[Zawgyi]
A အုပ်စု
B အုပ်စု
C အုပ်စု
[Unicode]
လက်ချောင်းလေးတွေရဲ့ ပုံစံက သင့်အကြောင်းကို အများကြီးပြောပြနေတယ်ဆိုတာ သင်သိပါသလား။ ကြားရတာ နည်းနည်းလေးရယ်ချင်စရာဖြစ်ပြီး မယုံကြည်နိုင်စရာဖြစ်တယ်ဆိုပေမယ့်လည်း စာဖတ်သူတို့ကို အပျော်သဘောအနေနဲ့ တင်ပြပေးလိုက်ပါတယ်နေ်ာ။
လက်သန်းလေးတွေကိုကြည့်လိုက်ပါ။ သင့်လက်သန်းလေးတွေက လက်သန်းကြွယ်ရဲ့ ပထမလက်ဆစ်နဲ့ တပြေးညီဖြစ်နေတာ ဒါမှမဟုတ် ကျော်နေတာ ဒါမှမဟုတ် အောက်ရောက်နေတာဆိုပြီး ၃ မျိုးခွဲခြားလို့ရပါတယ်။
A အုပ်စု
သင်ဟာ အရမ်းကိုပွင့်လင်းတဲ့သူတစ်ယောက်မဟုတ်သလို သင့်ရဲ့ စိတ်ခံစားချက်တွေကို အလွယ်တကူ မျှဝေတတ်တဲ့သူမဟုတ်ပါဘူး။ သင်ဟာ အမြဲတမ်း သင့်ကိုယ်သင်ထက် ပိုပြီး သန်မာအောင် စိတ်ဓါတ်ခိုင်မာအောင် အမြဲကြိုးစားသူတစ်ယောက်ဖြစ်ပါတယ်။
သင်ဟာ စိတ်ခံစားမှုလွယ်တဲ့သူတစ်ယောက်ဖြစ်ပါတယ်။ လိမ်ညာတာ လျှို့ဝှက်တာ မရိုးသားတွေကို ရွံမုန်းသူတစ်ဦးဖြစ်ပါတယ်။
သင့်ကို လူတွေက နည်းနည်းမာနကြီးတယ်လို့လူတွေက သိကြပါတယ်။
ဒါပေမယ့် သင့်ဟာ အရမ်းကြင်နာတတ်ပြီး တခြားသူကို ကူညီတတ်သူပါ။ သင့်ကို ပေးအပ်လာတဲ့တာဝန်တွေကို မကြိုက်ဘူးဆိုရင်တောင် ဆုံးခန်းတိုင်အောင် လုပ်ဆောင်မယ့်သူဖြစ်ပါတယ်။
ရယ်မောပျော်ရွှင်ရတာကိုကြိုက်နှစ်သက်တဲ့သူဖြစ်ပါတယ်။ ယျေဘုယျအားဖြင့်တော့ သင်နဲ့ မရင်းနှီးသူတွေကို အေးစက်စက်ဘဲ ဆက်ဆံတတ်သူဖြစ်ပေမယ့် သင့်မိတ်ဆွေ မိသားစုဝင်အပေါ်မှာတော့ တွယ်တာလွန်းသူဖြစ်ပါတယ်။
B အုပ်စု
လက်သည်းက လက်သန်းကြွယ်လက်ဆစ်ထက် ကျော်နေတယ်ဆိုရင်တော့ သင်ဟာ တခြားသူကို စပြီး ချည်းကပ်ရမှာ ခင်ရမှာကို ဝန်လေးသူတစ်ဦးဖြစ်ပါတယ်။
သင်ဟာ သစ္စာရှိသူတစ်ဦးဖြစ်ပြီး လူတစ်ယောက်ကို ချစ်မိပြီဆိုရင် သူ့အပေါ်မှာပဲ သင့်ရဲ့ အာရုံတွေ အားလုံးကို ပုံထားသူပါ။
လက်တွဲဖော်နဲ့ပတ်သတ်လို့ sensitive ဖြစ်သူတစ်ဦးဖြစ်ပါတယ်။ တခြားသူရဲ့ ခစားချက်တွေကို မသိသလို ဂရုမစိုက်သလို ဟန်ဆောင်တတ်လို့ လူတွေက သင့်အပေါ် အမြဲအထင်လွဲလေ့ရှိပါတယ်။ တစ်ခုခုကို စပြီးလုပ်လိုက်ပီဆိုရင်လည်း ဆုံးခန်းတိုင်အောင် အမြဲတမ်းလုပ်ဆောင်တတ်သူတစ်ဦးဖြစ်ပါတယ်။
သင်ဟာ နာကျင်ရမှာကြောက်တဲ့သူပါ။ တခြားသူတွေက သင့်ကို တစ်ယောက်တည်းနေတာ ပြည့်စုံနေပြီး ဘယ်သူမှမလိုဘူးလို့ တွေးစေချင်တဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ဘဝလက်တွဲဖော်ကို ရှာဖွေဖို့ စိတ်ကူးရှိသူပါ။
တစ်ခုခု စိတ်မကျေမနပ်ဖြစ်တာ အရမ်းနာကျင်ခံစားရတာတဲ့အခါမှာလည်း အရမ်းကိုတည်ငြိမ်လွန်းသူပါ။
C အုပ်စု
လက်သန်းက လက်သန်းကြွယ်ပထမ လက်ဆစ်ထက် ပိုတိုနေတယ်ဆိုရင်တော့ သင်ကို စိတ်မကျေမနပ်ဖြစ်စေတဲ့အရာတွေကို အလွယ်တကူမေ့ဖျောက်နိုင်သူတစ်ဦးဖြစ်ပါတယ်။ အမုန်းအာဃတတရားကို လက်ခံမထားတဲ့သူပါ။
တခြားသူတွေရဲ့ ထင်မြင်ယူဆချက်တွေကို လေးစားတဲ့သူတစ်ဦးဖြစ်ပါတယ်။ သင့်ရဲ့ ခံစားချက် ပြဿနာေွနဲ့ပတ်သတ်လို့ သင်ဟာ ပွင့်ပွင့်လင်းလင်းပြောပြတတ်သူမဟုတ်ဘဲ သင်တစ်ယောက်တည်းသာ ကျိတ်မှိတ်ခံစားသူတစ်ဦးဖြစ်ပါတယ်။ သင်ကြိုက်တဲ့အရာ မကြိုက်တဲ့အရာတွေကိုခွဲခြားပြီး တန်းတန်းမတ်မတ်လုပ်ဆောင်တတ်သူဖြစ်ပါတယ်။ သင့်ကို ယုံတဲ့သူတွေ သင့်ဖက်မှာရှိနေတဲ့သူတွေကို သင်ရုစိုက်တတ်သူတစ်ဦးပါ။
အားလုံးမဟုတ်တောင် အချက်လေးတစ်ခုလောက် တိုက်ဆိုင်ရင် Comment လေးရေးခဲ့ပါဦးနော်။
Source: BrightSide