MyStyle Myanmar ပရိတ်သတ်များအားလုံးပဲ မင်္ဂလာပါနော်။

ဒီတစ်ခါမှာတော့ တောင်ကိုရီးယားနိုင်ငံမှ လူသိများပြီး အလွန်နာမည်ကျော်ကြားတဲ့ ညီအမနှစ်ယောက်အကြောင်းကို တင်ဆက်ပေးချင်ပါတယ်။ ပရိတ်သတ်များကတော့ သူတို့ညီအမနှစ်ယောက်ကို ရေခဲမင်းသမီးလေးတွေလို့ ချစ်စနိုးခေါ်ကြပေမယ့်လည်း ညီအစ်မနှစ်ယောက်စုံရင်တော့ ကလေးလေးတွေလိုပါပဲ။ သူတို့ကတော့ Jessica နဲ့ Krystal တို့ပဲဖြစ်ပါတယ်။

Jessica ရဲ့ နာမည်အရင်းကတော့ Jung Soo-yeon ဖြစ်ပြီး မွေးသက္ကရာဇ်ကတော့ ၁၉၈၉ ခုနှစ်၊ ဧပြီလ ၁၈ ရက်ဖြစ်ပါတယ်။ အသက် ၂၉ နှစ်ရှိပြီဖြစ်တဲ့ Jessica ဟာ ညီအမနှစ်ယောက်မှာ အကြီးဖြစ်ပြီး တောင်ကိုရီးယားမှ နာမည်ကြီးအဖွဲ့တစ်ခုဖြစ်သည့် Girls’ Generation အဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကိုယ်ပိုင်ဖက်ရှင်လုပ်ငန်းတစ်ခုကို ဦးစီးလုပ်ဆောင်လျက်ရှိပြီး တစ်ဖက်မှလည်း အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေဆဲပါ။

နာမည်အရင်း Soo Jung ဖြစ်တဲ့ Krystal ကိုတော့ ၁၉၉၄ ခုနှစ်၊ အောက်တိုဘာ ၂၄ ရက်နေ့မှာ မွေးဖွားခဲ့ပြီး ညီအမနှစ်ယောက်မှာ အငယ်ဖြစ်သူပါ။ ၂၀၀၉ ခုနှစ်မှာ f(x) အဖွဲ့ဝင်တစ်ဦးဖြစ်လာခဲ့ပြီး High Kick 3, The Heirs, My Lovely Girl, The Bride Of Habaek နှင့် Wise Prison Life တို့ကဲ့သို့ နာမည်ကြီးဇာတ်လမ်းတွဲများတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး လက်ရှိအချိန်မှာတော့ ပရိတ်သတ်များရဲ့ အားပေးမှုကို လက်ခံရရှိထားပါတယ်။

ညီအမနှစ်ယောက်လုံးကိုတော့ ဆန်ဖရန်စစ္စကို၊ ကယ်လီဖိုးနီးယားပြည်နယ်မှာ မွေးဖွားကြီးပြင်းခဲ့တာဖြစ်ပြီး ၂၀၀၀ ခုနှစ်အစောပိုင်းတွင် တောင်ကိုရီးယားနိုင်ငံသို့ မိသားစုနဲ့အတူခရီးထွက်ခဲ့ရာမှ S.M. Entertainment မှ ခေါ်ယူမှုကြောင့် တောင်ကိုရီးယားသို့ ပြောင်းရွှေ့လာခဲ့ကြပါတယ်။

နယ်ပယ်တစ်မျိုးစီမှာ အောင်မြင်မှုအသီးသီးရရှိထားတဲ့ Jung ညီအမနှစ်ဦးဟာဆိုရင် ခပ်တည်တည်နေလွန်းတာကြောင့် ရေခဲမင်းသမီးလေးတွေလို့ နာမည်တွင်ပေမယ့်လည်း တစ်ယောက်နဲ့တစ်ယောက်အရမ်းချစ်ကြသူတွေပါ။ အဆိုပိုင်းမှာသာမက ဖက်ရှင်ကိုလည်း ၀တ်စားတတ်လွန်းတာကြောင့် မိန်းကလေးပရိတ်သတ်တွေ အားကျနေရသူနှစ်ဦးပါ။ ဒါကြောင့် Jung ညီအမနှစ်ဦးရဲ့ ပရိတ်သတ်များအတွက် နှစ်ဦးသားပုံရိပ်လေးတွေကို ဖော်ပြပေးလိုက်ရပါတယ်။

Photo Source: Pinterest