အီတလီနိုင်ငံရှိ လူဦးရေနည်းပါးတဲ့ ရွာတွေမှာ လာရောက်နေထိုင်ပြီး စီးပွားရေး စတင်လုပ်မယ့်သူများကို အမေရိကန်ဒေါ်လာ ၂ သောင်း ၇ ထောင်ပေးအပ်မည်ဖြစ်ပါတယ်။

Molise ဒေသမှာ ရွာပေါင်း ၁၀၆ ရွာရှိပေမယ့် လူဦးရေက ၂ ထောင်အောက်ဘဲ ရှိပါတယ်။ ထိုရွာတွေမှာ လာရောက်နေထိုင်ပြီး စီးပွားရေး လုပ်မယ့်သူများအတွက် ၁ လကို အမေရိကန် ဒေါ်လာ ၇၇၀ နှင့် ၃ နှစ် နီးပွး ပေးအပ်မှာဖြစ်ပါတယ်။

ဒေသရဲ့ ကောင်စီဝင် Antonio Tedeschi က “ ကျွန်တော်ရဲ့ဒေသကို သရဲမြို့တော်လိုမျိုး မဖြစ်စေချင်ဘူး။ အရင်ကလို ဖွံ့ဖြိုးတိုးတက်နေတဲ့ မြို့မျိုး ပြန်ဖြစ်စေချင်တယ်” လို့ ပြောပါတယ်။

“ကျွန်တော်ရဲ့ မြို့တွေရဲ့ ရေသောက်မြစ်တွေကို ကာကွယ်ရမယ်” လို့ ပြောပါတယ်။

စက်တင်ဘာလ ၁၆ ရက်နေ့ကနေ စတင်ပြီး လျှောက်လွှာတွေ လက်ခံမှာဖြစ်ပြီး လူငယ်တွေ၊ စုံတွဲတွေ အထူးသဖြင့် ကလေးရှိတဲ့ စုံတွဲတွေကို လျှောက်ဖို့ အားပေးတယ်လို့ ဆိုပါတယ်။

“ရည်ရွယ်ချက်ကတော့ ဘဝအသစ်ကို ပြန်လည် ထူထောင်ပြီး ဒေသတွင်း စီးပွားရေးကို ပိုကောင်းစေချင်တယ်” လို့ ပြောပါတယ်။

အသစ်လာရောက်မယ့်သူတွေက သူတို့ ပေးမည့် ရန်ပုံငွေနဲ့ တည်းခိုခန်း၊ စားသောက်ဆိုင်၊ ဘားဆိုင်၊ စိုက်ပျိုးရေး ခြံအသေးလေး၊ စာကြည့်တိုက် စသည့် ဘယ်လို စီးပွားရေးမျိုးမဆို စတင်လုပ်ကိုင်နိုင်ပါတယ်။

လူ ထောင်နဲ့ ချီပြီး Molise ဒေသအတွင်း အရင်နှစ်တွေက ထွက်ခွာသွားကြပါတယ်။ ဒေသတွင်း လူဦးရေ  ၃သိန်း နှင့် ၅ ထောင် အထိ ရှိလာဖို့ ရည်မှန်း ကြိုးစားနေကြပါတယ်။

Source: UPI