အားလုံးပဲ မင်္ဂလာပါ။ ဖွေးဖွေးလို့ဆိုလိုက်တာနဲ့ သရုပ်ဆောင်ပိုင်းမှာအလွန်ပိုင်နိုင်ပြီး ကျရာဇာတ်ရုပ်ကို ပီပြင်အောင်သရုပ်ဆောင်ပြနိုင်တဲ့ အကယ်ဒမီဆုရှင်မင်းသမီးတစ်ယောက်ဆိုတာကို အားလုံးက သိထားပြီးသားပါ။ ၂၀၁၂ ခုနှစ်တွင်တော့ လက်ပံဇာတ်ကားနဲ့ ပထမဦးဆုံးသော အကယ်ဒမီဆုကို ဆွတ်ခူးရရှိခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ကျွန်မကနှင်းဆီပါမောင် ရုပ်ရှင်ကားကြီးဖြင့် နောက်ထပ်အကယ်ဒမီဆုကို ပိုင်ဆိုင်ရရှိခဲ့ပါတယ်။

ပရိတ်သတ်များက ဖွေးစိန်လေးလို့ ချစ်စနိုးခေါ်ကြတဲ့ အကယ်ဒမီဖွေးဖွေးဟာဆိုရင် သရုပ်ဆောင်ပိုင်းမှာ အောင်မြင်မှုရရှိနေရုံသာမက သူမရဲ့ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်တတ်မှုတို့ကြောင့်လည်း အင်မတန်လူသိများလှပါတယ်။ ဘယ်လိုအချိန်၊ ဘယ်လိုနေရာမဆို လိုက်ဖက်ညီတဲ့ ဝတ်စားမှုပုံစံ၊ ဆန်းသစ်တဲ့ဖက်ရှင်အမြင်တို့ကြောင့် မြန်မာမိန်းကလေးတော်တော်များများက အထူးသဘောကျနှစ်သက်ကြပါတယ်။ ဒါကြောင့် ဖွေးစိန်လေးချစ်ရတဲ့ ပရိတ်သတ်တွေကို ဖက်ရှင်နဲ့ပတ်သက်ပြီး အမြဲ Inspire ဖြစ်စေမယ့် ဖွေးဖွေးရဲ့ဖက်ရှင်ဒီဇိုင်း (၇) မျိုးကို အခုပဲ စုစည်းဖော်ပြပေးလိုက်ရပါတယ်။

၁။ ရိုးရိုးယဉ်ယဉ်မြန်မာဖက်ရှင်လေးတွေ

၂။ ရွှေကြာဖက်ရှင်ဆန်းဆန်းလေးတွေ

၃။ ပေါ့ပါးလွတ်လပ်တဲ့ ဂါဝန်ဖက်ရှင်လေးတွေ

၎။ အမြဲတမ်းခေတ်ရှေ့ပြေးနေတဲ့ ပွဲတက်ဖက်ရှင်လေးတွေ

၅။ ခရီးသွားတဲ့အခါလည်း အမြဲစတိုင်ကျကျဝတ်တတ်သူလေးပါ

၆။ ကမ်းခြေမှာအပန်းဖြေချိန်ရော ကြည့်အုံးမလား

၇။ ဘောင်းဘီတိုလေးနဲ့လည်း ချစ်ဖို့ကောင်းနေပြန်ရော

ကဲ…ဘယ်လိုပဲကြည့်ကြည့် အမြဲဖက်ရှင်ကျကျဝတ်စားဆင်ယင်တတ်လွန်းတဲ့ ဖွေးစိန်လေးရဲ့ ဝတ်ပုံစားပုံ၊ ဒီဇိုင်းအစုံအလင်ကို ဖော်ပြပေးပြီးသွားပြီဆိုတော့ ကိုယ်လည်းလိုက်ဝတ်ဖို့ပဲကျန်တော့တယ်နော်။ ဒါပေမယ့် ဒီလိုမျိုးဖက်ရှင်ဒီဇိုင်းလေးတွေကို ကိုယ်ပဲသိမ်းထားရင်နှမျောဖို့ကောင်းလို့ ချစ်ရတဲ့ကိုယ့်ရဲ့ BFF လေးကိုပါ ပြန်လည် Share ပေးလိုက်အုံးနော်။ ပြီးရင်တော့ ဖက်ရှင်ကျနေတဲ့ နှစ်ယောက်သားရဲ့ပုံရိပ်လေးတွေကို အမှတ်တရသိမ်းထားဖို့ ဓာတ်ပုံလေးရိုက်ဖို့လည်း မမေ့နဲ့အုံးနော်။

အခုလိုမျိုး ဖက်ရှင်တွေ နဲ့ Social Media တစ်သားတည်းကျနေတဲ့ခေတ်မှာ ဖက်ရှင်ကျကျဝတ်ဆင်ပြီး BFF Goals အဖြစ်အင်တာနက်ပေါ်မှာ ပြန်လည်ဝေမျှချင်သည့်အခါပဲ ဖြစ်စေ၊ ရိုက်ကူးပြီးသိမ်းထားချင်တယ်ဆိုရင်တော့ Galaxy J7 Duo က အကောင်းဆုံးပါပဲ။

Dual Camera နဲ့ Live Focus Mode တွေက လူပုံနဲ့ နောက်ခံအကွာအဝေး၊ ပြတ်သားမှုတွေကို စိတ်တိုင်းကျ ထိန်းချုပ်နိုင်မှာဖြစ်ပြီး Gallery Mode နဲ့ Professional ဆန်တဲ့ Live Focus ပုံတွေ ရိုက်ကူးနိုင်မှာဖြစ်ပါတယ်။ ဒီလိုဓာတ်ပုံရိုက်နည်းတွေက Professional ဓာတ်ပုံဆရာတွေ DSLR ကင်မရာကို အသုံးပြုပြီး ဆန်းသစ်လှပတဲ့ ဓာတ်ပုံတွေ ရိုက်ကူးလေ့ရှိပြီး အခုဆိုရင် Smasung စမတ်ဖုန်းနဲ့လည်း ရိုက်ကူးနိုင်အုံးမှာပါ။

ဒီ Live Focus လုပ်ဆောင်ချက်နဲ့အတူ နောက်ခံဝါးအောင် ထိန်းညှိလို့ရရုံသာမက Dual-Capture လုပ်ဆောင်ချက်ကို အသုံးပြုပြီး Wide-angel နဲ့ Portrait ရိုက်ချက်တွေကိုလည်း ရိုက်ကူးပေးနိုင်မှာဖြစ်ပါတယ်။ ဓာတ်ပုံတွေရဲ့ အနေအထားကို နောက်ခံအလင်းနဲ့အရောင်တွေကို ချိန်ညှိပြီးတော့လည်း လိုအပ်သလို ပြောင်းလဲနိုင်ပါတယ်။

ကဲ…ဒါဆိုရင်တော့ ဘာစောင့်နေအုံးမလဲနော်။ အခုပဲ Galaxy J7 Duo လေးဝယ်ထားလိုက်ပြီး ကိုယ့်ရဲ့ BFF နဲ့ဖက်ရှင်ကျကျ၊ အထာကျကျပုံလေးတွေကို အတူမေ့မရနိုင်မယ့် အမှတ်တရလေးတွေသိမ်းဆည်းဖို့ သွားလေရာကို သယ်ဆောင်သွားလိုက်ပါတော့။

Photo Source: Phway Phway’s FB Page

Credit: Amazing Grace