မိန်းကလေးတစ်ယောက်ရဲ့ အသွင်အပြင်မှာ အရေးကြီးတဲ့အခန်းကဏ္ဍတစ်ခုကနေပြီး ပါဝင်နေတဲ့ လက်ဝတ်ရတနာတွေကို ကိုယ်ဝတ်ဆင်တဲ့ အ၀တ်အစားပေါ်မူတည်ပြီး သေချာမှန်ကန်စွာ ၀တ်ဆင်တတ်ဖို့လိုအပ်ပါတယ်။ ၀တ်တဲ့အချိန်သာမဟုတ်ဘဲ ထိန်းသိမ်းဖို့အတွက်လည်း အလွန်တာဝန်ကြီးလှပါတယ်။

ယခုတစ်ခါမှာလည်း ဂျင်းဖက်ရှင်နှင့် ၀တ်ဆင်ဖို့ပြင်ဆင်တဲ့အခါမှာ ရွေးချယ်သင့်တဲ့ လက်ဝတ်ရတနာလေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

၁။ နားကပ်များ

မည်သည့်ဝတ်စားဆင်ယင်မှုမဆိုတွင် အလွန်အရေးကြီးတဲ့ လက်ဝတ်ရတနာတစ်ခုအဖြစ် သတ်မှတ်လို့ရပါတယ်။ ဒါပေမယ့်လည်း ဂျင်းဖက်ရှင်ကိုဝတ်ဆင်တဲ့အချိန်မှာတော့ ခမ်းနားသည့်အသွင်ရှိတဲ့ နားကပ်တွေကို ၀တ်ဆင်ခြင်းမှတော့ ရှောင်ရှားပေးပါ။

၂။ လက်ကောက်များ

ရွှေရောင် သို့မဟုတ် ငွေရောင် လက်ကောက်လေးတွေက သင့်ရဲ့အသွင်အပြင်ကို ပိုမိုကြည့်ကောင်းစေဖို့အတွက် ဖန်တီးပေးနိုင်ပါတယ်။ အရောင်မှိန်တဲ့ ဂျင်းတွေဟာ လိုက်ဖက်ညီတဲ့ လက်ကောက်လေးတွေနဲ့ တွဲဖက်ဝတ်ဆင်တဲ့အခါ အလွန်တရာ အဆင့်အတန်းမြင့်လှပါတယ်။

၃။ ခြေချင်းများ

ဝတ်ဆင်ထားတဲ့ မိန်းကလေးတိုင်းကို အလွန်တရာကြည့်ကောင်းစေပြီး ယနေ့ခေတ်မှာဆိုရင် Trend တစ်ခုအနေနဲ့ ခြေထောက်တစ်ဖက်တည်းမှာပဲ ၀တ်ဆင်လာကြပါတယ်။ ဂျင်းဘောင်းဘီကျပ်ကျပ်လေးဝတ်ထားတဲ့အချိန် ခြေသလုံးလေးမှာ ခြေချင်းလေးနဲ့ဆို အလွန်ကြည့်ကောင်းပါတယ်။

၎။ ဆွဲကြိုးများ

နှစ်လွှာ သို့မဟုတ် သုံးလွှာရှိတဲ့ ဆွဲကြိုးလေးတွေက သင့်ဝတ်စားဆင်ယင်မှုကို အသွင်တစ်မျိုးပြောင်းလဲပေးနိုင်ပါတယ်။ အကယ်၍ အရောင်ရှိတဲ့ ဂျင်းကိုဝတ်ဆင်မယ်ဆိုရင် ပုလဲအတွဲလိုက်ကို ၀တ်ဆင်ပေးခြင်းက မတူညီတဲ့အသွင်ကို ပေးစွမ်းမှာပါ။ တစ်ခုမှတ်သားထားဖို့က ဂျင်းဝတ်ဆင်တဲ့အခါမှာ အရွယ်အစားကြီးတဲ့ ဆွဲကြိုးတွေကို မ၀တ်ဆင်ဖို့ပါပဲ။

၅။ လက်စွပ်တွေ

လက်စွပ်တွေကလည်းပဲ ယနေ့အချိန်မှာ တဖြည်းဖြည်းနဲ့ ဖက်ရှင်အသွင် ပြီးပြည့်စုံဖို့ လိုအပ်တဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ လာနေပါတယ်။ အရောင်စုံ၊ ဒီဇိုင်းစုံနဲ့ လက်စွပ်တွေကို ၀တ်ဆင်ခြင်းက ကိုယ့်ရဲ့အသွင်ကို ဆန်းပြားခေတ်ဆန်တဲ့ အသွင်ကိုဖြစ်စေပါတယ်။

၆။ ရင်ထိုးများ

ရင်ထိုးတွေက နည်းနည်းတော့ရှေးဆန်တယ်လို့ ယူဆကြပေမယ့်လည်း စနစ်တကျ ဖန်တီးထားတဲ့ ရင်ထိုးတွေကို နေရာမှန်မှာ ပုံစံတကျတပ်ဆင်မယ်ဆိုရင်တော့ သင့်ကိုဆွဲဆောင်မှုရှိတဲ့အသွင် ရရှိစေနိုင်ပါတယ်။ ဂျင်းဝတ်ဆင်တဲ့အခါ ရင်ထိုးတွေကို ရှပ်အင်္ကျီရဲ့ ရင်ဘတ်နေရာ၊ ဂျင်းဘောင်းဘီရဲ့ အိတ်ကပ်နေရာတွေမှာ တပ်ဆင်နိုင်ပါတယ်။