Selfie ဆိုတဲ့ စကားလုံးက အခုခေတ်မှာ ရင်းနှီးပြီးသားစကားလုံးတစ်ခုဖြစ်နေမှာပါ။ Facebook, Viber လိုမျိုး Social Media တွေအသုံးများလာတာနဲ့အမျှ ကိုယ့်ရဲ့ နေ့စဉ်လှုပ်ရှားမှုတွေ၊ အမှတ်တရတွေကို Selfie ဓါတ်ပုံလှလှလေးတွေရိုက်ကူးပြီး အမှတ်တရအနေနဲ့ သိမ်းထားတတ်ကြတာလူတိုင်းပဲဖြစ်မှာပါ။

အခုလောလောဆယ်မှာတော့ လူငယ်တွေအများစုကပဲ Selfie ရိုက်ရတာကို ဝါသနာပါပြီး ဖုန်းဝယ်ယူတဲ့အခါမှာလည်း Selfie Camera ကောင်းမကောင်းဆိုတာက အရေးကြီးတဲ့အချက်တစ်ခုအနေနဲ့ ထည့်သွင်းစဉ်စားလာကြတာပဲဖြစ်ပါတယ်။ အဲ့ဒီတော့ စမတ်ဖုန်းတစ်လုံးဝယ်ယူမယ်ဆိုရင် Selfie Camera ကောင်းကောင်းမကောင်းဆိုတာကို ဘယ်လိုဆုံးဖြတ်ကြမလဲ?

အရင်ဆုံးအနေနဲ့ လူအများစုစဉ်းစားကြတာက ကင်မရာတစ်ခုကောင်းတယ်လို့ ပြောဖို့က Camera Megapixels များပြားဖို့ အဓိကလိုအပ်မှာဖြစ်ပါတယ်။ အခုခေတ်ကြီးထဲမှာ Selfie ရိုက်ရတာ ကြိုက်နှစ်သက်သူတွေကို 5MP ပဲပါတဲ့ ဖုန်းဆိုရင် Selfie ပုံကောင်းကောင်းတွေထွက်လာဖို့ ခဲယဉ်းတယ်လို့တောင်ပြောလို့ရနေပါပြီ။ 8MP လောက်ပါဝင်တဲ့ဖုန်းဆိုရင်တော့ မဆိုးဘူးလို့ ပြောလို့ရတဲ့ Selfie ပုံတွေကို ရိုက်ကူးနိုင်ပေမယ့် 13MP လောက်ရှိတဲ့ Camera နဲ့ Selfie ဆွဲလိုက်ရင် အကောင်းဆုံးပုံတွေကို ရရှိမှာက အသေအချာပါပဲ။

နောက်တစ်ချက် စဉ်းစားသင့်တာကတော့ အခုနောက်ပိုင်း ခေတ်စားလာတဲ့ Portrait Mode လို့ ခေါ်တဲ့ DSLR Camera ကြီးတွေနဲ့ ရိုက်ကူးထားသလိုမျိုး နောက်ခံ Background ကို ဝေဝါးပေးပြီး ကိုယ် Focus ထားထားတဲ့သူကိုပဲ ဓါတ်ပုံထဲမှာ ထင်းနေစေတာမျိုးဖြစ်ပါတယ်။ အခုလို Portrait Mode ကို ရိုက်ကူးဖို့ကြတော့ Dual Camera ရှိတဲ့ဖုန်းအများစုပဲ ရိုက်ကူးနိုင်သေးးတာဖြစ်ပြီးတော့ အခုအချိန်မှာ စမတ်ဖုန်းအများစုက Dual Camera ကို ဖုန်းရဲ့ နောက်ကျောဘက်မှာပဲ တပ်ဆင်ထားတဲ့အတွက် Selfie ရိုက်ကူးချင်တဲ့သူတွေအတွက်ကတော့ Portrait Mode နဲ့ ရိုက်ကူးနိုင်တဲ့ဖုန်းတွေကရှားပါးနေပါသေးတယ်။

Selfie ချစ်သူတွေအတွက် အကောင်းဆုံးဖြစ်မယ့် စမတ်ဖုန်းကို အခုအချက်နှစ်ချက်နဲ့ စဉ်းစားကြည့်ရင် ကိုက်ညီနေတဲ့ စမတ်ဖုန်းတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ HUAWEI ကနေ အသစ်ထုတ်လုပ်ထားတဲ့ nova 2i စမတ်ဖုန်းပဲဖြစ်ပါတယ်။ HUAWEI nova 2i ဖုန်းကတော့ ဈေးနှုန်းအရလည်း ၃ သိန်းဝန်းကျင်ပဲရှိသလို ကင်မရာကလည်း (၄) လုံးတောင်ပါတယ်ဆိုတော့ ဓါတ်ပုံရိုက်ရတာနှစ်သက်တဲ့သူတွေအကြိုက်ဖြစ်စေမှာပါ။

HUAWEI ရဲ့ ကင်မရာ (၄) လုံးက ဘာတွေလဲဆိုရင် ပုံမှန်အနောက်ကင်မရာကိုလည်း 16MP အပြင် 2MP Camera တစ်ခုတပ်ထားတဲ့အပြင် အရှေ့ Selfie Camera ကလည်း 13MP နဲ့ 2MP Camera ၂ လုံးဆိုတော့ ဘယ်ကင်မရာကပဲဖြစ်ဖြစ် လှပတဲ့ဓါတ်ပုံတွေကို ရိုက်ကူးနိုင်ဦးမှာပါ။ နောက်ပြီး Selfie Camera မှာလည်း Beauty Effect တွေ၊ Watermark ၊ Sticker တွေနဲ့ Filters တွေအစုံပါဝင်နေသေးပါတယ်။ နောက်ပြီး ညအမှောင်ထဲမှာ ရိုက်ဖို့ Selfie Light လည်း ပါပါသေးတယ်။

ဒါပေမယ့် ဖုန်းတစ်လုံးကောင်းမွန်ဖို့က Selfie Camera တစ်ခုထဲနဲ့ မပြည့်စုံသေးပါဘူး။ ဖုန်းရဲ့ စွမ်းဆောင်ရည်ကောင်းမွန်ဖို့ကလည်း လိုအပ်ပါသေးတယ်။ အဲ့ဒီအတွက် HUAWEI nova 2i ဖုန်းမှာ Kirin 659 Octa Core Processor, RAM 4GB နဲ့ Storage ကလည်း 64GB ပါဝင်တဲ့အတွက် စွမ်းဆောင်ရည်ပိုင်းအရလည်း မြင့်မားတယ်လို့ ပြောလို့ရပါတယ်။

အဲ့ဒီတော့ တကယ်လို့ Selfie ကောင်းကောင်းရိုက်ကူးနိုင်တဲ့ဖုန်းတစ်ခုကို ရှာဖွေနေတယ်ဆိုရင် HUAWEI nova 2i စမတ်ဖုန်းကို အကြံပြုလိုက်ပါရစေ။