အခုသုံးနေတဲ့ MacBook လေးက ဝယ်ထားပြီး သုံးနေတာ ၄ နှစ်ကျော်ရှိနေတော့ သုံးရတာက တဖြည်းဖြည်းလေးလာတာက တစ်ခါတလေအလုပ်လုပ်တဲ့အချိန်မှာ Windows Laptop တွေလောက် မမြန်တာက စိတ်ညစ်ဖို့ကောင်းလာတယ်။ အဲ့လိုဆိုပြီး အခု ၅ သိန်း၊ ၆ သိန်းနဲ့ Windows Laptop တွေကိုလည်း မဝယ်ချင်တော့ ရှိတဲ့ MacBook လေးကိုပဲ မှေးပြီးသုံးနေတာ ကြာနေပြီဆိုတော့ သုံးရတာ အဆင်မပြေခဲ့တာအမှန်ပါ။

ဒါပေမယ့် တလောက Facebook မှာ MacBook မော်ဒယ်အဟောင်းတွေကို SSD နဲ့ အစားထိုးပြီး နှေးကွေးနေတာကို ပိုပြီး မြန်ဆန်လာအောင်ပြုလုပ်လို့ရတယ်ဆိုတဲ့ ဗီဒီယိုတစ်ခုတွေ့လိုက်ရပြီးတော့ ကိုယ့် MacBook Pro လေးများပြန်ပြီးမြန်အောင်လုပ်နိုင်မလားဆိုပြီး ပြန်ပြီးမျှော်လင့်ချက်လေးရှိလာပါတယ်။ အဲ့ဒါနဲ့ နီးစပ်ရာသူငယ်ချင်းတွေကိုမေးကြည့်တော့ အဲ့လိုမျိုး Service တွေကို ပေးတဲ့ ဆိုင်တွေထဲမှာ iSure ကိုညွန်းပေးကြတာနဲ့ အခု iSure ကိုရောက်ချလာတာပါ။

iSure ကို မသွားခင် Facebook Page မှာကြည့်ကြည့်တော့ တခြား Apple Service ပေးနေတဲ့ဆိုတွေထက်ပိုပြီး Positive Customer Review တွေပိုများနေတယ်၊ Apple နဲ့ ပတ်သတ်တဲ့အကြောင်းအရာလည်း စုံစုံလင်လင်တင်ထားပေးတော့ ဆိုင်ကိုတော့ သွားစုံစမ်းကြည့်ဖို့ စိတ်ကူးထားလိုက်ပါတယ်။ အဲ့ဒါနဲ့ တနေ့က လစာလည်းထုတ်ပြီးတော့ MacBook လေးကို သွားကြည့်ဖို့ ဆုံးဖြတ်လိုက်ပါတယ်။

အရင်ဆုံး iSure ဆိုင်ကို ရောက်သွားတဲ့သဘောကျမိတဲ့အချက်ကတော့ နေရာပဲဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင် လူလည်းမရှုပ်တဲ့ ဗိုလ်တထောင်ဘုရားလမ်းပေါ်မှာရှိနေတာဆိုတော့ ကားရပ်ရတာလည်း အဆင်ပြေပြီးတော့ တိတ်ဆိတ်နေတာကို သဘောကျမိပါတယ်။ ဆိုင်ကလည်း အပြင်ပန်းကို သားသားနားနားလုပ်ထားတော့ မဆိုးဘူးဆိုပြီး ဆိုင်ထဲကို ဝင်ကြည့်လိုက်ပါတယ်။

ဆိုင်အတွင်းဝင်သွားတော့ တခြားဆိုင်တွေနဲ့မတူညီပဲ တည်ငြိမ်ပြီး ရိုးရှင်းတဲ့ အတွင်းပိုင်းပြင်ဆင်မှုတွေကို တွေ့ရပါတယ်။ ထိုင်စောင့်ဖို့ ဆိုဖာတွေကလည်း သေသေချာချာလုပ်ထားပြီးတော့ အဲ့ဒီမှာ မျက်စိထဲသဘောကျမိသွားတဲ့ အပင်လေးတွေစိုက်ထားပေးတဲ့ Decoration တစ်ခုကို စိတ်ဝင်စားလို့ သူငယ်ချင်းကမေးကြည့်တော့ အဲ့ဒါက iSure ဆိုင်တိုင်းမှာ ထားထားတဲ့စတိုင်တစ်ခုဆိုတာလည်း သိလိုက်ရတယ်။ ကျန်တဲ့ Apple Product တွေ ဖုန်းကာဗာတွေကတော့ ငန်းလို့ ငေးလို့ကောင်းမှကောင်းပေါ့။

ဆိုင်လေးကို သဘောကျပြီး ကြည့်မိနေပြီးမှ ကိုယ့်ကိစ္စကိုသတိရပြီး MacBook အဟောင်းလေးကို ထုတ်ပြီး Customer တစ်ယောက်စီအတွက် ပြုလုပ်ပေးထားတဲ့ Customer Service Counter လေးကို အပြေးသွားလိုက်တယ်။ အဲ့ဒီမှာမှ အမှတ်ပေးစရာ ဝန်ဆောင်မှုတွေကို ဝေမျှပေးဖို့ အကြောင်းဖန်လာပါတော့တယ်။

အရင်ဆုံးကတော့ Service ပေးတဲ့ ဝန်ထမ်းကောင်လေးတွေရဲ့ ဖော်ရွေမှုပါ။ အစကတော့ ကိုယ်ကထင်ထားတာက SSD ပြောင်းပြီးရင် ရပြီထင်ပေမယ့် ဝန်ထမ်းကောင်လေးတွေရှင်းပြမှပဲ Software နဲ့ Data တွေပြန်ပြောင်းဖို့ လိုတာကို သိရတာပါ။ အဲ့ဒါကြောင့် စိတ်ထဲတွေဝေသွားပေမယ့်လည်း ဝန်ထမ်းတွေက အစအဆုံး Service ကိုသေချာလုပ်ပေးမယ်ဆိုတော့ အပ်လိုက်မယ်ဆိုပြီး ပေးလိုက်ပါတယ်။

နောက်ဆုံး SSD ကို လဲလှယ်ပြီးလို့ စမ်းကြည့်လို့ရပြီဆိုတော့မှာ ကိုယ့် MacBook ကို ပြန်ကြည့်တော့ အပြင်ကကြည့်မှသာ ကိုယ့်ဟာမှန်းသိနိုင်တာ၊ စက်ထဲ ဝင်ကြည့်လိုက်ရော MacOS ကလည်း Update လုပ်ပြီးသား အရင်တုန်းက အခြားသိတတ်တဲ့သူတွေကို အတင်းလိုက်ပြီး သွင်းပေးခိုင်းရတဲ့ Microsoft Office တွေ၊ မြန်မာစာတွေရော သေချာသွင်းထားပြီးဖြစ်နေတာပါ။ စစခြင်း နည်းနည်းကြောင်သွားပြီး အခု Software တွေအတွက် Service ပေးဖို့ မပြောမိဘူးလို့ ပြန်ပြောတော့ အဲ့ဒီ Standard Software တွေက iSure ကို Service လာမလုပ်၊ ဘာမှမဝယ်ပဲနဲ့လည်း လိုအပ်တယ်ဆိုရင် အခမဲ့သွင်းပေးတယ်လို့ ပြန်ပြောတော့ အမှတ်ပြည့်ပေးမိပြန်ပါတယ်။ ဝန်ထမ်းကောင်လေးကပြောတာကတော့ မြန်မာနိုင်ငံမှာ MacBook သုံးတဲ့သူတွေကို ငွေကြေးအကုန်အကျမရှိပဲ Software တွေကို သုံးလို့ရအောင်လို့ ပြန်ပြောတော့ ဘာလို့များ အရင်တုန်းက iSure ကို မသိခဲ့ရလေခြင်းဆိုပြီးတော့တောင် စိတ်မကောင်းဖြစ်မိသွားပါတယ်။

SSD ပြောင်းပြီးတော့ မပြောင်းခင်က ဝန်ထမ်းတွေက ရှင်းပြသလိုပဲ အရင်ကထက် သုံးရတာ ၂ ဆ ၃ဆလောက်ပိုမြန်သွားတာကို သိရတယ်။ ပြီးတော့ စက်အဖွင့်အပိတ်ကလည်း ပိုမြန်လာတော့ စိတ်ကျေနပ်စရာပါ။ iSure က ဝန်ထမ်းကောင်လေးတွေက တခြား AutoCad တို့ Windows ပါ ပြန်တင်ပေးတဲ့ Service တွေလည်း လုပ်ပေးတယ်လို့ ပြောပေမယ့် အခုလောလောဆယ်မလိုသေးတော့ မလုပ်လာတော့ပဲ နောက်ကိုယ့်သူငယ်ချင်းတွေကိုပဲ ညွှန်းပေးတော့မယ်လို့ စိတ်ပိုင်းဖြတ်လိုက်ပါတယ်။

ကိစ္စပြီးလို့ ပြန်ဖို့အလုပ်မှာ ဝန်ထမ်းကောင်လေးက iSure တံဆိပ်နဲ့ ဖန်ရေဘူးလေး လာပေးပြီး နောက်ပိုင်း အခွင့်ကြုံရင် Apple Product ဝယ်ဖို့ပဲဖြစ်ဖြစ်၊ Service လုပ်ပေးဖို့ပဲဖြစ်ဖြစ် iSure ကို လာခဲ့ပေးဖို့ ဖိတ်ခေါ်ခဲ့ပါသေးတယ်။

ဘာပဲဖြစ်ဖြစ် သူငယ်ချင်းတွေ ဘာကြောင့် iSure ကို ညွှန်းနေကြသလဲဆိုတာကို ရောက်ပြီးမှ သေချာသိသွားပါပြီ။ နောက်မှ လစာလေးစုပြီး iPhone အသစ်လေးကို iSure မှာ ဝယ်ဖို့ အားခဲရင်းနဲ့ လောလောဆယ်မှာတော့ iSure Facebook Page ကိုပဲ 5 Stars Review လေးအရင်ရေးပေးလိုက်ပါတယ်။ iSure လိပ်စာလေးကိုလည်း အောက်မှာတင်ပေးလိုက်တယ်နော်။