေဖြစ်တဲ့ Park Min Young, Shin Hye တို့ကို ကြည့်ခြင်းအားဖြင့် သူက သူနဲ့နီးနီးကပ်ကပ်ရှိတဲ့ ကောင်မလေးမျိုးကို သဘောကျပုံပါ။ သူသဘောကျသမျှ ကောင်မလေးတိုင်းက ထိပ်တန်းနာမည်ကျော်တွေချည်းပါပဲ။ ဥပမာ ကိုးရီးယားကောင်လေးတွေရဲ့ အသည်းစွဲ Suzy နဲ့တွဲသလိုပေါ့။ ဒါကြောင့် Min Ho က ထက်မြက်ပြီး ချောမောလှပတဲ့မိန်းကလေးတွေကို သဘောကျပုံပါပဲ။

Source: Pinterest

By MyStyle Myanmar