[Zawgyi]

မ်က္ႏွာအသားအေရေပၚမွာ ညအိပ္ခါနီး Face Mask ေလးကိုကပ္ထားေပးမယ္ဆိုရင္ အသားအေရေလးကိုၾကည္လင္ၿပီး စိုေျပလာတာကိုေတာ့ လူတိုင္းသိထားၿပီးသားျဖစ္မွာပါ။ အခုေဖာ္ျပေပးခ်င္တာကေတာ့ အသားအေရမွာ Face Mask ကိုေန႔တိုင္းကပ္ေပးမယ္ဆိုရင္ ဘယ္လိုမ်ိဳးေကာင္းက်ိဴးေတြရလာမလဲဆိုတာကို ေျပာျပေပးမွာပဲျဖစ္ပါတယ္ေနာ္။

Face Mask ကို ေန႔တိုင္းအသုံးျပဳေပးမယ္ဆိုရင္ သင့္အသားအေရကို ေတာ္ေတာ္ေလးေကာင္းမြန္လာေစမွာပဲျဖစ္ပါတယ္။ Moisturizer ပါတဲ့ Face Mask ေတြကိုအသုံးျပဳေပးမယ္ဆိုရင္ သင့္မ်က္ႏွာအသားအေရကို ၾကည္လင္ၿပီးစိုေျပလာေစမွာပဲျဖစ္ပါတယ္။ ညအိပ္ခါနီးမွာ Face Mask ကိုကပ္လိုက္မယ္ဆိုရင္ မနက္မိုးလင္းတဲ့အခါမွာ အရမ္းကိုႏူးညံ့ၿပီး လွပတဲ့မ်က္ႏွာအသားအေရေလးကို ပိုင္ဆိုင္ေနမွာပါ။

မ်က္ႏွာမွာရွိေနတဲ့ အစက္အေျပာက္ေတြကိုလည္း သိသိသာသာေလ်ာ့နည္းလာေစမွာပါ။ မ်က္ႏွာအသားအေရမွာရွိေနတဲ့ ဆဲလ္ေတြကိုျပန္လည္ေကာင္းမြန္လာေစႏိုင္တာေၾကာင့္ အရင္ကထက္ပိုေကာင္းတဲ့ မ်က္ႏွာအသားအေရေလးကိုပိုင္ဆိုင္လာရမွာပဲျဖစ္ပါတယ္။

ပိုၿပီးေတာက္ပတဲ့ အသားအေရမ်ိဳးကို ပိုင္ဆိုင္လာမယ္။ အျပင္ေတြထြက္တာမ်ားလို႔ပဲျဖစ္ျဖစ္၊ မ်က္ႏွာအသားအေရေတြ ပ်က္စီးလာရင္ပဲျဖစ္ျဖစ္ Face Mask ေလးကို ေန႔တိုင္းပုံမွန္အသုံးျပဳေပးမယ္ဆိုရင္ေတာ့ ျဖဴစင္ၿပီးေခ်ာေမြ႕တဲ့အသားအေရကို ရရွိပိုင္ဆိုင္လာေစမွာပဲျဖစ္ပါတယ္။

မ်က္ႏွာမွာအသားအေရေျခာက္ေသြ႕ျခင္းေၾကာင့္ ျဖစ္တတ္တဲ့အေရးအေၾကာင္းေတြကိုလည္း ေလ်ာ့နည္းေစတာေၾကာင့္ သင့္မ်က္ႏွာမွာရွိေနတဲ့ အေရးအေၾကာင္းေတြကို သိသိသာသာပဲေလ်ာ့နည္းလာတာကို သင္ျမင္ေတြ႕ရမွာျဖစ္ပါတယ္ေနာ္။

Spa ေတြကိုတကူးတကသြားၿပီး ပိုက္ဆံအကုန္ခံေနစရာမလိုေတာ့ပဲ အိမ္မွာတင္႐ုပ္ရွင္ေလးၾကည့္ရင္းနဲ႔ မ်က္ႏွာအသားအေရကို ထိန္းသိမ္းႏိုင္တာေၾကာင့္ Busy Bee ပ်ိဳေမတို႔၊ Lazy Girl ေလးေတြအတြက္ အဆင္ေျပေစမွာပါေနာ္။

Face Mask ေတြက ေဈးကြက္ထဲမွာလည္း သင့္ေတာ္တဲ့ေဈးႏႈန္းအမ်ိဳးမ်ိဳးနဲ႔ဆိုေတာ့ လူတန္းစားမ်ိဳးစုံကိုယ္တတ္ႏိုင္သေလာက္ ပမာဏကိုဝယ္ယူသုံးစြဲလို႔ရပါတယ္။ ၿပီးေတာ့ တစ္ခ်ိဳ႕ေတြက Face Mask ေတြကို တစ္ပတ္မွာ ႏွစ္ႀကိမ္ေလာက္ပဲသုံးၾကတာမ်ားပါတယ္။ ဒီလိုမဟုတ္ပဲ တစ္ပတ္ေလာက္ ေန႔တိုင္းနီးပါးသုံးေပးမယ္ဆိုရင္ေတာ့ သင့္အသားအေရကို အရင္ကထက္ပိုေကာင္းလာတာကို သိသိသာသာျမင္ေတြ႕ရမွာပဲျဖစ္ပါတယ္။

Photo Source: Pinterest

[Unicode]

မျက်နှာအသားအရေပေါ်မှာ ညအိပ်ခါနီး Face Mask လေးကိုကပ်ထားပေးမယ်ဆိုရင် အသားအရေလေးကိုကြည်လင်ပြီး စိုပြေလာတာကိုတော့ လူတိုင်းသိထားပြီးသားဖြစ်မှာပါ။ အခုဖော်ပြပေးချင်တာကတော့ အသားအရေမှာ Face Mask ကိုနေ့တိုင်းကပ်ပေးမယ်ဆိုရင် ဘယ်လိုမျိုးကောင်းကျိူးတွေရလာမလဲဆိုတာကို ပြောပြပေးမှာပဲဖြစ်ပါတယ်နော်။

Face Mask ကို နေ့တိုင်းအသုံးပြုပေးမယ်ဆိုရင် သင့်အသားအရေကို တော်တော်လေးကောင်းမွန်လာစေမှာပဲဖြစ်ပါတယ်။ Moisturizer ပါတဲ့ Face Mask တွေကိုအသုံးပြုပေးမယ်ဆိုရင် သင့်မျက်နှာအသားအရေကို ကြည်လင်ပြီးစိုပြေလာစေမှာပဲဖြစ်ပါတယ်။ ညအိပ်ခါနီးမှာ Face Mask ကိုကပ်လိုက်မယ်ဆိုရင် မနက်မိုးလင်းတဲ့အခါမှာ အရမ်းကိုနူးညံ့ပြီး လှပတဲ့မျက်နှာအသားအရေလေးကို ပိုင်ဆိုင်နေမှာပါ။

မျက်နှာမှာရှိနေတဲ့ အစက်အပြောက်တွေကိုလည်း သိသိသာသာလျော့နည်းလာစေမှာပါ။ မျက်နှာအသားအရေမှာရှိနေတဲ့ ဆဲလ်တွေကိုပြန်လည်ကောင်းမွန်လာစေနိုင်တာကြောင့် အရင်ကထက်ပိုကောင်းတဲ့ မျက်နှာအသားအရေလေးကိုပိုင်ဆိုင်လာရမှာပဲဖြစ်ပါတယ်။

ပိုပြီးတောက်ပတဲ့ အသားအရေမျိုးကို ပိုင်ဆိုင်လာမယ်။ အပြင်တွေထွက်တာများလို့ပဲဖြစ်ဖြစ်၊ မျက်နှာအသားအရေတွေ ပျက်စီးလာရင်ပဲဖြစ်ဖြစ် Face Mask လေးကို နေ့တိုင်းပုံမှန်အသုံးပြုပေးမယ်ဆိုရင်တော့ ဖြူစင်ပြီးချောမွေ့တဲ့အသားအရေကို ရရှိပိုင်ဆိုင်လာစေမှာပဲဖြစ်ပါတယ်။

မျက်နှာမှာအသားအရေခြောက်သွေ့ခြင်းကြောင့် ဖြစ်တတ်တဲ့အရေးအကြောင်းတွေကိုလည်း လျော့နည်းစေတာကြောင့် သင့်မျက်နှာမှာရှိနေတဲ့ အရေးအကြောင်းတွေကို သိသိသာသာပဲလျော့နည်းလာတာကို သင်မြင်တွေ့ရမှာဖြစ်ပါတယ်နော်။

Spa တွေကိုတကူးတကသွားပြီး ပိုက်ဆံအကုန်ခံနေစရာမလိုတော့ပဲ အိမ်မှာတင်ရုပ်ရှင်လေးကြည့်ရင်းနဲ့ မျက်နှာအသားအရေကို ထိန်းသိမ်းနိုင်တာကြောင့် Busy Bee ပျိုမေတို့၊ Lazy Girl လေးတွေအတွက် အဆင်ပြေစေမှာပါနော်။

Face Mask တွေက ဈေးကွက်ထဲမှာလည်း သင့်တော်တဲ့ဈေးနှုန်းအမျိုးမျိုးနဲ့ဆိုတော့ လူတန်းစားမျိုးစုံကိုယ်တတ်နိုင်သလောက် ပမာဏကိုဝယ်ယူသုံးစွဲလို့ရပါတယ်။ ပြီးတော့ တစ်ချို့တွေက Face Mask တွေကို တစ်ပတ်မှာ နှစ်ကြိမ်လောက်ပဲသုံးကြတာများပါတယ်။ ဒီလိုမဟုတ်ပဲ တစ်ပတ်လောက် နေ့တိုင်းနီးပါးသုံးပေးမယ်ဆိုရင်တော့ သင့်အသားအရေကို အရင်ကထက်ပိုကောင်းလာတာကို သိသိသာသာမြင်တွေ့ရမှာပဲဖြစ်ပါတယ်။

Photo Source: Pinterest