အားလုံးပဲ မင်္ဂလာပါ။ ဒီတစ်ခေါက်ပြောပြဖို့ အလှည့်ကျလာတဲ့ ကိုရီးယားမင်းသမီးလေးးကတော့ ကလေးသရုပ်ဆောင်ဘဝကနေ တစ်ဆင့်ချင်းတက်လှမ်းလာတဲ့ ကိုရီးယားမင်းသမီးချောလေး Kim Yoo-jung ပဲ ဖြစ်ပါတယ်။ သူမက လွတ်လပ်ပေါ့ပါးတဲ့ စတိုင်နဲ့လည်းလိုက်သလို ချစ်စရာကောင်းတဲ့ ဂါဝန် စကပ်လေးတွေနဲ့လည်း လိုက်နေပြန်ရော။

ဘယ်ပုံစံလေးက သူမနဲ့ အလိုက်ဆုံးဖြစ်သလဲဆိုတာကိုတော့ ဝေခွဲမရဖြစ်နေလို့ စာဖတ်သူတွေကပဲ ကူဆုံးဖြတ်ပေးကြပါဦးနော်။ သူမရဲ့ ဖက်ရှင်လေးတွေလည်း ကြည့်ရင်း သူမအကြောင်း တစေ့တစောင်းဖတ်ကြည့်ကြရအောင်နော်။

Kim Yoo-jung ကို ၁၉၉၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့မှာ မွေးတာဆိုတော့ ကန်ရာသီဖွားလေးပါ။

သူမရဲ့ အရပ်က ငါးပေသုံးလက်မရှိပြီးတော့ သွေးအမျိုးအစားကတော့ အိုသွေးပါ။

သူမက တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့မှာ မွေးဖွားတာပါ။

သူမမှာ အစ်မနှစ်ယောက်ရှိပြီးတော့ Kim Yeon-jung လို့ခေါ်တဲ့ အစ်မကလည်း လက်ရှိမှာ အနုပညာအလုပ်ကိုလုပ်ကိုင်နေတဲ့ ကိုရီးယားမင်းသမီးချောလေးပါပဲ။

Kim Yoo-jung ကအသက် လေးနှစ်အရွယ်ကတည်းက အနုပညာအလုပ်ကို စလုပ်နေပါပြီ။

သူမရဲ့ ပထမဦးဆုံး Fan-meeting ကတော့ ထိုင်ဝမ်နိုင်ငံ၊ တိုင်ပေမြို့မှာပါ။

သူမက KBS2 ရုပ်သံလိုင်းကထုတ်လွှင့်ပြသတဲ့ Love In The Moonlight ဇာတ်ကားထဲမှာ မင်းသား Park Bo-gum နဲ့တွဲသရုပ်ဆောင်ခဲ့ပြီးတော့ အဲ့ဒီဇာတ်လမ်းတွဲလေးက အရမ်းကို ပေါက်သွားတာပါ။ အဲ့ဒီဇာတ်ကားလေးက သူမအဓိကဇာတ်ဆောင်မင်းသမီးနေရာက စတင်သရုပ်ဆောင်ခဲ့တဲ့ ဇာတ်လမ်းတွဲလေးပါ။

သူမက၂၀၁၈ ခုနှစ်၊ ဖေဖော်ဝါရီလမှာ သိုင်းရွိုက်ကလင်းမှာ ချို့ယွင်းချက်တစ်စုံတစ်ရာကြောင့် အနုပညာလုပ်ငန်းတွေကို ခေတ္တရပ်ဆိုင်းထားလိုက်ရပါတယ်။

သူမသဘောကျတဲ့ ယောကျာ်းလေးပုံစံကတော့ Kim Young Ho လိုမျိုး အပြင်ပန်းက မာကြောခက်ထန်ပုံရပြီး အတွင်းစိတ်ထားနူးနူးညံ့ညံ့ရှိတဲ့ သူမျိုးကို သဘောကြပါတယ်။

Photo Source: Pinterest.com
Source: kprofile.com