ဆံကေသာအတွက် အကောင်းဆုံး အဆီတွေကတော့ သံလွင်ဆီလို့တော့ ပြောတာပါပဲ။ ဒါပေမဲ့ အမှန်တကယ်ရော ကောင်းရဲ့လား။

ဟုတ်ပါတယ်။ ကြမ်းတမ်းပျက်စီးနေတဲ့ ဆံကေသာအတွက်တော့ သံလွင်ဆီက အကောင်းဆုံးပါပဲ။ သံလွင်ဆီမှာ Antioxidants တွေ ကြွယ်ဝစွာပါဝင်တဲ့အတွက်ကြောင့် ပျက်စီးနေတဲ့ ဦးရေပြားနဲ့ ဆံကေသာကို ပြန်လည်ပြုပြင်ပေးပြီး ဆံကေသာကို အစိုဓာတ်ပြန်လည်ဖြည့်တင်းပေးမှာပဲဖြစ်ပါတယ်။

ဒါတင်မကသေးပါဘူး။ သံလွင်ဆီကို အသုံးပြုမယ်ဆိုရင် ဆံကေသာကျိုးကြေခြင်းမှ ကာကွယ်ပေးပြီး ဆံပင် အဖျားနှစ်ခွ၊ သုံးခွဖြစ်ခြင်းမှလည်း ကာကွယ်ပေးပါသေးတယ်။

ဒါဆိုရင် သံလွင်ဆီကို ဘယ်လိုအသုံးပြုရမလဲဆိုတာ ဆက်လေ့လာကြည့်လိုက်ရအောင်။

သံလွင်ဆီနှင့် ထောပတ်သီး

ထောပတ်သီးမှည့်တစ်လုံးနှင့် သဘာဝသံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း တစ်ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ အရင်ဆုံး သံလွင်ဆီကို အခွံခွာပြီး အထဲကအသားများကို လှီးဖြတ်လိုက်ပါ။ ထို့နောက် ရေအနည်းငယ်ြဖင့်ရောကာ အနှစ်ကလေးများဖြစ်သွားအောင် ပြုလုပ်လိုက်ပါ။ ထို့နောက် သံလွင်ဆီ ထည့်ပြီး ထပ်မံရောမွှေပေးလိုက်ပါ။

ရရှိလာတဲ့ အရောအနှောများကို ဦးရေပြားနှင့် ဆံကေသာတစ်ဝိုက် လိမ်းကျံပေးလိုက်ပါ။ လိမ်းကျံပြီးသွားပါက Shower Cap လေးနဲ့ ဆံပင်အုပ်ထားလိုက်ပါ။ တစ်နာရီခန့် ကြာမှ ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ရေအေးအေးလေးနဲ့ လျှော်ပေးလိုက်ပါ။ ခေါင်းခြောက်အောင် သုတ်တဲ့အခါမှာလည်း ဆံပင်လေမှုတ်စက်အသုံးမပြုဘဲ ပုဝါနဲ့ညင်ညင်သာသာသုတ်ပြီးတဲ့အခါ သဘာဝလေနဲ့ အခြောက်ခံပေးလိုက်ပါ။

ဒီနည်းလမ်းလေးကိုတော့ တစ်ပတ်မှာ ၁ ကြိမ် (သို့မဟုတ်) ၂ ကြိမ် ခန့် ပြုလုပ်ပေးရပါမယ်။

ကြက်ဥနှင့် သံလွင်ဆီ

ကြက်ဥအနှစ် ၂ လုံး၊ သဘာဝသံလွင်ဆီစစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ကို အသုံးပြုပေးရပါမယ်။ ကြက်ဥအနှစ်နဲ့ သံလွင်ဆီတို့ကို ရောနှောပြီးနောက် မွှေခလောက်ပေးလိုက်ပါ။ ထို့နောက် ဆံပင်အရင်းကနေ အဖျားအထိ သုတ်လိမ်းပေးလိုက်ပါ။ ဆံကေသာအနှံ့သုတ်လိမ်းပြီးသွားပြီဆိုရင်တော့ Shower Cap လေးနဲ့ အုပ်ထားလိုက်ပါ။

တစ်နာရီခန့် ကြာပြီးတဲ့နောက်မှာ ရေအေးအေးလေးနဲ့ ဆာလဖိတ်မပါဝင်တဲ့ ခေါင်းလျှော်ရည်အသုံးပြုပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ထို့နောက် ဆံကေသာကို စောစောကနည်းအတိုင်းပဲ သဘာဝလေနဲ့ အခြောက်ခံပေးရပါမယ်။ ဒီနည်းလမ်းလေးကို တစ်ပတ်မှာ တစ်ကြိမ်ခန့် ပြုလုပ်ပေးရင်ရပါတယ်။

သံပုယိုသီးနှင့် သံလွင်ဆီ

သံပုယိုရည် စားပွဲတင်ဇွန်း ၂ ဇွန်း၊ ရေ စားပွဲတင်ဇွန်း ၂ ဇွန်း၊ သဘာဝသံလွင်ဆီ စစ်စစ် စားပွဲတင်ဇွန်း ၂ ဇွန်းတို့ လိုအပ်ပါလိမ့်မယ်။ ပန်းကန်လုံးလေးတစ်လုံးထဲမှာ ထိုပါဝင်ပစ္စည်းများအားလုံးကို သမအောင် ရောမွှေပေးလိုက်ပါ။ ထို့နောက် ဆံကေသာနဲ့ ဦးရေပြားပေါ်သို့ သုတ်လိမ်းပေးလိုက်ပါ။

ထို့နောက် Shower Cap လေး အုပ်ထားပြီးနောက် မိနစ် ၂၀ ခန့် စောင့်လိုက်ပါ။ အချိန်ပြည့်ပြီဆိုမှ ဆာလဖိတ်မပါတဲ့ခေါင်းလျှော်ရည်နဲ့ ရေအေးအသုံးပြုပြီး ခေါင်းလျှော်ပေးလိုက်ပါ။ ဒီနည်းလမ်းကို တစ်ပတ် တစ်ကြိမ်ခန့် အသုံးပြုပေးမယ်ဆိုရင် လုံလောက်ပါတယ်။

Source: stylecraze.com