မကြာသေးခင်က မိတ်ဆက်ခဲ့တဲ့ HUAWEI nova 3 နဲ့ nova 3i ကတော့  AI  ပါဝင်တဲ့ အကောင်းဆုံးသော Selfie Device အဖြစ် နည်းပညာအသိုင်းအ၀ိုင်းတစ်ခုလုံးက ချီးမွမ်းဂုဏ်ပြုနေကြပါပြီ။ ဖက်ရှင်ဆန်ဆန် ကာလာဆန်း ဒီဇိုင်း တွေနဲ့ သာလွန်ကောင်းမွန်တဲ့ AI ကင်မရာလေးလုံးပါဝင်မှုက လူငယ်တိုင်းအသည်းခိုက်မယ့် Features တွေပဲဖြစ်ပါတယ်။

AI ခေတ်သစ်လမ်းမကို ဦးတည်ဖောက်လုပ်နေတဲ့  HUAWEI ဟာ သူတို့ရဲ့ထုတ်ကုန်သစ်မှာ အကောင်းမွန်ဆုံးသော AI နည်းပညာတွေကို ထည့်သွင်းပေးနိုင်ခဲ့ပါတယ်။ nova 3 နဲ့ nova 3i ရဲ့ AI စွမ်းဆောင်ချက်တွေနဲ့ အခြားသောအဆင့်မြင့်တင်မှုတွေက အားလုံးရဲ့ နေ့စဉ်ဘ၀ကို အဆင်ပြေချောမွေ့စေရုံသာမက ပေါ့ပါးတက်ကြွတဲ့ဘ၀ကို ရရှိစေမယ်လို့ရည်ညွန်းပါရစေ။

ပရိုဆန်ဆန် ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်တဲ့ AI ကင်မရာလေးလုံး

ဖုန်းနှစ်လုံးလုံးရဲ့ ရှေ့မျက်နှာပြင်ကင်မရာစွမ်းဆောင်ချက်တွေက သာမန်ထက် ကောင်းမွန်လွန်းနေပြီး AI နည်းပညာပါ ထပ်တိုးထားတဲ့အတွက် ဆယ်ဖီပုံတွေရိုက်ကူးရာမှာ သင်လုံးဝမထင်မှတ်ထားလောက်တဲ့အထိ စိတ်ကျေနပ်မှုအပြည့်အ၀ ပေးစွမ်းနိုင်မှာပါ။ nova 3 မှာ 24MP f/2.0 Aperture High Resolution နှင့် 2MP Sensor ပါဝင်တဲ့ ကင်မရာနှစ်လုံးပါပြီး  nova 3i မှာတော့ 24 MP နှင့် 2 MP ရှိတဲ့ ကင်မရာတို့ ပါဝင်ပါတာကြောင့် Bokeh Effect လို့ခေါ်တဲ့ Portrait အလန်းစားတွေကို ကြည်လင်ပြတ်သားစွာရိုက်ကူးနိုင်မှာပါ။

 နောက်ကင်မရာအနေနဲ့ nova 3 မှာ 24MP Monochrome Sensor နှင့် 16MP RGB Senor ကိုမှ f/1.8 ကျယ်တဲ့ Aperture 6p Lenses ပါဝင်ပြီး nova 3i မှာတော့ 16MP နှင့် 2MP ရှိသည့် နောက်ကင်မရာတွေ အသီးသီးပါဝင်ပါတယ်။ ဒါ့ကြောင့်  ဒီဖုန်းလေးရှိနေရင် ဖက်ရှင်နယ် ကင်မရာမန်းလေးအနားမှာရှိနေသလိုပါပဲ။

အလင်းရောင်နည်းတဲ့အမှောင်ထဲမှာတောင် ပရိုဖက်ရှင်နယ်ကင်မရာနဲ့ရိုက်ထားသလို ဓာတ်ပုံတွေကို ရရှိစေနိုင်တဲ့အဆင့်မြင့်နည်းပညာ

အမှောင်ထဲမှာ ရိုက်ကူးမယ်ဆိုရင်တောင် ကောင်းမွန်တိကျပြတ်သားတဲ့ ဓာတ်ပုံတွေကို ရရှိစေမှာဖြစ်ပြီး HDR Effect ကိုပါ ခံစားထိတွေ့နိုင်မှာဆိုတော့ ညအမှောင်ထဲမှာလည်း တကယ်ကိုလန်းတဲ့ပုံကောင်းကောင်းတွေရရှိနိုင်လို့ တနေ့တာလုံးအတွက် အဖော်မွန်ကောင်းတစ်ယောက်ပါ။ 

 

အလင်းအမှောင်ကိုကောင်းကောင်းချိန်ဆပေးနိုင်သော 3D Portrait Dynamic Lighting Effects ငါးမျိုးအထိ ပါဝင်တဲ့အတွက် အသုံးပြုသူတွေကို အနုပညာဆန်တဲ့ဖျော်ဖြေမှုတွေ ပေးစွမ်းနိုင်မှာတော့ ဧကန်ပါပဲ။ ဒါ့အပြင်  ဓာတ်ပုံရိုက်ကူးလိုက်သည်နှင့်တစ်ပြိုင်နက် HUAWEI nova 3 ဟာ မျက်နှာကို ချိန်ဆမှုတွေစတင်လုပ်ဆောင်ပြီး 3D ပုံစံအဖြစ်ကူးပြောင်းစေပြီး လိုအပ်တဲ့နေရာတွေကို အလင်းဖြည့်ပေးတာကြောင့် အံ့မခမ်းဖွယ်ဓာတ်ပုံရိုက်ကူးမှုအတွေ့အကြုံကို ရစေမှာပါ။

ဒီပုံတွေကတော့ အမှောင်ထဲမှာ စမ်းရိုက်ထားတဲ့ ပုံလေးတွေပဲဖြစ်ပါတယ်။

 လူကြိုက်များမဲ့ အခြားစမတ်ဖုန်းတွေထက်သာလွန်ပြီး တမူထူးခြားတဲ့ AI Selfie နည်းပညာ

အခြားစမတ်ဖုန်းမှာပါရှိတဲ့ ကင်မရာလုပ်ဆောင်ချက်တွေထက် အထူးသာလွန်သွားတဲ့ အချက်ကတော့ nova 3 ကော 3i မှာ လူနဲ့နောက်ဆုံး Background နဲ့ တွဲရိုက်တဲ့အခါ ရိုက်ကူးသူရဲ့ မျက်နှာတစ်ခုတည်းကိုပဲ Focus ထားပြီး လှအောင်လုပ်ပေးတာမျိုးမဟုတ်ဘဲ ရိုက်ကူးသူကော နောက်ခံကိုပါ ထင်ထင်ရှားရှားဖြစ်အောင် ကာလာများကို ရုပ်လုံးပိုကြွအောင် တွဲစပ်ပေးနိုင်တာပဲဖြစ်ပါတယ်။

ဒါ့ကြောင့် ကမ်းခြေမှာ ရိုက်တာပဲဖြစ်ဖြစ် ပန်းခင်းကြီးကိုပဲ နောက်ခံတာပဲဖြစ်ဖြစ် ရှုခင်းလှလှလေးတွေနဲ့ တွဲရိုက်တဲ့အခါ နေရာဒေသနဲ့ အလိုက်ဖက်ဆုံးဖြစ်အောင် အလင်းအမှောင်၊အရောင်တွေကို ချိန်ညှိပေးလို့ ပရိုဖက်ရှင်နယ်ဆန်ဆန် ဓာတ်ပုံတွေကို ရရှိနိုင်မှာပါ။ ဒါဟာ nova 3 နဲ့ 3i တွေရဲ့ အရှေ့ကင်မရာတွေရဲ့ AI စနစ်ဖြစ်တဲ့ ကောင်းကင်၊ ကမ်းခြေ၊ အပင်၊ ညအလင်းအမှောင်၊ စတိတ်စင်၊ ပန်း၊ အခန်းအတွင်းရိုက်ကူးမှု၊ နှင်း အစရှိတဲ့ အမျိုးအစားပေါင်း ၈ မျိုးရဲ့ မတူညီတဲ့ အခြေအနေ ၂၀၀ ကျော်ကို ခွဲခြားသိမြင်နိုင်တဲ့ AI စနစ်ကြောင့်ဖြစ်ပါတယ်။ နောက်ကင်မရာမှာဆိုရင်လည်း အမျိုးအစားပေါင်း ၂၂ မျိုးကို Recognize လုပ်နိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင် HUAWEI nova 3 နဲ့ nova 3i ဟာဆိုရင် အရှေ့ကင်မရာမှာ AI Scene Recognition ပါဝင်တဲ့ ပထမဆုံးသော HUAWEI ဖုန်းတွေဖြစ်ပါတယ်။

ပိုမိုကျယ်ပြန့်တဲ့ Display နဲ့ မြင့်မားတဲ့ Resolution

nova 3 နဲ့ nova 3i တို့ရဲ့ မျက်နှာပြင်လက်မက 6.3” ရှိတဲ့အတွက် ဗီဒီယိုကြည့်ရာတွေ၊ ဂိမ်းဆော့ရာတွေမှာ အဆင်ပြချောမွေ့စေမှာပါ။ မျက်နှာမြင်အချိုးအစားကတော့ 18:9 အချိုးအစားထက် ပိုမိုကျစ်လစ်သိပ်သည်းတဲ့ 19.5: 9 Full Hd Pannel Plus ပါဝင်တာဖြစ်ပါတယ်။ Notch ပါဝင်ပြီး ဖုန်းနှစ်လုံးလုံးတွင် ချောမွေ့မှုကို ခံစားနေစေရန်အတွက် အရှေ့အနောက် မှန်ကွေး များဖြင့် ပြုလုပ်ထားတာဖြစ်ပါတယ်။ ဖုန်းနှစ်လုံးလုံးရဲ့ Built Quality နဲ့ ဒီဇိုင်းကာလာအနေအထားတွေက သင့်ကို  Flagship ဖုန်းတစ်လုံးကိုင်ဆောင်ရတဲ့ ခံစားမှုမျိုးရစေမှာဖြစ်ပြီး လူအများကြားမှာ ထင်ပေါ်စေနိုင်မှာပါ။

လူငယ်ကြားမှာရေပန်းစားနေတဲ့ Slow Motion Video တွေကိုပါရိုက်ကူးနိုင်တဲ့ Function

ဖက်ရှင်ဆန်ဆန် စတိုင်ကျကျ အရောင်နဲ့ ဒီဇိုင်း 

ထူးခြားချက်အနေနဲ့တော့ nova 3 နဲ့ nova 3i နှစ်ခုလုံးမှာ Gradient အရောင်ဖြစ်တဲ့ Iris Purple ပါဝင်လာတာပါပဲ။ ခရမ်းရောင်ပြေးအရောင်လေးဟာ တမူဆန်းပြားနေပြီး လူငယ်တွေအကြိုက်တွေ့မှာတော့ ပြောစရာမလိုတော့ဘူးနော်။  nova 3 ကို အထူး Gradient အရောင်ဖြစ်တဲ့ Iris Purple ၊ အနီ နှင့် အနက် အစရှိတဲ့ အရောင်သုံးရောင်ဖြင့် ဝယ်ယူနိုင်မည်ဖြစ်ပြီး nova 3i ကိုတော့ Iris Purple ၊ အဖြူ နှင့် အမည်းဆိုပြီး အရောင် သုံးရောင်ဖြင့် ဝယ်ယူရရှိနိုင်မှာဖြစ်ပါတယ်။ nova 3 နဲ့ nova 3i နှစ်ခုလုံးဟာ ကျစ်လစ်သော ဖန်ကိုယ်ထည် လှပသော ဒီဇိုင်းကာလာအနေအထားတွေနဲ့ ပွဲထွက်လာတာဖြစ်ပါတယ်။ Flagship ဖုန်းတစ်လုံးကိုင်ဆောင်ရတဲ့ ခံစားမှုမျိုးရစေမှာဖြစ်ပြီး သင့်ကို လူအများကြားမှာ ထင်ပေါ်စေနိုင်မှာပါ။

သာလွန်ကောင်းမွန်တဲ့ စမတ်ဖုန်းလုပ်ဆောင်ချက်

 

HUAWEI ရဲ့အဆင့်မြင့် ကိုယ်ပိုင် Chipset ဖြစ်တဲ့ Kirin 970 ကို nova 3 မှာ အသုံးပြုထားပြီး Kirin 710 ကိုတော့ nova 3i မှာထည့်သွင်းအသုံးပြုထားပါတယ်။ ထို့ကြောင့် နေ့စဉ်အသုံးပြုမှုတွေမှာ လျှင်မြန်ချောမွေ့နေမှာဖြစ်ပြီး Graphic မြင့်တဲ့ ဂိမ်းတွေကစားရမှာလည်း Gpu Turbo ပါဝင်တဲ့အတွက် ကောင်းကောင်းမွန်မွန်၊ သွက်သွက်လက်လက်နဲ့ကစားနိုင်မှာပါ။ ဒါ့အပြင် Storage သိုလှောင်နိုင်စွမ်းဟာ 128 GB အထိပါဝင်တဲ့အတွက် ဓာတ်ပုံ ၊ ဗီဒီယိုပေါင်းများစွာကို သိမ်းဆည်းနိုင်မှာပါ။ ဖုန်းနှစ်လုံးလုံးဟာ Android 8.1 ကို အခြေခံထားတဲ့ EMUI 8.2 နဲ့ ပွဲထွက်လာမှာဖြစ်ပါတယ်။

nova 3 နှင့် 3i ကိုဝယ်ယူလိုတယ်ဆိုရင်တော့ ၂၀၁၈၊ ဇူလိုင်လ ၂၄ ရက်နေ့မှ သြဂုတ်လ ၃ရက်နေ့ အတွင်း Pre-order တင်ထားနိုင်မှာဖြစ်ပြီး  Pre-order မှာယူသူများအတွက် ထီး၊ Gift Box နှင့် 10000 mAH Power Bank များကို လက်ဆောင် ပေးအပ်သွားမှာဖြစ်ပါတယ်။ ဒါ့အပြင် nova 3 သို့မဟုတ် nova 3i ၁၈လုံးကို ကံစမ်းနိုင်ဦးမယ်လို့သိရပါတယ်။ ဈေးနှုန်းအားဖြင့် nova 3 ကို မြန်မာကျပ်ငွေ ၅၅၉ ,၀၀၀ ဖြင့်လည်းကောင်း၊ nova 3i ကို မြန်မာကျပ်ငွေ ၃၅၉,၀၀၀ ဖြင့်လည်းကောင်း ဝယ်ယူနိုင်မှာဖြစ်ပါတယ်။