အားလုံးပဲ မင်္ဂလာပါ၊ အပြစ်ကင်းတဲ့မျက်နှာလေးကို ပိုင်ဆိုင်ထားတဲ့ Jung So-min ဆိုတဲ့ ကိုရီးယားမင်းသမီးချောလေးကို အားလုံးသိကြမှာပါ။ ၂၀၁၀ ခုနှစ်မှာ ထုတ်လွှင့်ပြသခဲ့တဲ့ Mischievous Kiss ဆိုတဲ့ ကိုရီးယားဇာတ်လမ်းတွဲနဲ့ ပရိတ်သတ်တွေရဲ့ အသည်းနှလုံးထဲကို ဝင်ရောက်လာသူလေးပေါ့။

အဲ့ဒီကားထဲမှာဆိုရင် သူက မင်းသားကို တစ်ဖက်သတ်ကြိုက်နေရတဲ့ ကောင်မလေးနေရာက သရုပ်ဆောင်ထားတာပါ။ အဲ့ဒီဇာတ်ကားလေးနဲ့ နာမည်ကြီးလာတဲ့ မင်းသမီးလေးပါ။

သူမကို ၁၉၈၉  ခုနှစ်၊ မတ်လ၊ ၁၆ ရက်နေ့မှာ မွေးဖွားခဲ့တာဆိုတော့ အခုဆို အသက် ၂၉  နှစ်ရှိပြီပေါ့။

သူမက မိန်းကလေးဆန်တဲ့အတွက်ကြောင့် ဝတ်လိုက်တဲ့ဖက်ရှင်လေးတွေက ဂါဝန်တို့ စကပ်တို့က ပိုများပါတယ်။ သူမရဲ့ဖက်ရှင်လေးတွေကလည်း ရိုးရိုးလေးနဲ့ ချစ်ဖို့ကောင်းနေတတ်တာမို့လို့ မိန်းကလေးတိုင်းစံနမူနာထားပြီး လိုက်ဝတ်လို့ရတာကြောင့် ဖော်ပြပေးလိုက်တယ်နော်။

ဖြူစင်ခြင်းကို ကိုယ်စားပြုတဲ့ အဖြူရောင်နဲ့ သူမရဲ့အပြစ်ကင်းစင်မှုတို့ အားပြိုင်ကြရာဝယ်

မဂ္ဂဇင်းအတွက် ဓာတ်ပုံရိုက်ရတဲ့အခါမှသာ အခုလိုဒီဇိုင်းခပ်လန်းလန်းနဲ့တွေ့ရတာပါ။

စာဖတ်သူတွေထဲမှာ သူမရဲ့ချစ်ပရိတ်သတ်တွေပါတယ်ဆိုရင် ဘယ်ဖက်ရှင်လေးတွေက သူမနဲ့အလိုက်ဖက်ဆုံးလဲဆိုတာ ပြောပြခဲ့ကြဦးနော်။

Photo Source: Pinterest.com