[Zawgyi]
[Unicode]
မင်္ဂလာပါနော်။ တောင်ကိုရီးယားသရုပ်ဆောင် Kim Hae Sook ကို တကူးတက မိတ်ဆက်ပေးစရာလိုမယ်မထင်ပါဘူး။ မြန်မာပြည်က အမျိုးသမီးတချို့လိုပဲ ခန္ဓာကိုယ်ခပ်ပြည့်ပြည့်ကို ပိုင်ဆိုင်ထားပြီး လူကြီးပိုင်းအရွယ်ကိုရောက်နေပြီဖြစ်တာမို့ မြန်မာပြည်က အသက်လတ်ပိုင်း အမျိုးသမီးတွေ ဝတ်ဆင်လို့ရမယ်လို့ထင်ပါတယ်နော်။
Kim Hae Sook ကို ၁၉၅၅ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်နေ့က တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့မှာ မွေးဖွားခဲ့တာဖြစ်ပါတယ်။
သရုပ်ဆောင်ပိုင်းမှာ ပိုင်နိုင်လွန်းပြီး မိမိကျရာ ဇာတ်ရုပ်မှာ ပီပီပြင်ပြင် သရုပ်ဆောင်နိုင်တာမို့ တောင်ကိုရီးယား ရုပ်ရှင်ကားတွေ၊ ရုပ်သံဇာတ်လမ်းတွဲတွေမှာ သူမကို မကြာခဏဆိုသလို မြင်တွေ့ရလေ့ရှိပါတယ်။
လူကြိုက်များ ပြီး အောင်မြင်ကျော်ကြားတဲ့ ဇာတ်ကားတွေများစွာရိုက်ကူးခဲ့သူဖြစ်ပြီး အနုပညာရှင် တော်တော်များများရဲ့ မိခင်နေရာကနေ သရုပ်ဆောင်လေ့ရှိသူဖြစ်ပါတယ်။
ရုပ်ရှင်ထူးချွန်ဆုတွေလည်း အများကြီးရရှိထားသူပါ။
အဝတ်အစားဝတ်ရမှာလည်း ဖက်ရှင်သိပ်ကျလွန်းပါတယ်။
ရုပ်ရှင်ကားတွေမှာလည်း သူဌေးဇာတ်ရုပ်ဆိုရင် သူဌေးအလိုက်၊ ဆင်းရဲသား ဇာတ်ရုပ်ဆို ရင်လည်း အဲဒီဇာတ်ရုပ်အလိုက် အဝတ်အစားကို ပြောင်းလဲဝတ်ဆင်တတ်သူပါ။
Kim Hae Sook ကို သဘောကျတဲ့သူတွေလည်း စာဖတ်သူတွေထဲမှာ ရှိမယ်ထင်ပါတယ်နော်။ သူမရဲ့ ဖက်ရှင်တွေကို မျှဝေပေးလိုက်ပါတယ်။