အခုနောက်ပိုင်းမှာတော့ ဆံပင်အဖြောင့်ထက် ဆံပင်ကောက်တာလေးတွေက ပိုပြီးခေတ်စားနေတာပါ။ တချို့ကျတော့လည်း ဆံပင်ကောက်ချင်ပေမယ့် လူကြီးဆန်သွားမှာ ကြောက်နေကြတယ်။ ဒီလိုကြောက်နေတဲ့သူတွေအတွက် လူငယ်ဆန်ပြီး ချစ်စရာကောင်းသွားစေမယ့် ကိုရီးယားမလေးတွေရဲ့ ဆံပင်အကောက်ပုံစံလေးတွေကို မျှဝေပေးလိုက်ပါတယ်။

ဆံပင်အုံထူတဲ့သူလေးတွေဆိုရင် ဒီလိုပုံစံလေးကောက်လို့ရပါတယ်။ ကောက်သားကြီးပေမယ့် ပြေပြေလေးမို့ ရိုးရိုးလေးနဲ့ အရမ်းချစ်စရာကောင်းတဲ့ ဆံပင်ပုံလေးပါ။

လူငယ်ကောင်မလေးတွေ၊ ဆယ်ကျော်သက်ကောင်မလေးတွေအနေနဲ့ ဆံပင်ကောက်ချင်တယ်ဆိုရင် ဒီပုံလေးသာကောက်လိုက်ပါ။ ဆံမြိတ်လေးချထားတဲ့အတွက် လူငယ်ဆန်ပြီး ချစ်စရာအရမ်းကောင်းပါတယ်။

ဆံပင်တိုနေပေမယ့် ကောက်ချင်တယ်ဆိုရင်တော့ ဒီလိုပုံစံလေးသာလုပ်လိုက်ပါ။ လုံးဝကောက်ထားတာနဲပမတူပဲ ပုံသွင်းထားသလိုလေး အောက်နားလေးပဲ အလိပ်လေးဖြစ်နေတဲ့အတွက် အရမ်းချစ်စရာကောင်းပါတယ်။ မျက်နှာသေးသေးနဲ့ကောင်မလေးတွေဆိုရင် ဒီပုံလေးက အရမ်းလိုက်တယ်နော်။

ခပ်မိုက်မိုက်ပုံစံလေးကောက်ချင်ရင်တော့ ဒီပုံလေးသာကောက်လိုက်ပါ။ လူကြီးလည်းမဆန်ပဲ စတိုင်လ်ကျနေမှာ သေချာပါတယ်။

အလိပ်လေးသေချာပေါ်အောင်ကောက်ချင်တယ်ဆိုရင်တော့ ဒီလိုလေးသာကောက်လိုက်ပါ။ ဆံပင်အရောင်မဆိုးပဲ အနက်လေးနဲ့ပဲဆိုရင်တောင် လူကြီးမဆန်ပဲ ချစ်စရာကောင်းနေတာပါ။

ဆံပင်အရှည်နဲ့ကောင်မလေးတွေအနေနဲ့ ကောက်ချင်တယ်ဆိုရင် ဒီလိုပြေပြေလေးပဲ ကောက်ပါ။ လူကြီးမဆန်ပဲ ကိုရီးယားမလေးတွေလို လှပနေမှာပါ။ ဆံပင်ပါးတဲ့သူတွေဆိုလည်း ဒီလိုအကောက်လေးနဲ့ လိုက်တယ်နော်။

ဆံပင်အလိပ်လေးပေါ်ရုံပဲလုပ်ချင်ရင်တော့ ဒီလိုပုံစံလေးတွေကိုသာ ရွေးချယ်လိုက်ပါ။ ဘယ်တော့မှရိုးမသွားပဲ လှနေမယ့် ဆံပင်ပုံစံလေးမို့ မိန်းကလေးတိုင်းနဲ့လည်း လိုက်ဖက်ပါတယ်။

Photo Source: www.pinterest.com