(Zawgyi)

မ်က္လံုးက စိတ္ရဲ႕ျပတင္းေပါက္လို႔ တင္စားေျပာေလ့ရွိၾကပါတယ္။ ေယာက်ာ္းေလးေတြနဲ႔ မတူတဲ့ မိန္းကေလးေတြရဲ႕အားသာခ်က္ကေတာ့ မိမိရဲ႕မ်က္လံုးကို မိမိစိတ္ႀကိဳက္ျပင္ဆင္ျခယ္သလို႔ရတာပါပဲ။ မ်က္လံုးဝိုင္းဝုိင္းေလးပဲ ျပင္ဆင္ျခယ္သမလား၊ မ်က္လံုးပိုႀကီးတဲ့ပံုေပါက္ေအာင္ပဲ ျပင္ဆင္ျခယ္သမလား၊ လိုခ်င္တဲ့ပံုစံအမ်ိဳးမ်ိဳးကို မိတ္ကပ္အစြမ္းနဲ႔ေျပာင္းလဲလို႔ရပါတယ္။

ဒါဆိုရင္ သင့္မ်က္စိေလးကို ပိုမိုလွပအသက္ဝင္ေစမယ့္နည္းလမ္းေလးေတြက ဘာမ်ားျဖစ္မလဲ။

မ်က္လံုးအလွကို ကူညီေပးတဲ့ေနရာမွာ မ်က္ခံုးေမႊးက အေရးပါ ပါတယ္

မ်က္ခံုးေမႊးကို ထင္ထင္ရွားရွားေလးျဖစ္ေအာင္ ပံုေဖာ္ပါ။ မ်က္ခံုးေမႊးဆြဲတံ အသံုးျပဳလု႔ိလည္းရသလို ေပါင္ဒါအမႈန္႔လည္း သံုးလို႔ရတာမို႔လို႔ မိမိႀကိဳက္ႏွစ္သက္ရာကို ေရြးခ်ယ္ႏိုင္ပါတယ္။ မ်က္ခံုးေမႊးမညီမညာေပါက္ေနတယ္ဆိုရင္လည္း ရိတ္တာပဲျဖစ္ျဖစ္၊ ႏုတ္တာပဲျဖစ္ျဖစ္ျပဳလုပ္ေပးပါ။

Highlighter သံုးပါ

သင့္မ်က္ႏွာကို ေတာက္ေတာက္ေျပာင္ေျပာင္ေလးျဖစ္ေအာင္ ကူညီေပးတဲ့အရာကေတာ့ Highlighter ေလးေပါ့။ သင့္မ်က္လံုးအလွ ပိုေပၚလြင္ေအာင္ Highlighter ကို မ်က္လံုးေထာင့္အတြင္းနားေတြမွာ လိုက္ျဖည့္ေပးပါ။

ေကြးညႊတ္တဲ့ လိုင္နာဆြဲပါ

မ်က္လံုးအလွေပၚလြင္ေအာင္ ျပင္ဆင္ျခယ္သမယ္ဆိုရင္ေတာ့ လိုင္နာကေတာ့ မပါမျဖစ္ပါပဲ။ အိုင္းလိုင္နာအရည္ပဲျဖစ္ျဖစ္၊ ခဲတံပဲျဖစ္ျဖစ္၊ ဂ်ယ္၊ ဒါမွမဟုတ္ ေဆာ့ပင္၊ မိမိအားသန္ရာကို အသံုးျပဳၿပီး ျပင္ဆင္ျခယ္သဖို႔မေမ့ပါနဲ႔။ ျမွားပံုသ႑ာန္ ေကြးညႊတ္တဲ့ပံုစံက ဘယ္ေတာ့မွ ႐ိုးအီသြားေစမွာမဟုတ္ပါဘူး။

Smoky မ်က္လံုးေလးျခယ္ပါ

လိုင္နာဆြဲရတာ လက္တုန္သြားလို႔ မညီမညာျဖစ္တတ္တယ္ဆိုသူမ်ားကေတာ့ Smoky မ်က္လံုးေလးကို အစားထိုးၿပီး ျပင္ဆင္ျခယ္သေပးႏိုင္ပါတယ္။

မ်က္လံုးခဲတံ အျဖဴေရာင္ေလးကိုလည္း မေမ့ပါနဲ႔

မ်က္လံုးကို ပိုႀကီးတဲ့ပံုေပါက္ဖို႔ မ်က္လံုးအတြင္းေထာင့္နားကို မ်က္လံုးခဲတံအျဖဴေရာင္ေလးနဲ႔ ျဖည့္ေပးပါ။ မ်က္ခမ္းစပ္အတြင္းနားကိုလည္း ခဲတံေလးနဲ႔ လိုက္ျဖည့္ေပးပါ။

ေကာ့ညႊတ္ရွည္လ်ားတဲ့ မ်က္ေတာင္ေမႊး

မ်က္ေတာင္ေကာ့စက္နဲ႔ မ်က္ေတာင္ေကာ့ေဆးအသံုးျပဳၿပီး လွပတဲ့မ်က္ဝန္းတစ္စံုပိုင္ဆိုင္လိုက္ပါ။

ႏႈတ္ခမ္းနီဆုိးရင္လည္း သဘာဝက်တဲ့ Nude အေရာင္ေလးေတြ သံုးပါ

မ်က္လံုးအလွကို ေပၚလြင္ခ်င္တယ္ဆိုရင္ေတာ့ ႏႈတ္ခမ္းနီရဲရဲႀကီးေတြ၊ အေရာင္ေတာက္ေတာက္ႀကီးေတြ မဆိုးပါနဲ႔။ အေရာင္လက္လက္ေလးေတြပါတဲ့ Lip Gloss ဆိုးျခင္း၊ ဒါမွမဟုတ္ သဘာဝဆန္တဲ့ Nude အေရာင္ေလးေတြ ဦးစားေပးအသံုးျပဳပါ။

Source: Brightside.me

(Unicode)

မျက်လုံးက စိတ်ရဲ့ပြတင်းပေါက်လို့ တင်စားပြောလေ့ရှိကြပါတယ်။ ယောကျာ်းလေးတွေနဲ့ မတူတဲ့ မိန်းကလေးတွေရဲ့အားသာချက်ကတော့ မိမိရဲ့မျက်လုံးကို မိမိစိတ်ကြိုက်ပြင်ဆင်ခြယ်သလို့ရတာပါပဲ။ မျက်လုံးဝိုင်းဝိုင်းလေးပဲ ပြင်ဆင်ခြယ်သမလား၊ မျက်လုံးပိုကြီးတဲ့ပုံပေါက်အောင်ပဲ ပြင်ဆင်ခြယ်သမလား၊ လိုချင်တဲ့ပုံစံအမျိုးမျိုးကို မိတ်ကပ်အစွမ်းနဲ့ပြောင်းလဲလို့ရပါတယ်။

ဒါဆိုရင် သင့်မျက်စိလေးကို ပိုမိုလှပအသက်ဝင်စေမယ့်နည်းလမ်းလေးတွေက ဘာများဖြစ်မလဲ။

မျက်လုံးအလှကို ကူညီပေးတဲ့နေရာမှာ မျက်ခုံးမွှေးက အရေးပါ ပါတယ်

မျက်ခုံးမွှေးကို ထင်ထင်ရှားရှားလေးဖြစ်အောင် ပုံဖော်ပါ။ မျက်ခုံးမွှေးဆွဲတံ အသုံးပြုလု့ိလည်းရသလို ပေါင်ဒါအမှုန့်လည်း သုံးလို့ရတာမို့လို့ မိမိကြိုက်နှစ်သက်ရာကို ရွေးချယ်နိုင်ပါတယ်။ မျက်ခုံးမွှေးမညီမညာပေါက်နေတယ်ဆိုရင်လည်း ရိတ်တာပဲဖြစ်ဖြစ်၊ နုတ်တာပဲဖြစ်ဖြစ်ပြုလုပ်ပေးပါ။

Highlighter သုံးပါ

သင့်မျက်နှာကို တောက်တောက်ပြောင်ပြောင်လေးဖြစ်အောင် ကူညီပေးတဲ့အရာကတော့ Highlighter လေးပေါ့။ သင့်မျက်လုံးအလှ ပိုပေါ်လွင်အောင် Highlighter ကို မျက်လုံးထောင့်အတွင်းနားတွေမှာ လိုက်ဖြည့်ပေးပါ။

ကွေးညွှတ်တဲ့ လိုင်နာဆွဲပါ

မျက်လုံးအလှပေါ်လွင်အောင် ပြင်ဆင်ခြယ်သမယ်ဆိုရင်တော့ လိုင်နာကတော့ မပါမဖြစ်ပါပဲ။ အိုင်းလိုင်နာအရည်ပဲဖြစ်ဖြစ်၊ ခဲတံပဲဖြစ်ဖြစ်၊ ဂျယ်၊ ဒါမှမဟုတ် ဆော့ပင်၊ မိမိအားသန်ရာကို အသုံးပြုပြီး ပြင်ဆင်ခြယ်သဖို့မမေ့ပါနဲ့။ မြှားပုံသဏ္ဍာန် ကွေးညွှတ်တဲ့ပုံစံက ဘယ်တော့မှ ရိုးအီသွားစေမှာမဟုတ်ပါဘူး။

Smoky မျက်လုံးလေးခြယ်ပါ

လိုင်နာဆွဲရတာ လက်တုန်သွားလို့ မညီမညာဖြစ်တတ်တယ်ဆိုသူများကတော့ Smoky မျက်လုံးလေးကို အစားထိုးပြီး ပြင်ဆင်ခြယ်သပေးနိုင်ပါတယ်။

မျက်လုံးခဲတံ အဖြူရောင်လေးကိုလည်း မမေ့ပါနဲ့

မျက်လုံးကို ပိုကြီးတဲ့ပုံပေါက်ဖို့ မျက်လုံးအတွင်းထောင့်နားကို မျက်လုံးခဲတံအဖြူရောင်လေးနဲ့ ဖြည့်ပေးပါ။ မျက်ခမ်းစပ်အတွင်းနားကိုလည်း ခဲတံလေးနဲ့ လိုက်ဖြည့်ပေးပါ။

ကော့ညွှတ်ရှည်လျားတဲ့ မျက်တောင်မွှေး

မျက်တောင်ကော့စက်နဲ့ မျက်တောင်ကော့ဆေးအသုံးပြုပြီး လှပတဲ့မျက်ဝန်းတစ်စုံပိုင်ဆိုင်လိုက်ပါ။

နှုတ်ခမ်းနီဆိုးရင်လည်း သဘာဝကျတဲ့ Nude အရောင်လေးတွေ သုံးပါ

မျက်လုံးအလှကို ပေါ်လွင်ချင်တယ်ဆိုရင်တော့ နှုတ်ခမ်းနီရဲရဲကြီးတွေ၊ အရောင်တောက်တောက်ကြီးတွေ မဆိုးပါနဲ့။ အရောင်လက်လက်လေးတွေပါတဲ့ Lip Gloss ဆိုးခြင်း၊ ဒါမှမဟုတ် သဘာဝဆန်တဲ့ Nude အရောင်လေးတွေ ဦးစားပေးအသုံးပြုပါ။

Source: Brightside.me