ကျစ်လစ်လှပတဲ့ ကိုယ်ထည်၊ ပြောင်လက်တောက်ပသော အရောင်အသွေး၊ Display Ratio 19:9 ရှိသည့် FullView Display တို့ဖြင့် မြန်မာပြည် မိုဘိုင်းလ်ဈေးကွက်အတွင်းကို ၂၀၁၈ မတ်လအတွင်းက ရောက်ရှိခဲ့တဲ့ Huawei Nova 3e ပန်းရောင်ဟာဆိုရင် အချိန်တိုအတွင်းမှာပဲ ပစ္စည်းပြတ်သွားတဲ့အထိကို အလွန်ရောင်းအားကောင်းခဲ့ပါတယ်။ ဒီလိုမျိုး ပျိုမေတို့ အလွန်သဘောကျအကြိုက်တွေ့ခဲ့တဲ့ Huawei Nova 3e ပန်းရောင်ဟာဆိုရင်တော့ မေလ ၁၅ ရက်နေ့ဝန်းကျင်မှာ ဈေးကွက်အတွင်းကို ပြန်လည်ရောက်ရှိလာတော့မှာဖြစ်လို့ အခုကတည်းက ၀ယ်ယူဖို့ အသင့်စောင့်မျှော်နေနိုင်ပါပြီ။ 

Nova 3e ဟာဆိုရင် ဈေးနှုန်းအသင့်အတင့်ရှိရုံသာမက High End ဖုန်းတွေမှ ပါဝင်တတ်တဲ့ Features၊ Specifications တွေနဲ့ အများကြီး မကွာခြားအောင် ထုတ်လုပ်ထားပါတယ်။ လူငယ်တွေ အထူးအကြိုက်တွေ့မယ့် Full View Display , လှပတဲ့ ရုပ်ထွက် နဲ့ အရောင် ၊ မနိမ့်တဲ့ Specifications တွေနဲ့အတူ ပေါင်းစပ်ထုတ်လုပ်ထားလို့ ပစ္စည်းပျက်တဲ့အထိ ရောင်းအားကောင်းခဲ့တာ မဆန်းပါဘူးနော်။  EMUI 8.0 ပါရှိပြီး Fast Charging ပါဝင်တာကြောင့် ဖုန်းအားကို အချိန်တိုတိုနဲ့မြန်မြန် သွင်းနိုင်မှာဖြစ်လို့ ဖုန်းကို အကြာကြီး စိတ်အေးလက်အေး သုံးစွဲနိုင်ပြီပေါ့။

5.84 လက်မရှိ Full-HD ဖန်သားပြင်က ပိုမိုကျယ်ပြန့်ပြီးတော့ ကြည်လင်ပြတ်သားပြီး ကိုယ်ထည်ကျစ်ကျစ်လစ်လစ်ရှိတာကြောင့် ကိုင်တွယ်အသုံးပြုရအလွန်လွယ်ကူမှာပါ။ စာဖတ်ခြင်း၊ ဂိမ်းကစားခြင်း၊ ဗီဒီယို ကြည့်ရှုခြင်း နှင့် အင်တာနက်စာမျက်နှာများ ကြည့်ရှုခြင်းတို့တွေမှာလည်း ပိုမိုအဆင့်မြင့်မားလာတာကိုလည်းတွေ့ရပါတယ်။

Huawei Nova 3e ဝယ်ယူသူများမှ Telenor Sim Card အား ဖုန်း၏ Sim Slot 1 တွင်ထားရှိပြီး ကျပ် ၅,၀၀၀ ဖိုး ဖုန်းငွေဖြည့်သွင်းလျင် အင်တာနက်ဒေတာ 1GB ၊ ကျပ် ၁၀,၀၀၀ ဖိုး ဖုန်းငွေဖြည့်သွင်းလျင် အင်တာနက်ဒေတာ 2GB အခမဲ့ ရရှိမည့် အထူးအစီအစဉ်ကိုလည်း ထည့်သွင်းပေးထားပါသေးတယ်။

ပရိုမိုးရှင်းအတွက် ဦးစွာအနေနဲ့ အခြားဖုန်းနံပါတ်တစ်ခုကိုဖုန်းခေါ်ဆိုပြီး ထိုဖုန်းနံပါတ်မှနေ၍ ဖုန်းခေါ်ဆိုမှုကို လက်ခံရပါမယ်။ ထိုပရိုမိုးရှင်းကိုတော့ ဧပြီလ ၂၀ ရက်နေ့ မှ စတင်အသုံးပြုနိုင်ပြီဖြစ်ကာ သုံးစွဲနိုင်သည့် ပရိုမိုးရှင်းကာလမှာ ၁ နှစ်ဖြစ်ပါတယ်။ ဤပရိုမိုးရှင်းအစီအစဉ်ကို ရက် ၃၀ လျှင် ၁ ကြိမ် အသုံးပြုနိုင်မည်ဖြစ်ပြီး အများဆုံး ၁၂ ကြိမ်အထိ အကျိုးခံစားခွင့် ရရှိသွားမှာပါ။

Huawei Logo ပြောင်းလဲခြင်း

Huawei ၏ ယခင် Logo တွင် Shades များပါဝင်ပေမယ့်လည်း အသစ်ပြောင်းလဲသွားသော Logo တွင်တော့ Shade လုံးဝမပါဝင်တော့ပါဘူး။ Logo အရောင်မှာလည်း ပိုပြီးတောက်ပသော နီရဲရဲအသွင်သို့ ပြောင်းလဲလိုက်ပြီး ပိုမိုနက်ရှိုင်းကျယ်ပြန့်သည့် အနက်အဓိပ္ပာယ်ကို ကိုယ်စားပြုနေပါတယ်။ နှစ်ပေါင်းများစွာတိုင် ဈေးကွက်အတွင်းမှာ ခိုင်ခိုင်ခံ့ခံ့ရပ်တည်လျက်ရှိသည့် Huawei ဟာဆိုရင် Logo အသစ်ပြောင်းသွားတာနဲ့အညီ ပိုမိုခေတ်မီဆန်းပြားပြီး အရည်အသွေးစစ်မှန်ပြည့်ဝသော ကုန်ပစ္စည်းများကို မိတ်ဆက်ပေးဖို့ အသင့်ဖြစ်နေဆဲပါ။