မင်္ဂလာပါ MyStyle Myanmar ကိုအားပေးကြတဲ့ပျိုမေတို့ရေ။ သင်္ကြန်နီးလာပြီနော်။ သင်္ကြန်တွင်းလျှောက်လည်ဖို့ ဘာဝတ်ရမလဲ စဉ်းစားရကြပ်နေကြပြီလား။ ဒီတစ်ခေါက်မှာတော့ ပျိုမေတွေကြား ဘယ်တော့မှမရိုးတဲ့ ဂျင်းဖက်ရှင်တွေကို ဖော်ပြပေးချင်ပါတယ်။

အောက်မှာပြထားတဲ့ပုံတွေထဲကနေ အတုယူပြီး ကိုယ်ကြိုက်တဲ့ပုံစံကို တွဲဖက်ဝတ်ဆင်နိုင်ပါတယ်နော်။ အဓိကက စတိုင်ကျဖို့ပဲမဟုတ်လား။ ဂျင်းဖက်ရှင်က ဘယ်အချိန်ဝတ်ဝတ်မရိုးသလို အထာကျတဲ့ ဖက်ရှင်တစ်မျိုးလည်းဖြစ်ပါတယ်။ ကဲ ကြည့်လိုက်ရအောင်နော်။

အပေါ်က ဂျင်းအနွေးထည်ဝတ်မယ်

Crop Top ခါးတိုလေးဝတ်မယ်

အောက်က ဂျင်းဘောင်းဘီကို အကျပ်ပုံစံလေးဝတ်ပေးပါ

ဂျင်းစကတ်အတိုနဲ့ အပေါ်အင်္ကျီကို စကတ်ထဲ ထည့်ဝတ်ပါ

Ripped Jeans ကြိုက်သူတွေအတွက် အပေါ် Crop လေးနဲ့ တွဲဖက်နိုင်ပါတယ်

အပေါ်ထပ်အနွေးထည်ပါးလေးနဲ့ ဂျင်းဘောင်းဘီတိုအဖြူနဲ့ ဖိနပ်ကိုပါ အဖြူလေးဝတ်ပေးပါ

ပေါ့ပေါ့ပါးပါးဝတ်ချင်တဲ့သူတွေအတွက် အပေါ်လက်ရှည်ကို လက်ခေါက်ဝတ်ပြီး ဂျင်းဘောင်းဘီအကျပ်နဲ့ တွဲဝတ်ပေးပါ

အခုနောက်ပိုင်း အတွေ့များလာတဲ့ အစင်းကြောင်းနဲ့ ဂျင်းပုံစံအတွက်ပါ။ ဖိနပ် အစင်းကြောင်းပါတာမျိုးနဲ့ တွဲဖက်ရင် ပိုလိုက်ဖက်ပါတယ်။

ဂျင်းဘောင်းဘီအပွနဲ့ ဂေါ်ချင်သူတွေကတော့ အပေါ် Crop လေးနဲ့ တွဲဝတ်နိုင်ပါတယ်

အဝါရောင်က သင်္ကြန်ချိန်ခါကို ထင်ဟပ်နေပါတယ်နော်

အမည်းရောင် Crazy လေးတွေလည်း ဂျင်းနဲ့တွဲဖက်နိုင်ပါတယ်

ပျိုမေတို့အားလုံး ဂျင်းဖက်ရှင်လေးတွေနဲ့ သင်္ကြန်မှာ အလန်းဆုံးကောင်မလေးတွေဖြစ်ပါစေနော်။

Source: Pinterest