ဆေးထိုးတာလည်းမဟုတ်ပါဘူး။ အချစ်လျော့သွားအောင်လို့ တွန်းတာလည်းမဟုတ်ပါဘူး။ သင်တို့နှစ်ယောက်ရဲ့ Relationship အကြောင်းကို စာရေးသူထက် သင်ကိုယ်တိုင်က ပိုသိပါတယ်။ ဒီဆောင်းပါးထဲကအချက်တစ်ချက်ကို ဖတ်မိတိုင်းဖတ်မိတိုင်း ရင်ဘတ်ထဲစူးခနဲနေအောင် နာကျင်သွားရမယ်။

သင့်ချစ်သူရဲ့လုပ်ရပ်တစ်ခုခုကို စိတ်ကူးထဲပြန်ပေါ်လာခဲ့မယ်ဆိုရင်တော့ … သေချာပါတယ်။ သူသင့်ကို တကယ်မချစ်တော့ပါဘူး။

၁။ တစ်နေ့တစ်ခါတောင် အဆက်အသွယ်မလုပ်ဘူး

Source: Thought Catalog

ရှင်းပါတယ်။ တစ်နေ့နေလို့ တစ်ခါတောင်အဆက်အသွယ်မလုပ်နိုင်တဲ့သူက သင့်ကိုမချစ်တဲ့သူပါပဲ။ စဉ်းစားကြည့်လေ။ ဒီလောက်ဆက်သွယ်ရေးကောင်းလွန်းနေတဲ့ အင်တာနက်ခေတ်ကြီးထဲမှာ တစ်မြို့တည်းနေပြီး သင့်ကို Message လေးတစ်စောင်လောက်ပို့ဖို့တောင် အချိန်မရဘူးဆိုတာကတော့ မဖြစ်သင့်ပါဘူး။ ရေခြား၊ မြေခြား၊ နိုင်ငံရပ်ခြား၊ တောထဲ၊ တောင်ထဲရောက်နေရင်တော့ တစ်မျိုးပေါ့။ ကိုယ့်ကိုချစ်တဲ့သူက တစ်နေ့တစ်ကြိမ်လောက်တော့ ပုံမှန်ဆက်သွယ်မှာပါပဲ။

၂။ သင့်ပြဿနာက သူ့ပြဿနာမဟုတ်ဘူး

Source: Mens Magazine<

ယောကျာ်းတွေဟာ သူတို့ချစ်တဲ့စိတ်ကုန်သွားရင် တစ်ကိုယ်ကောင်းသိပ်ဆန်တတ်ကြပါတယ်။ ဘယ်လောက်ပဲသင်ဒုက္ခတွေနဲ့ ကြုံနေရ၊ ကြုံနေရ သူတို့ပြဿနာမဟုတ်သလိုပဲ နေတတ်ကြပါတယ်။ သူတို့ကတော့ အပြစ်လွတ်အောင်ပြောမှာပါပဲ။ မင်းကိုသန်မာစေချင်လို့၊ ကိုယ်အလုပ်မအားလို့၊ တွေးခေါ်တတ်စေချင်လို့စသဖြင့် သကာရည်လောင်းပြီး ဆင်ခြေတွေပေးပါလိမ့်မယ်။ မယုံပါနဲ့။ အဲဒါချောက်နက်ကြီးပါ။

၃။ သင်မကြိုက်တဲ့ အခြားတစ်ယောက်နဲ့ အချိန်ကုန်နေမယ်

Source: DailyHellas

သင့်ကိုမချစ်တော့ဘူးဆိုမှတော့ သင့်ခံစားချက်တွေကိုလည်း အလေးမထားတော့ပါဘူး။ ဘယ်လောက်ပဲ အဲဒီလူနဲ့အဆက်အသွယ်မလုပ်ဖို့ပြောပြော၊ သင်ဘယ်လောက်ပဲ နာကျင်နေရ၊ နာကျင်နေရ သူတို့တွေကတော့ ပျော်ပျော်ကြီးအချိန်ဖြုန်းနေကြပါလိမ့်မယ်။ သွားပြောရင်တော့ သင်ကိုနားလည်မှုမရှိတဲ့မိန်းမ၊ ချုပ်ခြယ်တတ်တဲ့မိန်းမဆိုပြီးတော့ပဲ ခေါင်းစဉ်တပ်ပါလိမ့်မယ်။

၎။ အတွေးလွန်လာလိမ့်မယ်

Source: tinhtuy.org

ကိုယ့်ကိုချစ်တဲ့ယောကျာ်းတစ်ယောက်က ကိုယ့်အတွေးတွေရှပ်ထွေးလာအောင် ဘယ်တော့မှမလုပ်ပါဘူး။ သံသယရတွေကြားထဲမှာ အတွေးပေါင်းသောင်းခြောက်ထောက်နဲ့ အအိပ်ပျက်၊ အစားပျက်အောင်လည်း ဘယ်တော့မှ လွှတ်မထားပါဘူး။ “မင်းတစ်ယောက်တည်း အတွေးလွန်နေတာပါကွာ” လို့လည်း ပြီးစလွယ်မပြောပါဘူး။ ဖြေရှင်းမရတဲ့ပုစ္ဆာတွေကို ကူအဖြေမထုတ်ပေးဘဲ ဒီတိုင်းပစ်ထားတတ်တဲ့ယောကျာ်းမျိုးက သင့်ကိုတကယ်မချစ်တဲ့ ယောကျာ်းမျိုးပါပဲ။

၅။ ငါမင်းကိုမချစ်တော့ဘူး

Source: Elite Daily

“ငါမင်းကိုမချစ်တော့ဘူး” ဆိုပြီး သူ့စိတ်ခံစားချက်အတိုင်း ရဲရဲဝင့်ဝင့်ပြောထွက်တဲ့ယောကျာ်းမျိုးနဲ့တွေ့ရင်တော့ သင်ကံကောင်းတာပါပဲ။ မဟုတ်ဘဲအပေါ်ကပြောခဲ့တဲ့အချက်တွေပဲဆက်တိုက်လုပ်နေပြီး သင့်စိတ်ကိုဝေခွဲမရဖြစ်အောင်လုပ်နေမယ်ဆိုရင်တော့ ကြာလာလေလေ စိတ်ဖီစီးမှုရလာလေလေတွေဖြစ်ပြီး ယုံကြည်ချက်တွေပါပျောက်ဆုံးလာနိုင်တာမို့ သေချာစဉ်းစားပြီး ဆုံးဖြတ်ချက်ချပါ။ သူ့ဘက်က မပြတ်သားသေးရင် ကိုယ့်ဘက်က ပြတ်သားပေးလိုက်ပါ။

Featured image source: Elite Daily